Social Media များစွာထဲမှ Instagram ကိုလည်းမေ့ထားလို့ မရပါဘူး။ တစ်ကမ္ဘာလုံးမှာ Instagram ကို လစဉ်အသုံးပြုသူ ဦးရေ ၁ဘီလီယံ ရှိနေပါတယ်။ Instagram မှာသင့်လုပ်ငန်းကို ကြော်ငြာမယ်ဆိုရင်တော့ လိုအပ်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Customer အများကြီးဆီ ရောက်နိုင်ခြင်း
Instagram ကိုလစဉ်သုံးစွဲသူ ၁ ဘီလီယံ ရှိနေတာကြောင့် မိမိလုပ်ငန်းရဲ့ကြော်ငြာကို Customer များစွာဆီကိုရောက်ရှိနိုင်ပါတယ်။
၂။ Storytelling ကို အဓိကထားခြင်း
Customer တွေက ဇာတ်လမ်းပုံပြင်တွေကို ပိုပြီးစိတ်ဝင်စားလေ့ရှိပါတယ်။ Instagram မှာက Storytelling ကို အဓိကထားတာကြောင့် ကိုယ်ကြော်ငြာချင်တဲ့ ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုကို storytelling နဲ့ လူတိုင်းစိတ်ဝင်စားအောင် ကြော်ငြာလို့ရပါတယ်။
၃။ Engagement ပိုကောင်းခြင်း
Instagram က Social channel တွေထဲမှာ average engagement အကောင်းဆုံးchannel ဖြစ်တာကြောင့် ကိုယ့်ရဲ့ကြော်ငြာက engagement ပိုကောင်းလာစေမှာပါ။
သင့်လုပ်ငန်းကို သတင်းစာမှာ ကြော်ငြာထည့်ဖို့ လိုအပ်တဲ့ အချက်(၅)ချက်
၎။ Visual Content ပြုလုပ်နိုင်ခြင်း
စာချည်းပဲရေးတင်တဲ့ content တွေထက် ပုံနဲ့တင်တဲ့ Visual Content တွေက ၆၅၀% ပိုပြီး engagement ကောင်းတာကိုတွေ့ရပါတယ်။ ဒါကြောင့် Instagram က Visual Content လုပ်ဖို့ အကောင်းဆုံး platform တစ်ခုပါ။
၅။ Feedback တွေကို အလွယ်တကူသိနိုင်ခြင်း
Instagram က ကိုယ့် brand နဲ့ပတ်သတ်တဲ့ Feedback တွေကို hashtag နဲ့ လွယ်လွယ်ကူကူ ရှာဖွေနိုင်တာကြောင့် ဆောင်ရန်ရှောင်ရန်အချက်တွေကိုလည်း အချိန်နဲ့တစ်ပြေးညီသိနိုင်မှာ ဖြစ်ပါတယ်။
၆။ ပြိုင်ဘက်တွေကို လေ့လာနိုင်ခြင်း
ပြိုင်ဘက်တွေရဲ့ ဈေးကွက်ချဲ့ထွင်ရေးနည်းလမ်းတွေကို Instagram မှာလေ့လာနိုင်တာကြောင့် သင့်လုပ်ငန်းအတွက် လုပ်ဆောင်ရမယ့် နည်းလမ်းတွေကို အလွယ်တကူသိရှိနိုင်ပါတယ်။