Brand တွေ၊ Shop တွေကနေ တင်ထားတဲ့ပို့စ်ကို ကိုယ်က Love လေးနှိပ်လိုက်ယုံနဲ့ ပုံပေါ်မှာ ကြေငြာထားတဲ့ ပစ္စည်းရဲ့ တန်ဖိုး၊ အရွယ်အစား၊ အရောင်တို့ကို တစ်ခါတည်းရွေးချယ်ပြီး Checkout Instagram နှိပ်လိုက်ယုံပါပဲ။ဒီလိုဝယ်ယူနိုင်ဖို့ အတွက် လိုအပ်တဲ့အချက်အလက်တွေကတော့ နာမည်၊ Email၊ Billing Information နဲ့ ပို့ရမယ့်လိပ်စာကို ထည့်သွင်းပြီး တစ်ခါတည်း ၀ယ်နိုင်ပါတယ်။
ပထမတစ်ကြိမ် အော်ဒါဝယ်ယူပြီးတာနဲ့ နောက်တစ်ကြိမ်ဝယ်ယူတဲ့အခါမှာ အော်ဒါတွေအတွက် အချက်အလက်တွေကို လုံခြုံစွာ Save ထားပေးမှာဖြစ်ပြီး ရောက်မယ့်အချိန်နဲ့ သယ်ယူပို့ဆောင်လမ်းကြောင်းကိုတော့ Instagram မှာ Notification ပြပေးမှာပဲဖြစ်ပါတယ်။ ဒါဆိုရင်တော့ ပစ္စည်းဝယ် ငွေချေအဆင့်ပြီးသွားပြီဖြစ်ပါတယ်။
အကောင်းဆုံးသော ကြော်ငြာစာသားတွေကို ဘယ်လို ရွေးချယ်ကြမလဲ
ဒီ Checkout Instagram feature ကိုတော့ တစ်ခြား Business တွေမှာ အသုံးပြုလို့မရသေးပေမယ့် US မှာတော့ အသုံးပြုနေကြပါပြီဖြစ်ပါတယ်။ ဒီလို Features မျိုး ဘယ် Social Platform မှာမှ မတွေ့ဖူးခဲ့ပေမယ့် Instagram ကတော့ တစ်ခါတည်းဈေးဝယ်လို့ရတဲ့ Function အသစ်ကို ပထမဦးဆုံးအနေဖြင့် မိတ်ဆက်တာပဲဖြစ်ပါတယ်။
Instagram ဟာဆိုရင် Facebook လိုပဲ အသုံးပြုသူအများအပြားရှိနေပြီဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေ တော်တော်များများကလည်း သူတို့ရဲ့ကုန်ပစ္စည်းတွေကို Instagram မှာကြော်ငြာနေကြပါပြီ။ ၂၀၁၇ ခုနှစ်မှာဆိုရင် Instagram ကို လစဉ်အသုံးပြုသူဦးရေ 700 Million ရှိပြီး ၂၀၁၈ ခုနှစ်မှာဆိုရင်တော့ Instagram ရဲ့ လစဉ်အသုံးပြုသူဦးရေ 800 Million ရှိခဲ့ပါတယ်။
Source; In Mai Kha
Myanmar Advertising Directory