Digital Marketing

Instagram မှ Bumble နဲ့အပြိုင် campaign စတင် လုပ်ဆောင်

Read 1674 times
Instagram မှ Bumble နဲ့အပြိုင် campaign စတင် လုပ်ဆောင်

 

၂၀၂၀ အောက်တိုဘာလ တစ်လ လုံးမှာ ဗြိတိန်ရှိနာမည်ကြီး လူမည်းများ ကို တစ်ယောက်ပြီး တစ်ယောက်မီးမောင်းထိုးပြကာ ၎င်းတို့ရဲ့ IGTV ဆိုတဲ့ video တွေကြည့်ရှုနိုင်တဲ့ နေရာမှာတင်မှာဖြစ်ပါတယ်။အဆိုပါ Campaign ကို အောက်တိုဘာလ ၁ ရက် နေ့ကနေ စတင်မှာဖြစ်ပြီး အခုဆိုရင် နာမည်ကျော်သူများဖြစ်တဲ့ အနုပညာရှင် Ashley Walters နဲ့ ဂျာနယ်လစ် Afua Hirsch တို့စတင် လှုပ်ရှားထားပြီဖြစ်ပါတယ်။

 

Walters ပြောပြခဲ့တာကတော့ The Walking Dead ရုပ်ရှင်ကားထဲက လူမည်း မင်းသား Lennie James နဲ့ ပတ်သတ်ပြီးပြောကြားခဲ့တယ် ထို့အပြင် သူ့အနုပညာ လောက ကို လူမည်းတစ်ယောက်အနေနဲ့ ဖြတ်သန်းခဲ့တာတွေကို ပြောပြခဲ့တယ်။ထို့အပြင် Storm Damage ဆိုတဲ့ ပြဇာတ်အတွက်သူ့ကို ဌားတာကို ပြောပြခဲ့ထို့နောက်အသားအရောင်မည်မျှပင်ကွာခြားပါစေ ကိုယ့်ဘ၀ကိုယ်ကောင်းအောင်တည်ဆောက်ဖို့လမ်းကြောင်းမှန်ဖို့ပြောကြားခဲ့တယ်။

 

ယနေ့ခေတ်လူမည်း လူငယ်များအတွက် သူတို့ ဘ၀ Role Model ရဖို့ ရည်ရွယ်ပြီး ဗြိတိန် နိုင်ငံမှာ ဖြတ်သန်းကုန်ဆုံးနေတဲ့လူမည်းများရဲ့ ခေတ်မှီဘ၀ကို မြင်သာအောင် Instagram မှ ပြသတဲ့ Campaign ဖြစ်ပြီး လူမည်းတိုင်းရဲ့ ကိုယ်ပိုင်ဘ၀ အစိတ်အပိုင်းလေးတွေကို မြင်သာအောင် Share တယ်သိရပါတယ်။

 

ထို Campaign ကို နောက် ဆက်လက် ပါဝင်မဲ့ သူတွေကတော့ လူမည်း ဟာသ သရုပ်ဆောင် Dane Baptiste ၊ နာမည်ကြီး စာရေးဆရာ Yomi Adegoke ၊ ဖက်ရှင် ဒီဇိုင်းနာ Walé Adeyemi တို့ဖြစ်ပြီး ၎င်းတို့ အဖွဲ့အစည်းမျာအား #ShareBlackStories သို့ ပါဝင်နိုင်ရန် ဖိတ်ကြားထားပြီသိရပါတယ်။

 

လောလော လတ်လတ်က မှ လူငယ်လူလတ်ပိုင်းသုံး Bumble က My love is black love နာမည်ရှိတဲ့Campaign ကို စတင် လုပ်ဆောင်ထားတာဖြစ်ပြီး သူတို့ အနေနဲ့ Gen Y ၊ Gen Z တွေကို ရည်ရွယ်ထားတာတွေ့ရပါတယ် အခုဆို Instagram ကလည်း Gen Y ၊ Gen Z တွေကို ရည်ရွယ်ပြီး Campaign ကို လုပ်ဆောင်ပုံရပါတယ်။

 

Ref : The Drum