Global

Like အရေအတွက် ကြည့်လို့မရအောင် Instagram ပြုလုပ်

Read 1862 times
Like အရေအတွက် ကြည့်လို့မရအောင် Instagram ပြုလုပ်

(Social Influencer တွေကိုတော့ မဆိုလိုပါဘူးနော်) ကိုယ့်ဓာတ်ပုံက သူ့တို့လောက် Like မရဘူးဆိုပြီး စိတ်ဓာတ်ကျဖူးလား၊
ဒါမှမဟုတ် စိတ်ဓာတ်ကျနေတဲ့ သူငယ်ချင်းတွေ ရှိကြလား။

ကျန်းမာရေးဆိုင်ရာလေ့လာချက်တွေအရတော့ ဒါဟာ ဒီလိုဖြစ်ရပ်တွေကြောင့် အသုံးပြုသူရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုတာ အသေအချာပါပဲ။

Facebook က ပိုင်ဆိုင်တဲ့ နာမည်ကျော် Instagram ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ကိုယ့်ရဲ့ဓာတ်ပုံတွေမှာ Like ဘယ်လောက်ရသလဲဆိုတာကို ကြည့်လို့မရအောင် လုပ်လိုက်ပါပြီ။ ဒါပေမဲ့ တကမ္ဘာလုံးက user တွေကို လုပ်တာ မဟုတ်သေးဘဲ သြစတြေးလျ၊ ဘရာဇီးလ်၊ ကနေဒါ၊ အိုင်ယာလန်၊ အီတလီ၊ ဂျပန် နဲ့ နယူးဇီလန် နိုင်ငံတွေမှာ အရင် ဆုံး လုပ်ခဲ့တာပါ။

Video Camera Hire/ Operators (ဗီဒီယိုကင်မရာဌားရမ်းခြင်းလုပ်ငန်းများ(၃၇၉)

Instagram က တာဝန်ရှိသူတွေကတော့ အခုလိုလုပ်လိုက်ခြင်းအားဖြင့် အသုံးပြုသူတွေဟာ ကိုယ့် ရဲ့ ဓာတ်ပုံမှာ Like ဘယ်လောက်ရသလဲ၊ ဘယ်လောက် ပေါ်ပြူလာဖြစ်သလဲ ဆိုတာကို တွေးပူနေစရာမလိုတော့ဘဲ စိတ်ချမ်းသာနိုင်မယ်လို့ ဆိုလိုက်ပါတယ်။

Instagram ရဲ့ CEO ဖြစ်တဲ့ Adam Mosseri က ‘ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေကို သူတို့ရဲ့ ဓာတ်ပုံ Like ဘယ် လောက်ရသလဲဆိုတာပေါ်မှာပဲ အာရုံမစိုက်စေချင်ပါဘူး။ သူတို့ချစ်ခင်တဲ့သူတွေနဲ့ ပိုပြီး ဆက်သွယ်စေချင်တာပါ’ လို့ ဆိုခဲ့ပါတယ်။

Internet Marketing လောကမှာ အရေးကြီးတဲ့ Social Media Relationship

Credit - Shwe Mom