Global

Instagram နဲ့ WhatsApp ကို နာမည်ပြောင်းတော့မယ့် Facebook

Read 2181 times
Instagram နဲ့ WhatsApp ကို နာမည်ပြောင်းတော့မယ့် Facebook

အခုတော့ Facebook က အဲဒီ Apps တွေကို သူပိုင်ကြောင်း လူတွေသိစေဖို့ နာမည်တွေကို ပြောင်းတော့မယ်လို့ အတည်ပြုလိုက်ပါတယ်။ မကြာခင်မှာတော့ Instagram ကို “Instagram from Facebook “ နဲ့ WhatsApp ကို “ WhatsApp from Facebook” လို့ ခေါ်ကြရတော့မှာပါ။ နာမည်ပြောင်းမယ့်အချိန်ကို ကုမ္ပဏီကအတိအကျ မပြောသေးပါဘူး။

Facebook က Instagram နဲ့ WhatsApp ဝန်ထမ်းတွေကို နာမည်ပြောင်းမယ့်အကြောင်းကို အသိပေးထားပြီးပါပြီ။ Facebook က နာမည် ဘယ်လိုပြောင်းပြောင်း လူတွေကတော့ နှုတ်ကျိုးနေမှာသေချာပါတယ်။ Instagram နဲ့ WhatsApp လို့ပဲ ခေါ်ကြမှာပါ။ Facebook က အဲဒီ Apps တွေကို နာမည်ပြောင်းလိုက်လို့ အကျိုးကျေးဇူးရမယ်လို့ မထင်ပါဘူး။

Facebook ဟာ သတင်းအမှားတွေ၊ အကြမ်းဖက်ဝါဒတွေ၊ သုံးစွဲသူဒေတာတွေ မလုံခြုံမှုတွေ၊ ရွေးကောက်ပွဲ ရလဒ်တွေကို ကမောက်ကမဖြစ်အောင် လုပ်တာတွေကြောင့် ကမ္ဘာအဝန်းမှ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ သုံးစွဲသူတွေရဲ့ ဝေဖန်မှုများစွာကို ရင်ဆိုင်နေရပါတယ်။ နာမည်ပြောင်းလိုက်တာကြောင့် အဲဒီအရိပ်မည်းတွေဟာ Instagram နဲ့ WhatsApp မှာ ကပ်ညိလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

Read More>>> လုပ်ထားရမယ့် SWOT Analysis

Credit; Digital Times