Global

Intel မှ လိုဂို ပြောင်းလဲခြင်း

Read 2414 times
Intel မှ လိုဂို ပြောင်းလဲခြင်း

 

Intel ကို အဝိုင်းလေးထဲမှာ ထည့်ရေးတဲ့ လိုဂိုကို ကွန်ပျူတာ ချစ်ပ် အပြားတွေပေါ်မှာ တွေ့ခဲ့ရပါတယ်။ အတွေ့များခဲ့တာက တော့ ၂၀၀၆ ခုနှစ်က ပြောင်းလဲခဲ့တဲ့ Intel ရဲ့ သုံးကြိမ်မြောက် ပြောင်းလဲထားတဲ့ Logo ပါ။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Intel မှ စျေးကွက်မြှင့်တင်ရေး အရာရှိချုပ် Karen Walker ရဲ့ ပြောကြားချက် အရ ၎င်းတို့ Brand ဟာ အရင်ကနဲ့ မတူတော့ပါဘူး ၎င်းတို့ထုတ်လုပ်တဲ့ နည်းပညာတွေကလည်း ပိုခေတ်မီလာတယ်၊ပြောင်းလဲလာတယ်။ ဒါ့ကြောင့် လိုဂိုကိုပါ ပြောင်းလဲလိုက်တာလို့ သိရပါတယ်။

 

Intel's new logo is its first since 2006

 

တကယ်တမ်းမှာ အခု လိုဂို အသစ်ဟာ ပြီးခဲ့တဲ့ လိုဂိုနဲ့ များများစားစား ပြောင်းလဲခြင်းတော့ မရှိပါဘူး နဂို" i "လေးနဲ့ တူနေပါသေးတယ်။ ထို့အပြင် ၎င်းတို့ Brand ရဲ့ အထိမ်းအမှတ် အရောင်ဖြစ်တဲ့ အပြာရောင်ကို ထည့်သွင်းထားပါသေးတယ်။ ခေတ်မီအောင် ဒီဇိုင်းလေး အနည်းငယ်သာ ပြောင်းလဲသွားတာလို့ ဆိုနိုင်ပါတယ်။

 

အဆိုပါလိုဂိုကို မြင်လိုက်တာနဲ့ နဂိုနဲ့ မတူ ပြောင်းလဲသွားတာကို မြင်ရမယ်။ Intel (INTC) မှာ အမှတ်တံဆိပ်သုံးခုရှိခဲ့တယ်။ ၁၉၆၉ ခုနှစ်မှာ ပထမ မူလထုတ်လွှတ်သည့်လိုဂို ၊ ၁၉၉၁ ခုနစ်တွင် ထုတ်တဲ့ လိုဂိုနှင့် ၂၀၀၆ ခုနှစ်က လိုဂို အပါအဝင် လိုဂို ၃ ခုရှိခဲ့ဖူးပါတယ်။

 

Myanmar Advertsing Guide