Interview


Read 3190 times

 



 






 



 




 

Outdoor advertising ရဲ့ ၂၀၂၀ မှာ ခေတ်စားလာမည့် အချက် ( ၉ ) ချက်




 



 



 



 



 





<<unicode>>

 

New Life Advertising Group မှ တည်ထောင်သူ မငယ်ငယ်ထွေး နှင့် အင်တာဗျူး

==============================================

ဒီတစ်ခါမှာတော့ Myanmar Advertising Directory ကြော်ငြာလုပ်ငန်းပိုင်းဆိုင်ရာတွေကို စိတ်ပါဝင်စားတဲ့ ပရိသတ်ကြီးအတွက် New Life Advertising Group ရဲ့တည်ထောင်သူ မငယ်ငယ်ထွေး နဲ့ တွေ့ဆုံကာ မေးခွန်းလေး အနည်းငယ် မေးမြန်းဖြစ်ခဲ့ပါတယ်။

မငယ်ငယ်ထွေး ဟာ ဆိုရင်တော့ Media လောက မှာ သူမ ၁၀ တန်းအောင်ပြီးချိန်ကတည်းကလုပ်ကိုင်ခဲ့သူ ဖြစ်ပြီး ထိုမှတစ်ဆင့် ယခုကဲ့သို့သော ကြော်ငြာပိုင်းဆိုင်ရာလုပ်မှာ သူမ ဝါသနာ အရ အခြေစိုက်လုပ်ကိုင်ခဲ့တဲ့ ဝါရင့် လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်ပါတယ်။


ကဲ …. New Life မှ မငယ်ငယ်ထွေး နှင့် တွေ့ဆုံ မေးမြန်းခဲ့ပုံကို တစ်ချက်လေ့လာဖတ်ရှုလိုက်ကြရအောင် ….

 

New Life Company ကို စတင်တည်ထောင်တဲ့ ခုနှစ် လေးသိနိုင်မလားရှင့်

ဖြေ - ၂၀၀၈ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာပါ။

 


New Life Company က နေပြီး ဘယ်လိုကြော်ငြာပိုင်းဆိုင်ရာတွေကိစ္စရပ်တွေကို ဝန်ဆောင်မှု ပေးနေပါသလဲ။

ဖြေ - အဓိက ကတော့ ဆိုင်းဘုတ်နဲ့ ပတ်သက်တာပေါ့ ပြီးရင်တော့ Printing ပိုင်းပေါ့ ၊ Billboard တွေ ထို့အပြင် Mobile Advertising အနေနဲ့ ရထားတွေကားတွေမှာ ကြော်ငြာ ကပ်တာတွေ ဝန်ဆောင်မှုပေးပါတယ်။

 

New Life အနေနဲ့ ဘယ်လို လုပ်ငန်းပိုင်းဆိုင်ရာတွေနဲ့ တွဲဖက်ဆောင်ရွက်လုပ်ကိုင်ဖူးပါသလဲ။

ဖြေ - လက်ရှိ တွဲဖက် လုပ်ကိုင်ဖြစ်တဲ့ လုပ်ငန်းတွေကတော့ အများကြီးပေါ့ ထိုအထဲမှာမှ Premier ၊ Appeton ၊ Mytel ၊ AA Medical တို့ပါ ကုမ္မဏီ ကြီးတော်တော်များများ တော့ အမတို့နဲ့ လုပ်ငန်းတွဲဖက်လုပ်ကိုင်ပါတယ်။

 

Bollywood နာမည်ကျော် Khan မင်းသား တစ်ဦး၏ သမီးနဲ့ Vivo S1 Pro အားကြော်ငြာ


ယခင်တုန်းက ကြော်ငြာ ပိုင်းဆိုင်ရာနဲ့ ယခု ကြော်ငြာ ပိုင်းဆိုင်ရာလုပ်ငန်းလောက ပြောင်းလဲလာတာမျိုးများ ရှိပါသလား။

ဖြေ - တစ်နှစ်နဲ့ တစ်နှစ် Trend တွေကတော့ပြောင်းလဲတာမျိုးတော့ ရှိပါတယ်။ နည်းပညာက ပိုပြီး ပြီးပြည့်စုံလာတော့ ကြော်ငြာရဲ့ ပုံစံလေးတွေလဲပြောင်းသွားတာပေါ့။

 


ကြော်ငြာပိုင်းဆိုင်ရာလုပ်ငန်းတွေထဲ အခုက ဘာတွေခေတ်စားလာပါသလဲ

ဖြေ - လက်ရှိမှာ တော်တော်များများလုပ်ကြတာကတော့ ဒီကြော်ငြာ Bus stand တွေ Light Box တွေ ကားနဲ့ ပတ်သက်တဲ့ ကြော်ငြာ လုပ်ငန်းတွေ ပိုခေတ်စားလာပါတယ်။ ဘာလို့ဆိုကားက ရွေ့လျားသွားလာနေတော့ လူအာရုံစိုက်မှု ကလည်းပိုရတယ်လေ ၊ ဆိုင်းဘုတ်တွေကိုလည်း လူတွေက ပုံစံ ဆန်ဆန်းလေးတွေသုံးလာကြပါတယ်။

 

အမ ရဲ့ ကြော်ငြာလုပ်ငန်းပိုင်းဆိုင်ရာတွေထဲက အနှစ်ခြိုက်ဆုံး ကို သိနိုင်မလား

ဖြေ - အမ သဘောကြတာဆိုရင်တော့ အမ က ဆိုင်းဘုတ်တွေဘာတွေလုပ်ရတာကို တီထွင်ဖန်တီးဆန်းသစ်ရတာကိုသဘောကျပါတယ်။

 

ကျွန်မ တို့ Myanmar Advertising Directory နဲ့ ဘယ်ကတည်းက စတင်လက်တွဲခဲ့တာလဲ

ဖြေ - ကြာပါပြီ ၊ ဆယ်စု နှစ်တစ်ခုလောက်တောင်ကြာခဲ့ပြီပေါ့ ၊ အမ အနေနဲ့ ၂၀၁၀ လောက်ကတည်းက Myanmar Advertising Directory မှာ ကြော်ငြာစထည့်ခဲ့တာပါ။

 

Myanmar Advertising Directory မှာ ဘာကြောင့်ကြော်ငြာ သင့်တယ်ထင်ပါသလဲ ပရိသတ်ကို စကားလက်ဆောင်လေးပြောပေးပါအုံးရှင့်

ဖြေ - MAD ကတော့ အမ တို့ကြော်ငြာ သမားတွေအတွက် သီးသန့်ကို ထုတ်ထားတဲ့လမ်းညွှန်တစ်ခုပေါ့ ။ အခြား လမ်းညွှန်တွေထက် လူတွေအနေနဲ့ ကိုယ်လိုချင်တဲ့ ကြော်ငြာပိုင်းနဲ့ ပတ်သက်တာတွေကို ပြည့်ပြည့် စုံစုံရှိတာမို့ အလွယ်တကူရှာနိုင်တယ်ဒါကြောင့် MAD နဲ့ လက်တွဲ ဖြစ်တာပါ။

 

အမ အနေနဲ့ အမ ရဲ့ Customer တွေကို ပြောပြချင်တဲ့ စကားလက်ဆောင်လေးများရှိမလား

ဖြေ - အမတို့ New Life က Profit ကို အဓိက မထားဘူး ၊ Quality ကို အဓိကထားတယ် ၊ အမတို့ စိတ်တိုင်းကျမှ Customer စိတ်တိုင်းကျမှာ ဖြစ်တဲ့ အတွက် Quality ကို အမြဲ ပထမထားတယ်။တစ်ခါတစ်လေမှာ Customer တောင်းဆိုတာမျိုး မဟုတ်ပေမဲ့ ဒါက လုပ်ပေး သင့်တယ်ထင်တာမျိုးတွေ
အမတို့ဘက်က လုပ်ပေးလိုက်တာမျိုးတွေအများကြီးရှိတယ် လက်ရှိလက်တွဲနေတဲ့ Client တွေလဲသိတယ် ။ အမအနေနဲ့ ထပ်လောင်းပြောကြားနိုင်တာက New Life ကိုဆယ်စုနှစ်တစ်ခုလုံး ယုံယုံကြည်ကြည်နဲ့ အားပေးခဲ့တဲ့ ပရိသတ် တွေကိုကျေးဇူးတင်ပါတယ်လို့ပြောကြားချင်ပါတယ်။

 

ူNew Life ကို ဆက်သွယ်လို့ရတဲ့ လိပ်စာ ဖုန်းနံပါတ်လေးကိုပြောပြပေးပါ

ဖြေ- လိပ်စာကတော့ အမှတ် (၉) မြေညီထပ်၊ ဘုရင့်နောင်လမ်း ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း- ၀၉၄၂၇၄၀၂၂၂၅ ၊ ၀၉၄၅၇၁၉၃၇၂၇ ၊ ၀၉၄၂၀၁၄၂၆၅၁
အီးမေးလ်လိပ်စာက [email protected] / [email protected] တို့ပါ။

အခုလိုအချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။

 

82402730_1111833535653974_9053766071848271872_n.png

အခုလိုအချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။

Myanmar Advertising Directory