Global

ဒေါ်လာ ၆၀,၀၀၀ ရင်းနှီးပြီး ဘီလျှံနာဖြစ်လာတဲ့ Jack Ma

Read 2689 times
ဒေါ်လာ ၆၀,၀၀၀ ရင်းနှီးပြီး ဘီလျှံနာဖြစ်လာတဲ့ Jack Ma

သူဟာ Forbes မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာဖော်ပြခြင်းခံရတဲ့ ပထမဆုံး တရုတ်မီလျှံနာပါ။

ဂျက်မားရဲ့ အဖေဟာ သူဌေးကြီးတစ်ယောက် မဟုတ်ခဲ့ပေမယ့် သူကိုယ်တိုင်ပညာရေးကို ကောင်းကောင်းမသင်ယူခဲ့ရပါဘူး။ ဒါပေမယ့် သူ့ကို အာရှတိုက်ရဲ့ဘီဂိတ်လို့တောင် ခေါ်စမှတ်ပြုနေပါကြပါပြီ။

ဂျက်မားက " ကျွန်တော်နဲ့ ဘီဂိတ်ယေဘုယျအနေနဲ့ တူတာမရှိပါဘူး။ ဆင်တာတော့ရှိတယ်။ အဲ့ဒါကတော့ နှစ်ယောက်လုံးဆွဲဆောင်မှုရှိတာပါဘဲ" လို့ ပြောခဲ့ဖူးပါတယ်။

ဟောပြောပွဲတွေ အင်တာဗျူးတိုင်းမှာလိုလို ဂျက်မားက အင်္ဂလိပ်စာကို သူ့ဘာသာသင်ယူခဲ့ရတာလို့  ဆိုပါတယ်။

သူအသက်၁၂တုန်းက ဟိုတယ်တခုမှာ နိုင်ငံခြားသားခရီးသည်တွေအတွက် အပျော်လမ်းညွှန်လုပ်ပေးခဲ့ဖူးပါတယ်။

အဲဒီကနေ သူကအင်္ဂလိပ်စာ သင်ယူခဲ့တာဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်မှာဂျက်မားဟာ alibaba.com ဆိုတဲ့ဝဘ်ဆိုက်ကိုစတင်တည်ထောင်ခဲ့ပါတယ်။

သင့်စီးပွားရေးကို Online မှာ ကြော်ငြာအသင့်ဆုံးနေရာများ

ဒါဟာ အလီဘာလာဆိုပြီး တချိန်မှာဖြစ်လာမယ့် ခြေလှမ်းတွေပါဘဲ။ ၂၀၀၁ ခုနှစ်မှာဂျက်မားဟာ အမေရိကန်ဒေါ်လာ ၃သန်း ကနေ ၅သန်း အထိတန်ကြေးရှိတဲ့ အရင်းအနှီးရရှိဖို့ ကြိုးစားရှာဖွေခဲ့ပါတယ်။

ဒါပေမယ့် တစ်ဦးတစ်ယောက်မှ ရင်းနှီးမြှပ်နှံခဲ့ခြင်း မရှိပါခဲ့ဘူး။ ၂၀၀၅ ခုနှစ်မှာတော့ ရဟူးဝဘ်ဆိုက်တည်ထောင်သူ ဂျယ်ရီယန်းဟာ အလီဘာဘာမှာ သန်း ၁၀၀၀ ရင်းနှီးမြှပ်နှံခဲ့ပါတယ်။

အဲ့ချိန်ကစပြီး ကုမ္ပဏီဟာ တဟုန်ထိုးတိုးတတ်လာခဲ့တာပါ။ ဂျက်မားက အလီဘာဘာကို စတင်လုပ်ကိုင်တဲ့အချိန်မှာ အလုပ်သမား၁၈ယောက်ရယ်၊ ငွေကြေးအရင်းအနှီးလေး ဒေါ်လာ ၆၀၀၀၀ ရယ်ပါ။

ခုချိန်မှာတော့ ဂျက်မားဟာ အလုပ်သမား ၃၀၀၀ ကျော်ကို ခန့်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။၂၀၁၈ ခုနှစ်မှတ်တမ်းများအရ ဂျက်မားဟာ အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံ ပိုင်ဆိုင်သူဖြစ်ပါတယ်။

အောင်မြင်ပြီး ချိန်ကာလကစပြီး ဂျက်မားရဲ့ငွေကြေးပိုင်ဆိုင်မှုဟာ ကျဆင်းသွားခဲ့ခြင်းမရှိပါဘူး။

Myanmar Advertising Directory