Life Hacks

IQ မြင့်မှ အောင်မြင်မှာလား

Read 224 times
IQ မြင့်မှ အောင်မြင်မှာလား

ဘယ်လောက်တောင် ကြိုးစားခဲ့ရသလဲဆိုတာနဲ့ပဲ အကဲဖြတ်ပါတယ်။ Thomas Edison ဟာ မီးလုံးတစ်လုံးဖြစ်ဖို့အကြိမ်ပေါင်း တစ်သောင်းထက်မနည်း စမ်းသပ်ခန်းထဲမှာ ရှုံးနိမ့်ခဲ့တယ်။ Walt Disney ဟာ ကာတွန်းတွေ ဖန်တီးနိင်စွမ်း မရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သူလုပ်နေတဲ့ ကာတွန်းစာတိုက်ကနေအလုပ်ထုတ်ခံခဲ့ရတယ်။ နာမည်ကျော် မင်းသားကြီး Harrison Ford ဟာလည်း သူ့ရဲ့ပထမဆုံးဇာတ်ကားမှာ မထင်မရှားဇာတ်ရုပ်လေးကနေ သရုပ်ဆောင်ရင်း အထက်လူကြီးတွေရဲ့ရုပ်ရှင်သရုပ်ဆောင်လောကမှာ ဘယ်တော့မှ အောင်မြင်နိုင်လိမ့်မှာ မဟုတ်ဘူးလို့ မှတ်ချက်ပေးခြင်း ခံခဲ့ရတယ်။ ဒီလိုလူတွေလည်း အများကြီးမှ တကယ်ကို အများကြီးပါ။

Steve Job ပြောခဲ့တာကတော့ "ကျွန်တော် ယုံကြည်တာတစ်ခုကတော့ အောင်မြင်တဲ့စွန့်ဦးတီထွင်တဲ့သူနဲ့ မအောင်မြင်တဲ့သူတွေကြားမှာ ကွာခြားစေတဲ့အချက်ကတော့ ဇွဲလုံလပါပဲ" လို့ပြောခဲ့ပါတယ်။ တကယ်ပဲ အောင်မြင်မှုကို မမှိတ်မသုန် လျှောက်လှမ်းတဲ့ခြေလှမ်းတွေဟာ အောင်မြင်ရေးရဲ့ သော့ချက်တွေပဲ ဖြစ်ပါလိမ့်မယ်။ အဲဒါကြောင့်ပဲ သူဟာ "ကိုယ်လုပ်တဲ့အလုပ်ကိုကိုယ်ချစ်ရမယ်" လို့ ပြောခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဒါမှလည်းပဲ ဘာပဲကြုံလာကြုံလာ စိတ်မပျက်ဘဲ အဆုံးထိအောင်မြင်အောင် လုပ်နိုင်မှာလည်းပဲ ဖြစ်ပါတယ်။ အချုပ်အားဖြင့်ဆိုရင်တော့အောင်မြင်ရေးအတွက် IQ ဟာ အသုံးဝင်ကောင်းဝင်ပါလိမ့်မယ်။ ဒါပေမယ့် အဓိကမကျပါဘူး။ ထပ်ပြောရရင် IQ ဟာ အောင်မြင်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခု လုံးဝမဟုတ်ပါဘူး။

သင်ဟာ စာသင်ကျောင်းမှာ စာမတော်ခဲ့ဘူးလား? ဥာဏ်မကောင်းခဲ့ဘူးလား? ဒါ့ကြောင့်ပဲ သင်ဟာ ဘဝမှာ မအောင်မြင်နိုင်တော့ဘူးတဲ့လား? အတန်းထဲမှာ သာမန်ဖြစ်တာနဲ့ပဲ ဘဝမှာ သာမန်ဖြစ်ရတော့မှာလား?သင့်ကိုယ်သင် မေးကြည့်လိုက်ပါ။ ပြီးရင် အားငယ်တဲ့စိတ်တွေ၊ သိမ်ငယ်တဲ့စိတ်တွေကို အပြီးသတ်ရိုက်ချိုးပစ်လိုက်ပါ။ အောင်မြင်မှုအတွက် သင်ဟာ ထိုက်တန်တယ်ဆိုတာကို သက်သေပြလိုက်ပါ။ဒါမှမဟုတ် သင်ဟာ ကျောင်းမှာကတည်းက စာတော်ခဲ့တဲ့သူလား? ဒါဆိုရင်တော့ သင့်ရဲ့ အားသာချက်ကို အသုံးချပြီး အောင်မြင်မှုကို ရအောင်ယူလိုက်ပါ။ တခြားအောင်မြင်တဲ့သူတွေလုပ်တဲ့အရာတိုင်းကိုလိုက်လုပ်နိုင်မှ အောင်မြင်နိုင်မယ်ဆိုတဲ့အတွေးတွေကို ရပ်တန့်လိုက်ပါ။ သင့်လမ်းကိုသင်ဖောက်ပါ။ သင်လုပ်နေတဲ့အရာက သင်တကယ်ချစ်ပြီး၊ ဆန္ဒပြင်းပြစွာလုပ်ချင်တဲ့ အရာတစ်ခု ဖြစ်ပါစေ..

Recommended for u- Steve Job ထံမှရရှိသော ဘဝနှင့်လုပ်ငန်းခွင် သင်ခန်းစာ (၁၀)ခု

Source:ရွှေညာမောင် (Focus Youth)