Outdoor Advertising

Facebook ကြော်ငြာတွေက ထိရောက်မှုရှိရဲ့လား???

Read 2320 times
Facebook ကြော်ငြာတွေက ထိရောက်မှုရှိရဲ့လား???

ပထမအချက်ကတော့ သင်က facebook မှာ များများကြာ်ငြာပြီး သင့်ရဲ့ထုတ်ကုန်ကို လူသိအောင်လုပ်ရပါမယ်။ ဘာလို့လဲဆိုတော့ facebook ဟာထိရောက်မှုရှိတဲ့ platform တစ်ခုဖြစ်ပြီး လုပ်ငန်းတွင်းပြန်ရချက် (ROI) ကိုလည်းရရှိစေလို့ပါ။

ဒုတိယအချက်ကတော့ facebook မှာ ကြော်ငြာသင့်တယ်ဆိုပင်မဲ့ facebook မှာကြော်ငြာရင် သင်က ပြိုင်ဘက်တွေ အများကြီးနဲ့ ယှဉ်ပြိုင်ရမှာပါ။ သင့်ရဲ့ ထုတ်ကုန်က မကောင်းမွန်ဘူး၊ ကြော်ငြာက ဆွဲဆောင်မှု မရှိဘူးဆိုရင်တော့ ပြိုင်ဘက်တွေကိုရှုံးပြီး ပရိသတ်တွေရရှိမှာ မဟုတ်ပါဘူး။

၂၀၁၈ခုနှစ်စစ်တမ်းအရ ကြော်ငြာသူ ၆မီလျံက သူတို့ရဲ့ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို မြှင့်တင်ဖို့ အသုံးပြုနေတဲ့ platform ကတော့ Facebook ပါ။

အမေရိကန်က ပြုလုပ်တဲ့ ၂၀၁၇ခုနှစ်အောက်တိုဘာလ သုတေသနမှာဆိုရင် အသေးစားစီးပွားရေး လုပ်ငန်းပိုင်ရှင်တွေရဲ့ ၂၄%က customer တွေနဲ့ ထိတွေ့ချိတ်ဆက်ဖို့ အတွက် social media တွေဟာ အရမ်းအရေးကြီးတယ်လို ဆိုကြပါတယ်။

ဆိုလိုချင်တာကတော့ ပြိုင်ဆိုင်မှုတွေ ပြည့်နှက်နေတယ် ဆိုပေမဲ့လည်း social media မှာကြော်ငြာတာက သူတို့အတွက်အကျိုးရှိတယ်လို့ လုပ်ငန်းရှင်တွေက ယုံကြည်နေကြဆဲပါ။ ဈေးကွက် ရှာဖွေသူတွေအတွက် facebook ဟာ ထင်ရှားပြီး လူသုံးအများဆုံး platform တစ်ခုဖြစ်ပါတယ်။

ကြော်ငြာသူ ၇၈% ဟာfacebook မှာ ကြော်ငြာရတာကို နှစ်သက်ကြပါတယ်။ 2017 Social Media Industry ရဲ့စာရင်းအရ B2C ဈေးကွက်ရှာဖွေသူ၄၅% နဲ့ B2B ဈေးကွက်ရှာဖွေသူ ၃၇%က Facebookကို အသုံးပြုတာတွေ့ရပါတယ်။ Facebook က၄င်းရဲ့contentကို မြှင့်တင်ဖို့်အတွက်လွှမ်းမိုးမှုရှိသူတွေ၊ အနုပညာရှင်တွေနဲ့ အကျော်အမော်တွေကို သုံးလာပါတယ်။

ဒီဇယားက တော့သူတို့ကိုပေးရတဲ့ ပျှမ်းမျှဈေးနှုန်းတွေကို ဖော်ပြပေးထားပါတယ်။

photo 11

facebook အသုံးပြုတွေရဲ့ ကျား/မ ၊ အသက်အရွယ် ကိုခွဲခြားပြထားတဲ့ဇယားပါ။

photo 22

လစဉ် အသုံးပြုသူ 239K ဟာ အမေရိကန်နဲ့ ကနေဒါမှာ ရှိတဲ့သူတွေဖြစ်ပါတယ်။ ဒီပုံကတော့ လစဉ် အသုံးပြုသူဦးရေ ကိုပြထားတဲ့ဇယားပါ။

photo 33

နောက်ထပ်ဇယားတစ်ခုက နေရာဒေသအလိုက် အသုံးပြုသူတွေဆီက ရရှိတဲ့ ကြော်ငြာဝင်ငွေကို ဖော်ပြထား

ပါတယ်။ 

photo 44

ကြော်ငြာလုပ်ငန်းကိစ္စများကို ဆောင်ရွက်ပေးနေသည့် ဆိုင်လိပ်စာများကို Myanmar Advertising Directory page တွင် အလွယ်တကူ ၀င်ရောက်ရှာဖွေလိုက်ပါ။