ဒီလို ထိပ်ဆုံးကို ရောက်ရှိလာတာဟာ နိုင်ငံများ အားလုံးထဲတွင် မြန်မာဟာ၂၀၁၇ စာရင်းဇယားအရ ဒေါ်လာ ၄.၃ ဘီလီယံ နဲ့ ပြည်ပရင်းနှီးမြုပ်နှံမှုအများဆုံး ရရှိခဲ့ခြင်းကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ လူတဦးရဲ့ပျမ်းမျှဝင်ငွေဟာ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၁,၂၃၀ အောက် ရောက်ရှိနေမှသာ ဆင်းရဲတဲ့ LDC နိုင်ငံ စာရင်းဝင် အဖြစ်သတ်မှတ်ပါတယ်။
ဒီ စံနှုန်းအရ ၄၇ နိုင်ငံ ရှိတဲ့ အထဲမှာ ၃၁ နိုင်ငံဟာ အာဖရိကမှ ဖြစ်ပြီး အာရှဖက်က ဆိုရင် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီယား၊ အာဖဂန်နစ္စတန်၊ ဘူတန်၊ အရှေ့ တီမော၊ လာအို၊နီပေါ နှင့် ယီမင်တို့ ပါဝင်နေပါတယ်။ ဒီအတွက် လာမည့်နှစ်များ တွင်း ဘင်္ဂလားဒေ့ရှ်၊ လာအို နဲ့ မြန်မာတို့ဟာ ဆင်းရဲတဲ့ LDC နိုင်ငံဘ၀မှ လွတ်မြောက်နိုင်မယ်လို့ ကမ္ဘာဘဏ် အစီရင်ခံစာမှ ခန့် မှန်းထားပြီး ဖြစ်ပါတယ်။
ကော်မတီအနေနဲ့ တစ်ဦးချင်းဝင်ငွေ၊ လူသားအရင်းအမြစ်၊ စီးပွားရေး အခက်ကြုံနိုင်တဲ့ အလားအလာစတဲ့ အချက်သုံးချက်ပေါ်မူတည်ပြီး အကဲဖြတ်သုံးသပ်တာဖြစ်ပါတယ်။ ၂၀၁၈ မတ်လမှာ ပြန်လည်ပြီး နောက်ဆုံးသုံးသပ်ထုတ်ပြန်ခဲ့တဲ့ ဒီအစီအရင်ခံစာထဲမှာ တစ်ဦးချင်းဝင်ငွေ၊ လူသားအရင်းအမြစ်၊ စီးပွားရေး အခက်ကြုံနိုင်တဲ့ အလားအလာစတာတွေကို အဓိကထားပြီး သတ်မှတ်ခဲ့တာဖြစ်တယ်လို့ UNCTAD ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
Copywriter ကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လိုကြိုးစားမလဲ
ဒီသုံးချက်အပြင် နိုင်ငံအနေနဲ့ လူဦးရေ (၇၅)သန်းကနေ မကျော်လွန်ဖို့လည်း လိုအပ်ပါတယ်။ နိုင်ငံတခုဟာ တဦးချင်းဝင်ငွေ အနည်းဆုံးနှစ်ဆတိုးလာပြီး တနှစ်ကို ဒေါ်လာ ၂၄၆၀ ရှိလာပြီး၊ ဒီအတိုင်း ဆက်လက်တည်တံ့မယ့် အခြေအနေရှိမယ်ဆိုရင်တော့ ကျန်တဲ့ နှစ်ချက်ကို မကြည့်တော့ပဲ အဲဒီနိုင်ငံကို LDC စာရင်းက ဖယ်ထုတ်လိုက်မှာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
LDC စာရင်းကနေ တဖြေးဖြေးချင်း ဖယ်ထုတ်ပေးနိုင်မယ့် အလားအလာရှိတဲ့ သုံးနိုင်ငံတို့ကတော့- မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ လာအို နိုင်ငံတို့ဖြစ်ကြပါတယ်။ ၂၀၂၁ခုနှစ်မှာတော့ အပြည့်အ၀ဖယ်ထုတ်ပေးနိုင်မယ့် အခြေအနေရောက်နိုင်ပါတယ်။ မြန်မာနိုင်ငံဟာ ၁၉၈၇ခုနှစ် ကတည်းက စတင်ပြီး LDC စာရင်းမှာ တင်သွင်းခြင်းခံခဲ့ရတာဖြစ်ပြီး လက်ရှိ NLD အစိုးရလက်ထက်မှာ ဒီစာရင်းကနေ ပယ်ဖျက်ခွင့် ရရှိနိုင်အောင် ကော်မတီဖွဲ့ပြီး ကြိုးပမ်းနေတာဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၁၈ နောက်ဆုံးစာရင်းဇယားအရ မြန်မာရှိလူတစ်ဦးချင်း ပျှမ်းမျဝင်ငွေဟာ ဒေါ်လာ ၁၂၉၈.၉ ဖြစ်နေပါပြီ။ မြန်မာဟာ ဦးနေ၀င်း အုပ်ချုပ်မှု အောက်တွင်ရှိခဲ့တဲ့ ၁၉၈၇ ထဲက LDC နိုင်ငံဘ၀ ကျရောက်သွားခဲ့ရပြီး စစ်အစိုးရ အဆက်ဆက်လည်း လွတ်မြောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့တာ တွေ့ရပါတယ်။
Credit; XYZ News
Myanmar Advertising Directory