ဒါဟာ ကုမ္ပဏီမှာ ၎င်းရဲ့ဦးဆောင်မှုခေတ်တစ်ခု အဆုံးသတ်သွားခဲ့တာလည်း ဖြစ်ပါတယ်။
Jack Ma ဟာ Alibaba ကို ၁၉၉၉ ခုနှစ်မှာ ပူးတွဲတည်ထောင်ခဲ့တာဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးအင်တာနက်ကုမ္ပဏီကြီးတစ်ခုဖြစ်လာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
Jack Ma ရဲ့ အောင်မြင်မှုနဲ့ကွဲပြားခြားနားတဲ့ စတိုင်ကြောင့်လည်း ၎င်းကိုတရုတ်မှာ အသိအမှတ်အပြုခံရဆုံး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်စေခဲ့ပါတယ်။
Alibaba ရဲ့ အမှုဆောင်အရာရှိချုပ် Daniel Zhang က ၎င်းရဲ့နေရာကိုအစားဝင်ပြီး အမှုဆောင်ဥက္ကဌအဖြစ် ထမ်းဆောင်သွားတော့မှာ ဖြစ်ပါတယ်။
ကုမ္ပဏီအနေနဲ့ ဈေးကွက်တန်ကြေး ဒေါ်လာ ၄၈၀ ဘီလီယံရှိနေသလို Jack Ma ဟာလည်း တရုတ်မှာအချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်နေလျက်ရှိပါတယ်။
ဗီဒီယို content တွေဖန်တီးဖို့အတွက် အသုံးဝင်မယ့် Tool များ
Credit; SFJ