Digital Marketing

အလီဘာဘာ အဓိကပြိုင်ဘက်ကို ဂျက်မား ချီးကျူး

Read 6328 times
အလီဘာဘာ အဓိကပြိုင်ဘက်ကို ဂျက်မား ချီးကျူး

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အလီဘာဘာ အီးကောမတ်စ် ပလက်ဖောင်း ထူထောင်သူ ဂျက်မားက အလီဘာဘာ၏ အဓိကပြိုင်ဘက်သည် အလီဘာဘာထက် သာသွားသည့်အတွက် ချီးကျူးစကား ပြောကြားခဲ့သည်။

 

photo_2023-12-12_16-04-24.jpg

Jack Ma က Temu ၏ မိခင်ကုမ္ပဏီ PDD Holdings (ယခင်အမည် Pinduoduo) ကို  ချီးကျူးစကား လူသိရှင်ကြား ပြောကြားသည့်အတွက် PDD ၏ ရှယ်ယာများ ဈေးမြင့်တက်သွားပြီး PDD ၏ အစုရှယ်ယာ စုစုပေါင်း တန်ဖိုး (ဈေးကွက်တန်ဖိုး)သည် Alibaba ထက် တန်ဖိုးပိုမြင့်သွားသည်။

ပီဒီဒီ ဈေးကွက်တန်ဖိုးသည် ကန်ဒေါ်လာ ၁၈၅ ဘီလီယံ နီးပါး ရှိပြီး အလီဘာဘာ  ဈေးကွက်တန်ဖိုးသည် ကန်ဒေါ်လာ ၁၈၄ ဘီလီယံနီးပါး ရှိပါသည်။ 

 

တရုတ်နည်းပညာကုမ္ပဏီကြီး Alibaba သည် တရုတ် e-commerce ကဏ္ဍကို ဆယ်စုနှစ်တစ်ခုကျော် လွှမ်းမိုးခဲ့ရာမှ လွန်ခဲ့သည့် သုံးနှစ်အတွင်း လုပ်ငန်းအသစ်များ၏ ပြိုင်ဆိုင်မှုများကို ရင်ဆိုင်နေခဲ့ရသည်။

ကုမ္ပဏီ ရှယ်ယာများ ဈေးကျသည်။ ၂၀၂၀ ပြည့်နှစ် အထွတ်အထိပ်သို့ ရောက်ခဲ့ပြီးနောက် ရှယ်ယာတန်ဖိုး လေးပုံသုံးပုံကျော် လျော့ကျသည်။

 

ယခုအခါ ပြိုင်ဘက် ပီဒီဒီ ဈေးကွက်တန်ဖိုးက အလီဘာဘာထက် ပိုများနေပြီ ဖြစ်သည်။ 

photo_2023-12-12_16-11-50.jpg

 

မားသည် ပီဒီဒီ မြင့်တက်လာမှုကို နိုဝင်ဘာ ၂၈ ရက်က အသိအမှတ်ပြုခဲ့သည်။

အလီဘာဘာ ကုမ္ပဏီတွင်း ဖိုရမ်ဝဘ်ဆိုက်တွင် မားက ပီဒီဒီ ကို ဂုဏ်ပြုသည့် ပို့စ်ကို ရေးသားတင်ပြသည်။  ပီဒီဒီ၏ ဗျူဟာမြောက် ဆုံးဖြတ်ချက်များကို ချီးကျူးခဲ့သည်။

 

သူက Alibaba ဝန်ထမ်းများအား လုပ်ငန်းဆိုင်ရာစိန်ခေါ်မှုများကို နိုးကြားတက်ကြွစွာဖြင့် ရင်ဆိုင်ဖို့ကိုလည်း တောင်းဆိုခဲ့သည်။

 

"လူတိုင်း အောင်မြင်မှု ရနိုင်ပါတယ်။ ဒါပေမဲ့ မနက်ဖြန်နဲ့ သဘက်ခါအတွက် ပြုပြင်ပြောင်းလဲလိုသူများသာ အောင်မြင်ကြပါတယ်။ အဖွဲ့အစည်းတစ်ခုဟာ လိုအပ်လာရင် ဘာမဆို အနစ်နာခံ လုပ်ကိုင်ဖို့ ဝန်မလေးဘူးဆိုရင် လေးစားထိုက်သူလို့ ယူဆရပါမယ်" ဟု မားက ရေးသားသည်။

Source cnbc


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL