Global

စာလုံးပေါင်းအမှားနဲ့ ဘီယာသစ်ကို ရောင်းချမည်

Read 1580 times
စာလုံးပေါင်းအမှားနဲ့ ဘီယာသစ်ကို ရောင်းချမည်

စကားလုံးအမှန် ‘lager’ ဟုရေးရမည့်အစား ကန့်သတ်ထုတ်ဝေသော ဘီယာဘူးများပေါ်တွင်  ‘lagar’ ဟု စာလုံးပေါင်းမှားယွင်းထုတ်ဝေမှုကို သောက်သုံးသူများက အပြစ်မမြင်ကြပါ။
ထိုအချက်ကြောင့် Sapporo Breweries က အစောပိုင်းဆုံးဖြတ်ချက်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ရောင်းချမှုကို ဆက်လက်လုပ်ဆောင်ရန်ဆုံးဖြတ်လိုက်ကြောင်း ကြေညာခဲ့သည်။


ဂျပန်နိုင်ငံ၏ ပထမဆုံးဘီယာစက်ရုံကို ၁၈၇၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ယခု ဘီယာအသစ်ကိုလည်း ပုံမှန်ထုတ်လုပ်နေကျ နည်းစနစ်ကိုသာ အသုံးပြုထားကြောင်း ၎င်းကဆိုသည်။ လွန်ခဲ့သောအပတ်က ထုတ်ကုန်များရောင်းချမှုကို ရပ်နားမည်ဟု ကြေညာပြီးနောက် အွန်လိုင်းပေါ်တွင် အုတ်အော်သောင်းတင်း ဖြစ်ခဲ့သည်။


အဆိုပါဘီယာသစ်ကို ဇန်နဝါရီလ ၁၂ ရက်က ရောင်းချရန် စီစဉ်ခဲ့သည်။ Sapporo Breweries က ၃၅၀ နှင့် ၅၀၀ မီလီမီတာ ပုံစံနှစ်မျိုးစလုံးတွင် စာလုံးပေါင်းမှားနေသည်ကို မတင်ပို့မီနောက်ဆုံးအချိန်တွင် တွေ့ရှိခဲ့သော်လည်း ဘီယာအရည်အသွေးပိုင်းကို မထိခိုက်နိုင်ဟု ပြောကြားခဲ့သည်။


ဘီယာကို ဖေဖော်ဝါရီလ ၂ ရက်နေ့ကစတင်၍ FamilyMart Co. တွင် ဘူးအသေးကို အခွန်အပါအဝင် ယန်း ၂၁၉ ဖြင့်လည်းကောင်း၊ ဘူးအကြီးကို ယန်း ၂၈၆ ဖြင့်လည်းကောင်း ရောင်းချမည်ဟု သိရသည်။