Global

ထူးခြားဆန်းပြားတဲ့ သတ္တုတိုင်ကို အသုံးချပြီး Jeep ကြော်ငြာ

Read 1229 times
ထူးခြားဆန်းပြားတဲ့ သတ္တုတိုင်ကို အသုံးချပြီး Jeep ကြော်ငြာ

ဘယ်လဂျီယံမှ လယ်ကွင်းပြင် အပါအဝင် နေရာအချို့မှာ ချောမွတ်ပြောင်လက်နေတဲ့ သတ္တုသား တိုင်အမြင့် တစ်ချောင်းတည်း ထီးထီး စိုက်ထူထားတာကို မမျှော်လင့်ဘဲ တွေ့ခဲ့ကြတယ်။ ရက်ပိုင်းအတွင်းမှာ သတ္တုတိုင် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတယ်။ဘယ်သူတွေ လာစိုက်ပြီး ဘယ်သူတွေ ပြန်နုတ်ယူသွားသလဲဆိုတာ မသိကြရဘူး။

 

shiny_metal_monolith_1.jpg

 

shiny_metal_monolith_2.jpg

 

shiny_metal_monolith_01.jpg

 

jeep-hybrid-wrangler-monolith-designboom-001.png

 

အမေရိကန်နိုင်ငံ Utah ကန္တရထဲ ပျံသန်းနေတဲ့ ရဟတ်ယာဉ်ပေါ်မှ ထူးဆန်းတဲ့ သတ္တုတိုင်ကို နိုဝင်ဘာလ ၁၈ ရက်မှာ တွေ့ခဲ့ကြပြီး မှတ်တမ်းဓာတ်ပုံတွေ ရိုက်ခဲ့ကြတယ်။ နိုဝင်ဘာလ ၂၇ ရက်မှာ အဲဒီသတ္တုတိုင် မရှိတော့ဘူး။အခြားနေရာတွေမှာ ထွက်ပေါ်တဲ့ သတ္တုတိုင်တွေလည်း အလားတူပင် ရက်ပိုင်းအကြာမှာ ကွယ်ပျောက်သွားခဲ့ကြတယ်။

 

သို့လော သို့လော အဖြေတွေ အမျိုးမျိုး ပေးနေကြပေမဲ့ တစ်ခုမှ ခိုင်မာသေချာတာ မရှိဘူး။နာမည်ကြီးပြီး လူပြောများနေချိန်မှာ Jeep ကား ကုမ္ပဏီက သတ္တုတိုင်ကို ကားအားသွင်းတဲ့တိုင် အဖြစ် ကြေညာ ဖန်တီးလိုက်ပါတယ်။နောက်ဆုံးထုတ် မော်ဒယ် jeep wrangler 4xe တစ်စီးကို အားသွင်းနေတဲ့ပုံဖြင့် ကြော်ငြာကို ဖန်တီးထားတယ်။

 

ဆိုရှယ်မီဒီယာတွေမှာ ပုံတွေကို တင်လိုက်တာ ပရိသတ်က ကြော်ငြာစိတ်ကူးကို သဘောကျ နှစ်ခြိုက်လို့ ဝိုင်းရှယ်လိုက်ကြတယ်။

 
Facebook မှာ တင်တဲ့ ဂျစ်ကား ကြော်ငြာပုံတွေထဲမှာ တုံ့ပြန်မှု အများဆုံး ရရှိခဲ့တယ်။ twitter နဲ့ instagram တို့မှာ တင်ထားတာတွေလည်း အကြီးအကျယ် အောင်မြင်တယ်။ 


အပ်စပ်မှု ရှိတဲ့အချက် တစ်ခုက သတ္တုတိုင်တွေ တွေ့ရတဲ့ နေရာတွေဟာ လမ်းမဟုတ်တဲ့ မြေပြင် အနေအထားမျိုးကို မောင်းနှင်လို့ ရတဲ့ ဂျစ်ကားလို ကားမျိုးဖြင့်သာ ရောက်အောင် မောင်းသွားဖို့ ဖြစ်နိုင်တာ ဖြစ်ပါတယ်။ jeep wrangler ရဲ့ အစွမ်းကို ဖော်ပြပြီးသား ဖြစ်နေစေတယ်။

 

 

Myanmar Advertising Directory