(၁) Amazon ဝန်ထမ်းတွေလောက် လစာမကောင်းသူ
ဘီဇော့စ်ဟာ ဒေါ်လာ ၁၂၁ ဘီလျံကျော် ချမ်းသာတာမှန်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ကြွယ်ဝမှုဟာ Amazon ရဲ့ ရှယ်ယာတွေဆီကနေ ဝင်တာပါ။ သူ့ကုမ္ပဏီမှာ အလုပ်သင်ဆင်းတဲ့ဝန်ထမ်းဟာ တစ်လကို ပျမ်းမျှ ၇၇၂၅ ဒေါ်လာ (တစ်နှစ် ဒေါ်လာ ၉၂၇၀၀) ရပေမယ့် သူ့ရဲ့ Annual Salary ကတော့ ဒေါ်လာ ၈၁၈၄၀ ပဲ ရှိပါတယ်။ ဆီယက်တဲလ်မှာ ဝန်ထမ်း ၄၅၀၀၀ ကျော် ခန့်ထားတဲ့ Amazon ရဲ့ အမြဲတမ်းဝန်ထမ်းတစ်ယောက်ဟာ မျှမ်းမျှတစ်နှစ်ကို ဒေါ်လာ ၁၁၀၀၀၀ အထိ ရတယ်လို့ Glassdoor က ဖော်ပြထားပါတယ်။
(၂) တစ်စက္ကန့်ကို ဒေါ်လာ ၂၅၀၀ လောက် ဝင်နေသူ
Business Insider စစ်တမ်းအရ ဇာ့စ်ရဲ့ တစ်မိနစ်ဝင်ငွေဟာ ဒေါ်လာ ၁၄၉၃၅၃ ရတယ်လို့ ဆိုပါတယ်။ တစ်နည်းအားဖြင့် သူ့ရဲ့ တစ်မိနစ်အတွင်း ဝင်တဲ့ဝင်ငွေဟာ အမေရိကန်မှ လူလတ်တန်းစား အလုပ်သမားတစ်ယောက်ရဲ့ တစ်နှစ်တာ ဝင်ငွေ ၄၅၅၅၂ ဒေါ်လာရဲ့ ၃ ဆရှိတာပါပဲ။
(၃) ဇနီးဟောင်းကို ကမ္ဘာ့တတိယအချမ်းသာဆုံး အမျိုးသမီးဘီလျံနာဖြစ်စေသူ
လင်မယားကွာရှင်းပြတ်စဲပြီးနောက် မက္ကင်ဇီဟာ L’Oreal ရဲ့ အမွေဆက်ခံသူ Françoise Bettencourt-Meyers နဲ့ Walmart လုပ်ငန်းစုကိုဆက်ခံသူ Alice Walton တို့ပြီးရင် ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး ဖြစ်လာခဲ့ပါတယ်။ Amazon ရဲ့ ပထမဆုံး အမျိုးသမီး ၀န်ထမ်းဖြစ်တဲ့ မက္ကင်ဇီဟာ လက်ရှိမှာ ဒေါ်လာ ၃၈.၉ ဘီလျံခန့် ကြွယ်ဝပါတယ်။
(၄) အမေရိကန်ရဲ့ အကောင်းဆုံး တက္ကသိုလ် ၃ ခုကို အသာလေး ဝယ်နိုင်တဲ့သူ
အမေရိကန်နိုင်ငံက တက္ကသိုလ်တွေရဲ့ အဆင့်အတန်းသတ်မှတ်ချက်အရ ဟားဗတ်တက္ကသိုလ်ဟာ ဒေါ်လာ ၃၈.၃ ဘီလျံ တန်ပြီး တက္ကဆက်တက္ကသိုလ်နဲ့ ယေးလ်တက္ကသိုလ်တို့က ဒေါ်လာ ၃၀.၈၉ ဘီလျံနဲ့ ၂၉.၃၅ ဘီလျံတန်တယ်လို့ ဆိုပါတယ်။
ဘီဇော့စ်ရဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ၁၂၁ ဘီလျံနဲ့သာ ဒီတက္ကသိုလ် ၃ ခုကို ဝယ်မယ်ဆိုရင်တောင် အနည်းဆုံး ဒေါ်လာ ၂၂ ဘီလျံ လက်ထဲမှာ ကျန်နေဦးမှာပါ။
(၅) ဗြိတိန်တော်ဝင်မျိုးနွယ်တွေထက် ၃၈% နီးပါး ပိုချမ်းသာသူ
ဗြိတိန်တော်ဝင်မိသားစုတစ်ခုလုံးရဲ့ ကြွယ်ဝမှုဟာ ဒေါ်လာ ၈၈ ဘီလျံခန့် ရှိမယ်လို့ Forbes မဂ္ဂဇင်းက ခန့်မှန်းထားပါတယ်။ ဘီဇော့စ်ရဲ့ ကြွယ်ဝမှုဟာ အန်ဂိုလာတစ်နိုင်ငံလုံးက ဝင်တဲ့တစ်နှစ်တာ GDP နဲ့ အတူတူပါပဲ။ ရေနံထုတ်လုပ်မှုနဲ့ ရပ်တည်လည်ပတ်နေတဲ့ အန်ဂိုလာနိုင်ငံရဲ့ GDP ကလည်း ဒေါ်လာ ၁၂၁ ဘီလျံ ဖြစ်ပါတယ်။
(၆) သုံးနိုင်ငံဝင်ငွေပေါင်းထက် ချမ်းသာသူ
အိုက်စလန်၊ အာဖဂန်နစ္စတန်နဲ့ ကော်စတာရီကာတို့ရဲ့ GDP ဟာ ဒေါ်လာ ၃၁.၆ ဘီလျံ ၊ ဒေါ်လာ ၂၂.၉ ဘီလျံနဲ့ ဒေါ်လာ ၆၄.၈ ဘီလျံ ရှိပါတယ်။ ဒီနိုင်ငံ ၃ ခုရဲ့ GDP တွေ ပေါင်းရင်တောင် ဒေါ်လာ ၁၁၉.၃ ဘီလျံပဲ ရှိတာ ဖြစ်လို့ ဘီဇော့စ်ရဲ့ ပိုင်ဆိုင်မှုကိုမမှီပါဘူး။
(၇) အမေရိကန်က ဘွဲ့ရတစ်ယောက်ရဲ့ တစ်သက်စာရှာနိုင်သမျှကို ၁၅ မိနစ်အတွင်း ရှာနိုင်သူ
လူမှုလုံခြုံရေးစီမံဌာနရဲ့ စစ်တမ်းအရ ဘွဲ့ရ အမေရိကန်တစ်ယောက်ဟာ တစ်သက်လုံးမှာ ပျမ်းမျှအားဖြင့် ခန့်မှန်းခြေ ဒေါ်လာ ၂.၁၉ သန်း ရှာနိုင်တယ်လို့ ဆိုပါတယ်။ ဘီဇော့စ်ကတော့ ဒေါ်လာ ၂ သန်းကျော်ကို ၁၅ မိနစ်တည်းနဲ့ ရှာနိုင်သူပါ။ ပရင်စတန်တက္ကသိုလ်ကနေ ဘွဲရတဲ့ ဘီဇော့စ်ဟာတစ်မိနစ်တိုင်းမှာ ဒေါ်လာ ၁၄၉၃၅၃ ခန့်ဝင်နေသူ ဖြစ်ပါတယ်။
Kwee
Myanmar Advertising Directory