ကြွေးရှင်တွေကလည်း သူ့နောက် မပြတ်လိုက်နေတယ်။ ဒီအတိုင်းသွားရင် မကြာခင်မှာ ကုမ္ပဏီဟာ ဒေဝါလီခံရမဲ့ ကိန်းဆိုက်နေပြီ။
အဲလိုနဲ့ ညနေခင်းတစ်ခုမှာ စိတ်ပျက်ပျက်နဲ့ ပန်းခြံ တစ်ခုက ထိုင်ခုံမှာ ထိုင်ပြီး စဉ်းစားနေတယ်။
သူ့ရဲ့  အခက်အခဲတွေကို စဉ်းစားနေရင်း စိတ်ညစ်သထက် ညစ်လာတယ်။
အဲဒီ အချိန်မှာ သူ့ရှေ့မှာ အဘိုးအို တစ်ယောက် လာရပ်တယ်။
အဘိုအိုက ပြောလိုက်တယ် “.... ဒီမယ် ငါ့သား မင်းမှာ အခက်အခဲကြီးကြီးရှိနေတယ် ဆိုတာ ငါသိတယ်...“ လို့ပြောလိုက်တယ်။
ကုမ္ပဏီ သူဌေးကလည်း “.... ဟုတ်ပါတယ် ကျနော်မှာ ကုမ္ပဏီက ကြွေးပတ်လည် ဝိုင်းနေပြီး မကြာခင် ဒေဝါလီခံရမဲ့ အခြေအနေ ဖြစ်နေပါပြီ ...“သူ့ရဲ့  ဖြစ်ကြောင်း စုံလင်ပြောပြတယ်။
အဘိုအိုကလည်း နားထောင်ပြီး ငါမင်းကို ကူညီ နိုင်လောက်ပါတယ် ဆိုပြီး မင်းနာမည် ပြော ဆိုပြီသူ့နာမည် မေးတယ်။
ပြီးတော့ သူ့အိပ်ထဲ ချက်လက်မှတ် စာအုပ်ထုတ်ပြီး ချက်တစ်စောင် ရေးပေးတယ်။
ချက်ထဲက ငွေ ပမာဏက ဒေါ်လာ ၅ သိန်း။ လက်မှတ်ထိုးထားတာ ..John D. Rockefeller တဲ့..
(ကျနော်တို့ မြန်မာတွေ က ရော့ဖဲလားလို့ သိကြတဲ့.. သူ့ခေတ်အခါက ကမ္ဘာ့ အချမ်းသာဆုံး သူဌေးကြီးလေ)။
အဘိုးအိုက စကား ဆက်ပြောတယ်။
မင်း ဒီချက်ယူသွားပြီး မင်းကုမ္ပဏီကို အဆင်ပြေအောင် ပြန်လုပ်။
နောက်နှစ် ဒီနေ့ ဒီရက် ဒီနေရာကို ပြန်လာခဲ့ ပြီး ငါ့ပေးတဲ့ ငွေ ပြန်ဆပ်လို့ မှာလိုက်တယ်။
ကုမ္ပဏီ သူဌေးလည်း ခေါင်း တဆတ်ဆတ် ငြိမ့်ပြီး လက်ဆွဲနုတ်ဆက်တာပေါ့။
ခဏအကြာ အဖိုးအိုလညိး ပန်းခြံထဲက ပြန်ထွက်သွားတယ်။
အဲလိုနဲ့ ကုမ္ပဏီ သူဌေးဟာ အိမ်ပြန်ရောက်တော့ သူ့ဟာသူ ပြန်စဉ်းစားတယ်။
ဒီငွေတွေ သုံးပြီး လုပ်ငန်းပြန်ထောင်လာအောင် လုပ်လို့လည်းရတယ်။
ဒါပေမဲ့.. ဒီငွေတွေ မသုံးပဲ အဲ ဒီချက်လက်မှတ်ကို သိမ်းထားလိုက်မယ်။
ငါ့အစွမ်းအစနဲ့ ရအောင် လုပ်ကြည့်အုံးမယ်။
ဒီလို သူဌေးကြီးနဲ့ တွေ့လိုက်ရတာနဲ့တင် ငါ့စိတ်ဓါတ်တွေ တက်ကြွလာပြီး အားပိုရှိလာပြီ။
ငါ့ဟာ ငါအရင်ကြိုးစား ကြည့်မယ် မဖြစ်မှ ဒီငွေတွေ ထုတ်သုံးတာပေါ့ ဆိုပြီး တက်တက်ကြွကြွနဲ့ သူ့ လုပ်ငန်းတွေကို ပြန်ဦးဆောင်တယ်။
သူ့ကြွေးရှင်တွေနဲ့ တွေ့ပြီး ပိုကောင်းတဲ့ အကြွေးပေးခြေမှု ပုံစံတွေ ဆွေးနွေးတော့ သူ့တို့က လက်ခံပြီး အချိန်နောက်ဆုတ်ပေးတယ်။
နောက်ပြီး သူတက်တက်ကြွကြွ နဲ့ အလုပ်ပြန်လုပ်ရင်းနဲ့ သူ့ဖောက်သည် ဟောင်းတွေနဲ့ ပြန်ချိတ်မိပြီး ပရောဂျက် အသစ်တွေ ရလိုက်တယ်။
အဲလိုနဲ့ တစ်နှစ်ပြည့်ခါနီး အချိန်မှာ ကြွေးမှီတွေ အကုန်ကင်းသွားပြီး သူ့လုပ်ငန်းလည်း တော်တော်အောင် မြင်လာတယ်။
အဲလိုနဲ့ တစ်နှစ်တိတိပြည့်တဲ့နေ့မှာ အဘိုးအိုနဲ့ တွေ့ခဲ့တဲ့ ပန်းခြံထဲမှာ ပြန်စောင့်နေတယ်။
သူ့လက်ထဲမှာလည်း သူဌေးကြီး ရော့ဖဲလား ပေးခဲ့တဲ့ ချက်လက်မှတ်နဲ့။
နောက်ပြီး သူ့ရဲ့ အောင်မြင်အောင် လုပ်ခဲ့ပုံ အကြောင်းတွေကိုလည်း သူဌေးကြီး ရော့ဖဲလားကို ပြောပြာမယ် ဆိုပြီး စဉ်းစားထားတယ်။
သူစောင့်နေတဲ့ အချိန်မှာပဲ အဘိုးအို သူဌေးကြီး ရော့ဖဲလား ဟာ သူထိုင်နေတဲ့ နေရာရောက်လာတယ်။
သူလည်း ဝမ်းသာအားရနဲ့ အဘိုးအိုရဲ့  ချက်လက်မှတ်ကို ပြန်ပေးလိုက်ပြီး လက်ဆွဲနူတ်ဆက်လိုက်တယ်။
ပြီးတော့ သူ့အောင်မြင်မှုတွေ ပြောပြဖို့ ပြင်လိုက်တယ်။
အဲဒီ အချိန်မှာ အဘိုးအို နောက်က နပ်စ့် မ တစ်ယောက် အပြေးလေး ရောက်လာပြီး ရှင်သူ့ကို ဖမ်းထားပေးတာ ကျေးဇူးပါ။
သူ့က အဲလိုပဲ အိမ်ကထွက်ပြေး သွားတတ်တယ်။ ပြီးတော့ သူ့ကိုယ်သူလည်း သူဟာ သူဌေးကြီး ရော့ဖဲလား လို့ကြွားတတ်တယ်။
ရှင်ရော အကြွားခံလိုက်ရပြီလားလို့မေးလိုက်တယ်။
ကုမ္ပဏီ သူဌေးလူရွယ်ဟာ ဘာမှ မပြောနိုင်ပဲ ဆွံအသွားပြီး ဘာမှ ပြန်မဖြေနိုင်ပဲ အံသြတဲ့ အကြည့်နဲ့ပဲ အဘိုးအိုနဲ့ နပ်စ့် မ ကို လိုက်ကြည့်နေမိတယ်။
နပ်စ့် မ က အဘိုးအိုရဲ့  လက်မောင်း ကိုင်ပြီး ပန်းခြံထဲက ထွက်ခွာသွားတယ်။
သူ့လက်ထဲက ချက်လက်မှတ်က သူဌေးကြီး ရော့ဖဲလား အစစ်ရဲ့  လက်မှတ် မဟုတ်ပဲ အတိတ်မေ့နေတဲ့ အဘိုးအို တစ်ယောက်ရဲ့  ချက်လက်မှတ်တဲ့..။
သူ့ကိုယ်သူ သူဌေးကြီး ရော့ဖဲလား လို့ထင်နေတဲ့ အတိတ်မေ့နေတဲ့ အဘိုးအို တစ်ယောက်ရဲ့  ချက်လက်မှတ်တဲ့..။
ဒါပေမဲ့ ဒီချက်လက်မှတ်လေးဟာ သူ့ကို ဒုက္ခနွံထဲက ဆွဲထုတ်ခဲ့တယ်။
သူ့ကို ခွန်အားတွေ ပေးခဲ့တယ်။ သူ့ကို စိတ်ဓါတ် တက်ကြွစေခဲ့တယ်။
ဘာပဲဖြစ်ဖြစ် သူ့ရင်ထဲမှာတော့ ဒီအဘိုအိုဟာ သူဌေးကြီး ရော့ဖဲလားအစစ်ပါပဲ...။
ဒီဇာတ်လမ်းလေးကို စဉ်းစားကြည့်ရင် အဓိက က ကိုယ့်ရဲ့ စိတ်ပါပဲ..။
စိတ်ပျက်လက်ပျက်ဖြစ်နေချိန်မှာ အရှုံးတွေ ဆက်တိုင်ရင်ဆိုင်ရမှာ ဖြစ်ပြီး။
စိတ်ဓါတ် တက်ကြွပြီး အားတက်လာတဲ့ အချိန်မှာ အကုန်လုံးက အကောင်းဘက်ကို ဦးထည်ပြီး အောင်မြင်မှုတွေ ရလာတာပေါ့..။
စိတ်ဟာ မြေကွက်လပ်တစ်ခုနဲ့ တူပြီး ဒီအတိုင်းပစ်ထားရင် အမှိုက်သရိုက်တွေ အလေ့ကျပေါက်တဲ့ အပင်တွေနဲ့ ရှုပ်ရှက်ခတ်ပြီး တန်ဖိုးမဲ့ နေမှာပေါ့။
မြေကွက်လပ်မှာ တန်ဖိုးရှိတဲ့ အပင်တွေ စနစ်တကျစိုက်မယ်။ ရေလောင်း ပေါင်းသင်မယ်။
အမှိုက်သရိုက်လည်း စနစ်တကျ ရှင်းလင်းမယ်ဆိုရင် တန်ဖိုးရှိတဲ့ မြေကွက်လပ်လေး ဖြစ်နေမှာပေါ့..။
ဒါကြောင့် အရမ်းတန်ဖိုးရှိတဲ့ စိတ်ဓါတ်ကို ဒီအတိုင်းပစ်မထားပဲ တန်ဖိုးရှိတဲ့စာတွေဖတ် အဖိုးတန်တဲ့ ပညာတွေလေ့လာမှသာ
အဖိုးတန်တဲ့ စိတ်ဓါတ်တွေ အောင်မြင်တဲ့ ဘဝတွေ ပိုင်ဆိုင်လာနိုင်မှာပါလို့ ဖတ်မိသမျှ ဝေမျှလိုက်ပါတယ်။
Recommended for you-မိဘမဲ့တစ်ဦးဖြစ်တဲ့ Rolex နာရီ ကုမ္ပဏီတည်ထောင်သူရဲ့ နောက်ကြောင်း!
Ref; A Short Story on Self Confidence