အဲဒီ ပုလင်းမှာ ထူးခြားချက်တွေ ရှိတယ်။ အရက်ပုလင်းကို အ၀ိုင်းပုံပုလင်းတွေနဲ့ ထည့်ရောင်းကြပေမဲ့ ဂျော်နီလမ်းလျှောက်က လေးထောင့်ပုလင်းနဲ့ ရောင်းတယ်။ ဒီတော့ ပုလင်းလဲကျရင် ပုလင်းဝိုင်းတွေလို မလိမ့်ဘူး။ ထောင်ထားတဲ့ ပုလင်းကို အမူးသမားတွေ မတော်တဆ တိုက်မိပြီး လဲကျတာ ဖြစ်လေ့ဖြစ်ထရှိတယ်။ လဲကျပြီး လိမ့်တယ်။ စားပွဲအောက်ကို ခုန်ဆင်းပြီး ပုလင်းကွဲတယ်။ ဂျော်နီလမ်းလျှောက်က လေးထောင့်ဆိုတော့ မလိမ့်ဘူး။ လဲကျရင် လဲကျတဲ့ နေရာမှာပဲ နေတယ်။
ပုလင်းပတ်က ၂၄ ဒီဂရီတိတိ စောင်းထားတယ်။ ၀ဲဘက်ကနေ ယာဘက်ကို ထောင်တက်သွားတယ်။ အရက်ပုလင်းတွေကြားမှာ ခပ်လှမ်းလှမ်းကနေကြည့်ရင် ဂျော်နီလမ်းလျှောက် ၀ီစကီပုလင်းမှန်း တန်းပြီး သိစေတယ်။ ပြီးတော့ စောင်းလိုက်တော့ အလျား ပိုရှည်သွားတယ်။ စာလုံးတွေကို ပိုကြီးလို့ ရသွားတယ်။ ဒီတော့ စာလုံးတွေကို ပိုမြင်သာနေစေတယ်။
၂၀၁၈ ခုနှစ်ကမ္ဘာ့အမျိုးသမီးများနေ့မှာ မက်ဒေါနယ်က သူ့ရဲ့ လိုဂို M ကို ဇောက်ထိုးလုပ်ပြီး W ဖြစ်စေပြီး Women အမျိုးသမီးတွေကို ဂုဏ်ပြုတယ်။
ဂျော်နီလမ်းလျှောက်ကလည်း အမျိုးသမီးတွေကို အမျိုးသားများနည်းတူ တန်းတူနေရာပေးလိုက်ပါတယ်။ Jane Walker Edition ဆိုပြီး အမျိုးသမီး တစ်ဦး လမ်းလျှောက်နေတဲ့ လိုဂိုဒီဇိုင်းနဲ့ မတ်လဆန်းမှာ စတင်ထုတ်လုပ်ဖြန့်ချိလိုက်ပါတယ်။

Johnnie Walker မှာ အမည်း ဘလက်၊ အနီ၊ ရက်ဒ်နဲ့ အပြာ ဘီလူး ဆိုပြီး အရောင်နဲ့ ခွဲခြားပြီးရောင်းချတာမှာ အရောင်ကွာရင် ဈေးကွာတယ်။ အမည်းဘလက်က ဈေးအမြင့်ဆုံးဖြစ်ပြီး ယခု အမျိုးသမီးထုကို တန်းတူနေရာပေးတာမှာ အမည်းဘလက် ဈေးအမြင့်ဆုံးဖြင့် ထုတ်လုပ်လိုက်တယ်။ အထဲမှာပါတဲ့ စတော့ဝီစကီကတော့ ဂျော်နီလမ်းလျှောက်မှာ ပါတဲ့အတိုင်း အတူတူပဲလို့ ဆိုပါတယ်။ ကွာခြားတာက ဂျိန်းလမ်းလျှောက် တစ်ပုလင်းရောင်းရတိုင်း ရောင်းရငွေထဲမှ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို အမျိုးသမီးရေးရာ လှုပ်ရှားမှုပြုနေတဲ့ အမြတ်အစွန်းမရှာတဲ့ အဖွဲ့အစည်းတွေကို လှူဒါန်းမှာ ဖြစ်ပါတယ်။
ဥပမာအားဖြင့် နယူးယောက်ရဲ့ Central Park မှာ မော်ကွန်းတင် ရုပ်တုတွေ ရှိနေတာမှာ သမိုင်းဝင်ရုပ်တု ၂၃ ခု ရှိတယ်။ တစ်ခုမှ တကယ်အပြင်မှာရှိတဲ့ အမျိုးသမီး တစ်ဦးဦးကို ဂုဏ်ပြုပြီး ထားရှိတာ မပါဘူး။ ဒီတော့ ဂုဏ်ပြုထိုက်တဲ့ အမျိုးသမီးတစ်ဦးဦးကို ရုပ်တုထားရှိပြီး ဂုဏ်ပြုဖို့ စည်းရုံးလှုံ့ဆော်နေတဲ့ Monumental Women အဖွဲ့အစည်းကို လှူဒါန်းငွေ ပေးအပ်မှာဖြစ်ပါတယ်။
Read-အမျိုးသမီးများနေ့ကို ဂုဏ်ပြုလိုက်တဲ့ McDonald's ရဲ့ကြော်ငြာစိတ်ကူး