Global

ဇူလိုင်လမှာ Burger King logo အဘယ့်ကြောင့် ခရစ်စမတ် ဦးထုပ်ပါ သနည်း။

Read 1982 times
ဇူလိုင်လမှာ Burger King logo အဘယ့်ကြောင့် ခရစ်စမတ် ဦးထုပ်ပါ သနည်း။

 

တကယ်လို့ ၂၀၂၀ခုနစ်ကျော်လွန်သွားခဲ့ရင် ကောင်းတဲ့အရာတွေလာမယ်လို့ မျှော်လင့်နေကြမယ်ဆိုတာ ကျွန်တော်တို့ အားလုံး သဘောတူကြမှာ အသေချာပါပဲ။

 

ကျွန်တော်တို့နဲ့ အတူ Burger Kingကလည်း ထပ်တူခံစားပြီး အစီအစဉ်တစ်ခုကို ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၎င်းအစီအစဉ်ကတော့ ဒီနှစ်ကို ကျော်ပြီး နောက်နှစ်သစ် ၂၀၂၁ခုနှစ်ရဲ့ ခရစ်စမတ်(Christmas)ပွဲကို ကြိုပြင်ဆင်မှာပဲ ဖြစ်ပါတယ်။

 

Burger Kingရဲ့ campaignအသစ်နာမည်ကတော့ “Christmas in July”ပဲ ဖြစ်ပါတယ်။ Burger Kingဟာ ဆိုင်ကို ရေခဲပန်းဆွဲများ၊နှင်းပွင့် အဆောင်အယောင်များ၊အရောင်အသွေးစုံလင်တဲ့ သစ်ပင်ကြီးများ နှင့် အနီရောင်မီးပန်းခွေများ၊ နှင်းအတုများနဲ့ ပြင်ဆင်ထားပြီး ဆိုင်ဝန်ထမ်းတွေက Santa ဦးထုပ်များဆောင်းထားမှာပဲ ဖြစ်ပါတယ်။

 

campaign အသစ်အရ စားသုံးသူတွေဟာ ကိုယ်ကြိုက်နှစ်သက်ရာ Menuနှစ်ခုကိုရွေးနိုင်ပြီး ၎င်းအတွက် အမေရိကန်ဒေါ်လာ ၅ကျပ်ပဲ ကျသင့်မှာ ဖြစ်ပါတယ်။

 

" ကျွန်တော်တို့တွေက ဒီလိုအစီအစဉ်တွေကို အစောကတည်းက ကျင်းပချင်ခဲ့တာပါ။ ဒါမဲ့ ၂၀၂၀က ကျွန်တော်တို့အတွက် တကယ်ကို မလွယ်ကူတဲ့ နှစ်တစ်နှစ် ဖြစ်နေပါတယ် "လို့ Burger Kingမှ တာဝန်ရှိသူတစ်ယောက်က ပြောကြားခဲ့ပါတယ်။

 

REF: WERSM