Marketing


Read 2157 times


 


 


 

 

 

 


 


 


 

>>> Unicode <<<

 

KFC နဲ့ Crocs ပူးပေါင်းပြီး ကြက်ကြော်ပုံးပုံ ဖိနပ်ထုတ်လုပ်

-----------------

 

Crocs , ဖိနပ်နဲ့လုပ်ငန်းတွေတော်တော်များများ ပူးပေါင်း ပြီး Marketing ကိစ္စ ရပ်တွေရော ၊ Fashion ပိုင်းဆိုင်ရာ ကိစ္စ ရပ်တေ ွမှာ အမြဲ လှုပ်ရှားတာတွေ့ရပါတယ်။

 

ယခုအခါမှာတော့ Crocs ဟာ KFC နဲ့ ပူးပေါင်းကာ KFC ကြက်ကြော်ပုံး ပုံစံ ခြေထိုး ဖိနပ် ဒီဇိုင်းကို ပြု လုပ်ဖန်တီးထားတယ်သိရပါတယ်။ထို ဖိနပ် ဒီဇိုင်းက Limited Edition ထွက်ရှိထားတာပါတဲ့။

 

KFC ရဲ့ ဈေးကွက်မြှင့်တင်ရေး ပိုင်းဆိုင်ရာ အကြီးအကဲ ဖြစ်သူ Andrea Zahumensky ပြောကြားချက်အရတော့ " KFC ရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ ကြက်ကြော်ပုံး ပုံစံနဲ့ အခုလို Crocs ကနေပြီး

ဖိနပ်ထုတ်လုပ်တာ Fashion လောက အတွက် အိမ်မက်တစ်ခုပါပဲ " ဆိုကာ ပြောကြားခဲ့ပါတယ်။

 

Artists, Designers & Illustrators (ဒီဇိုင်နာများ၊ ပုံဆွဲသူများနှင့် ဒီဇိုင်းပညာရှင်လုပ်ငန်းများ(၇၁)ခုကိုရှာရန်နှိပ်ပါ၊)

 

Crocs ရဲ့ ဈေးကွက်မြှင့်တင်ရေး ပိုင်းဆိုင်ရာ အကြီးအကဲ ဖြစ်သူ Terence Reilly ထပ်မံ ပြောကြားတာ ကတော့ " အခုလို KFC နဲ့ ပေါင်းပြီး အမှတ်အသား တစ်ခု ပြု လုပ်တာက ကိုယ်တွေကို

အားပေးတဲ့ ပရိသတ်တွေအတွက် စိတ်လှုပ်ရှားပြီး မတူတဲ့ရသကို ပေးချင်လို့ ပါ သည့် အပြင်

 

ကိုယ်တွေရဲ့ ခြေထိုး ဖိနပ်ကို ပုံစံပိုမိုဆန်းသစ်စေတာပေါ့ ဆိုကာပြောကြားခဲ့ပါတယ်။ထို အဆိုပါ KFC ပုံး ပုံစံ ခြေထိုး ဖိနပ်ဟာ တကယ့် ကြက်ကြော် ပုံးနဲ့ တောင်မှား နိုင်ပြီး ထို ခြေထိုး ဖိနပ်မှာ ကြက်ကြော်ရနံ့ ထည့်ထားပါတယ်တဲ့။

 

ထို အဆိုပါ ဖိနပ် ကို ဈေးကွက် မြှင့် တင်ရေး ပွဲ များတွက် လက်ဆောင်ပေးဝေမယ်သိရပြီး သက်သက် ဝယ်ချင်တယ်ဆိုရင်တော့ ဒေါ်လာ ၆၀ ကျသင့် မှာပါ။

 

Image result for KFC and Crocs

 

Source From Adweek

 

Myanmar Advertising Directory