Marketing

KFC အရုပ် အရောင်းမြှင့်တင်ရေး အကြီးအကျယ် ပြစ်တင်ဝေဖန်ခံရ

Read 4863 times
KFC အရုပ် အရောင်းမြှင့်တင်ရေး အကြီးအကျယ် ပြစ်တင်ဝေဖန်ခံရ


တရုတ်နိုင်ငံမှ ထိပ်တန်းစားသုံးသူအဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ China Consumers Association (CCA)က KFC ရဲ့ အစားအသောက်အရောင်းမြှင့်တင်မှုကို သပိတ်မှောက်ရန် တောင်းဆိုခဲ့ပြီး အစားအစာစွန့်ပစ်ခြင်းကို အားပေးအားမြှောက်ပြုတယ်လို့ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
အရောင်းမြှင့်တင်တဲ့ ဆွဲဆောင်မှုကြောင့် အချို့စားသုံးသူများကို အစားအသောက်များ အရူးအမူး ဝယ်ယူမိစေတယ်လို့ ဆိုပါတယ်။

KFC က တရုတ်နိုင်ငံမှ ကစားစရာလုပ်ငန်း Pop Mart နဲ့ တွဲပြီး အရောင်းမြှင့်တင်ရေး ဆောင်ရွက်ခဲ့ပါတယ်။
KFC က သတ်မှတ်ထားတဲ့ စားစရာအတွဲကို ဝယ်ယူရင် အရေအတွက် ကန့်သတ်ထားတဲ့ Dimoo အရုပ်ကလေးတွေ လက်ဆောင်ရရှိပြီး စုဆောင်းနိုင်မှာ ဖြစ်ပါတယ်။
အထဲမှာ ဘယ်အရုပ်ပါသလဲ ပေးမသိတဲ့ ဘူးတွေကို သတ်မှတ်ထားတဲ့ စားစရာအတွဲ ဝယ်ယူမှသာ လက်ဆောင်အဖြစ် ပေးအပ်တဲ့အတွက် အရုပ်လိုချင်ဇောဖြင့် စားစရာကို အလွန်အကျွံ ဝယ်မိစေတယ်လို့ CCA ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စားသုံးသူတစ်ဦးက အရုပ်တွေ ရယူစုဆောင်းလိုတာကြောင့် ယွမ် ၁၀,၄၉၄ ဖိုး ဝယ်ယူခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၁.၆၄၉ ဖိုး ဝယ်ယူတာ ဖြစ်ပါတယ်။ စားစရာအတွဲ ၁၀၀ ကျော်ကို ဝယ်ယူပြီး လက်ဆောင်ပေးတဲ့ အရုပ်တွေကို ရယူပါတယ်။ စားစရာတွေကိုတော့ လွှင့်ပစ်လိုက်ပါတယ်။

KFC တရုတ်ပြည်မှာ ပထမဆုံးဆိုင် ဖွင့်လှစ်ခဲ့တဦ ၃၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လက်ဆောင်ပေးတဲ့ အရောင်းမြှင့်တင်ရေးကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ မှ စလို့ တရုတ်ပြည်မှာ အစားအစာလေလွင့်တာကို တိုက်ဖျက်ဖို့ စည်းရုံးလှုံ့ဆော်မှုတွေ ဆောင်ရွကနေပါတယ်။ ပန်းကန်ထဲမှ စားစရာ ပြောင်အောင်စား "Clean Plate Campaign" ကို လုပ်ဆောင်လျက် ရှိပါတယ်။

bbc.com

 

kfc toy.jpg