Digital Marketing

Kim Kardashian West သည် Instagram သုံးစွဲမှု ရပ်ဆိုင်းမည်

Read 1821 times
Kim Kardashian West သည် Instagram သုံးစွဲမှု ရပ်ဆိုင်းမည်

Instagram သုံးစွဲမှု ရပ်ဆိုင်းမည်ဟု ပြောကြားခဲ့သည်။ 

Kardashian West သည် Instagram တွင်  followers ၁၈၈ သန်း ရှိပြီး သူမ၏  Facebook page တွင် ၂၉ သန်းကျော် ရှိသည်။

Instagram post တစ်ခုတွင် influencer အဖြစ် ပုံတစ်ပုံ တင်လျှင် အမေရိကန်ဒေါ်လာ သုံးသိန်းမှငါးသိန်းအထိ ယူနေကျ ဖြစ်သည်။

Instagram ၏မိခင်ကုမ္ပဏီဖြစ်သည့် Facebook နှင့် ၎င်း၏သတင်းမှားများနှင့်အမုန်းတရားများ ပိတ်ပင်တားဆီးပေးနိုင်ခြင်း မရှိသည့်အပေါ် ဆန့်ကျင်မှုကိုဆန့်ကျင်ဆန္ဒပြ ရာတွင်အခြား နာမည်ကြီးသုံးစွဲသူများနှင့်ပူးပေါင်ူပါဝင်မည်ဟု ပြောကြားခဲ့သည် ။

Leonardo DiCaprio, Jennifer Lawrence, Orlando Bloom, Kerry Washington နှင့် Sacha Baron Cohen တို့သည်ဆန္ဒပြပွဲတွင်ပါ ၀ င်ကြမည် ဖြစ်သည်။

"Instagram နှင့် Facebook မှ တစ်ဆင့် သင်တို့ကို တိုက်ရိုက်ချိတ်ဆက်နိုင်တာ မှန်ပေမဲ့  အမုန်းပြန့်ပွား ဝါဒဖြန့်ခြင်းနှင့် သတင်းမှား ဖော်ပြခြင်းတို့ကို ခွင့်ပြုထားတာ ဆက်လက်ဖြစ်ပေါ်နေချိန်မှာ အသံတိတ်ဆိတ်နေလို့ မဖြစ်ဘူး" ဟု Kardashian က post တွင်ရေးသားခဲ့သည်။

ဆိုရှယ်မီဒီယာတွင် သတင်းအချက်အလက် အမှားများ မျှဝေခြင်းသည် ကျွန်ုပ်တို့၏ ရွေးကောက်ပွဲများအပေါ်  သက်ရောက်မှု ကြီးမားပြီးကျွန်ုပ်တို့၏ဒီမိုကရေစီကိုအားနည်းစေသည်ဟု သူမကပြောသည်။ Facebook အား #StopHateForProfit ကို တောင်းဆိုဖို့  Instagram နှင့် Facebook အကောင့်တို့အား ရပ်ဆိုင်းထားလိုက်တော့မည်ဖြစ်ရာ သူနှင့်အတူ ပူးပေါင်း ပါဝင်ကြဖို့ကိုလည်း ဖိတ်ခေါ်ထားသည်။