မေး။ King Media ကို ဘယ်နှစ်ခုနှစ်က စတင် တည်ထောင်ခဲ့တာပါလဲ။
ဖြေ။ ၂၀၁၄ ခုနှစ်က စတင် တည်ထောင်ခဲ့ပါတယ်။
မေး။ ဘယ်လိုကြော်ငြာလုပ်ငန်း အမျိုးအစားတွေကို ၀န်ဆောင်မှု ပေးနေပါသလဲ။
ဖြေ။ Outdoor Advertising ကြော်ငြာအမျိုးအစားပါ။ ရရှိနိုင်တဲ့ ၀န်ဆောင်မှုတွေကတော့…

မေး။ King Media ကနေ ၀န်ဆောင်မှု ရယူထားတဲ့ နာမည်ကြီး ကုမ္ပဏီတချို့ကို ပြောပြပေးပါ။
ဖြေ။ ၀န်ဆောင်မှု ရယူထားတဲ့ ကုမ္ပဏီတွေကတော့...
မေး။ ၂၀၁၈ ခုနှစ်အတွင်းမှာ ထူးထူးခြားခြား ၀န်ဆောင်မှု ပေးခဲ့ရတာလေးတွေ ရှိရင် ပြောပြပေးပါရှင်။
ဖြေ။ ထူးထူးခြားခြား လုပ်ပေးဖြစ်ခဲ့တာ တစ်ခုတော့ ရှိတယ်။ Idea တွေ စဉ်းစားပြီး Creation ပါ လုပ်ပေးတာပါ။ ကုမ္ပဏီတစ်ခုအနေနဲ့ ဈေးကွက်ကို ထိုးဖောက်ဖို့အတွက် ဘယ်လိုဒီဇိုင်းတွေ လုပ်သင့်တယ် ဆိုတာမျိုး အကြံဥာဏ်ပေးတယ်၊ Product ဒါမှမဟုတ် Sevice နဲ့ လိုက်ဖတ်တဲ့ Designs တွေ Brands Guidelines တွေ ကို Create လုပ်ပေးတယ်။
မေး။ အခြားမြို့နယ်တွေမှာ ရုံးခွဲတွေ ထပ်ဖွင့်ဖို့ အစီအစဉ်ရှိလား၊ ဘယ်လိုလုပ်ငန်းတွေ ဆက်လက် တိုးချဲ့သွားဦးမလဲ။
ဖြေ။ လက်ရှိမှာ ရန်ကုန်နဲ့ မန္တလေးမှာ ရုံးခွဲတွေ ဖွင့်ထားပါတယ်။ တောင်ကြီးမှာ ထပ်ဖွင့်ဖို့ အစီအစဉ်လည်း ရှိပါတယ်။ ကြော်ငြာလုပ်ငန်းတင် မကပဲ အခြားလုပ်ငန်းဖြစ်တဲ့ Personal Care Product တစ်ခုကိုလည်း ၂၀၁၆ ခုနှစ်ကတည်းက စပြီး Distribution လုပ်နေပါတယ်။ ထပ်ပြီး တိုးချဲ့သွားမှာပါ။

မေး ။ ကြော်ငြာလုပ်ငန်းနဲ့ ပတ်သတ်ပြီး အစ်ကို့ရဲ့ လုပ်ငန်းအတွေ့အကြုံလေး အနည်းငယ်လောက် မျှဝေပေးပါ။
ဖြေ။ ကျွန်တော်က Sales & Marketing နယ်ပယ်မှာ ၁၈ နှစ်လောက် လုပ်လာခဲ့တာပါ။ ပြီးတော့ Brand Marketing နယ်ပယ်မှာလည်း ၅ နှစ်၊ ၆ နှစ်လောက် လုပ်ခဲ့ဖူးပါတယ်။ အဲဒီက အတွေ့အကြုံတွေကို ယူပြီး ကိုယ်ပိုင် Outdoor Advertising ကုမ္ပဏီလေးတစ်ခု စထောင်ခဲ့တာပါ။ ဒီအတွေ့အကြုံတွေကြောင့် ကိုယ့်ရဲ့ Customer တွေ စိတ်တိုင်းကျ ဆောင်ရွက်ပေးနိုင်တယ်၊ သူတို့ ကြော်ငြာချင်တဲ့ အတိုင်း ထိထိမိမိဖြစ်အောင် လုပ်ပေးနိုင်တယ်။ ပြီးတော့ ကြော်ငြာလုပ်ငန်းနဲ့ ပတ်သတ်ပြီးတော့ အခက်အခဲတွေတော့ အများကြီး မရှိပါဘူး။ ကိုယ်က ကုမ္ပဏီကြီးတွေမှာ Sales & Marketing Manager Level နဲ့ လုပ်ခဲ့တယ်၊ အတွေ့အကြုံတွေကြောင့် လုပ်ငန်းက ပိုပြီး အဆင်ပြေခဲ့ပါတယ်။

မေး။ ဒီနှစ်အတွင်းမှာ ကြော်ငြာလုပ်ငန်းတွေရဲ့ အခြေအနေ ဘယ်လိုဆက်ဖြစ်နိုင်မလဲဆိုတာ အစ်ကို့ရဲ့ အမြင်လေး ပြောပေးပါဦးရှင်။
ဖြေ။ Outdoor Advertising လုပ်ငန်းတွေ ပိုမို ကျယ်ပြန့်လာဦးမှာပါ။ လုပ်ငန်းပြိုင်ဘက်တွေ အရမ်းများလာတယ်။ ကြော်ငြာကုမ္ပဏီတွေကလည်း အပြိုင်အဆိုင် ပိုကောင်းအောင် လုပ်လာကြတယ်။ ပြီးတော့ စီးပွားရေးလုပ်ငန်းတွေကလည်း ကြော်ငြာကဏ္ဍအတွက် ဘတ်ဂျက်တွေကို အပြိုင်အဆိုင် သုံးစွဲလာကြတယ်။ International မီလာတယ်လို့ ပြောလို့ ရပါတယ်။ Creation တွေလည်း အရမ်းကောင်းလာပါတယ်။ ကျွန်တော်တို့တောင် မနည်း အမှီလိုက်နိုင်အောင် ကြိုးစားနေရပါတယ်။

မေး။ King Media ကို ဆက်သွယ်လို့ရမယ့် လိပ်စာ၊ ဖုန်းနံပါတ် စတာတွေကို ပြောပြပေးပါ။
ဖြေ။ ရန်ကုန်လိပ်စာကတော့ အမှတ် ၁၀၀၊ မြေညီထပ်၊ မြို့မ ၁၃ လမ်း ( အရှေ့ )၊ ၄ ရပ်ကွက်၊ ရှုခင်းသာမြို့ပတ်လမ်း၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်၊ မန္တလေး လိပ်စာကတော့ … ဖြစ်ပါတယ်။ ဖုန်းနံပါတ်တွေကတော့ 0943174574, 09767637585 နဲ့ 09774009095 ကို ဆက်သွယ်လို့ ရပါတယ်။
အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် Myanmar Advertising Gude မှ အထူးကျေးဇူးတင်ပါတယ်ရှင်။
အချက်အလက်များ ကြည့်ရှုရန် Link