Life Hacks

ဒူးထောက် ချလိုက်ရတဲ့ အချိန် ဆိုတာ...

Read 5195 times
ဒူးထောက် ချလိုက်ရတဲ့ အချိန် ဆိုတာ...

 

အဲဒီ့အချိန်တွေမှာ ရှုံးနိမ့်သွားကြတော့တာပါပဲ...
.
တိတိပပပြောရရင်တော့ "အခက်အခဲ" တွေကို "ရှုံးနိမ့်ခြင်း" လို့ မြင်သွားတဲ့အခါ တကယ် ရှုံးသွားတာပါပဲ..
.
အခက်အခဲဆိုတာ လူတိုင်းမှာရှိတယ်။ ဖြူတဲ့သူ.. မဲတဲ့သူ.. လှတဲ့သူ.. မလှတဲ့သူ.. ချမ်းသာတဲ့သူ.. ဆင်းရဲတဲ့သူ..

အားလုံးမှာ ကိုယ်စီအခက်အခဲတွေ ရှိတတ်ကြတယ်..။

ကွာသွားတာက အောင်မြင်တဲ့သူက အခက်အခဲကို ကျော်လွှားပြီး..

မအောင်မြင်တဲ့သူက အခက်အခဲရှေ့မှာ ဒူးထောက်ချလိုက်တယ်..။

ဒါပဲ ကွာသွားတာ...။
.
ဒီတော့ ကြုံလာတဲ့အခက်အခဲတွေကို ရှုံးနိမ့်ခြင်းလို့ မမြင်မိဖို့လိုတယ်။
.
ဒီတစ်နည်းနဲ့ မအောင်မြင်ရင် နောက်တစ်နည်းနဲ့ ကြိုးစားရမယ်။

နောက်တစ်နည်းနဲ့မှ မရရင် နောက်ထပ်တစ်နည်း။

ဒီတစ်ခေါက်နဲ့ မအောင်မြင်ရင် နောက်တစ်ခေါက် ကြိုးစားရမယ်။

နောက်တစ်ခေါက်မှ မရရင် နောက်ထပ်တစ်ခေါက်။
.
အဲဒီ့လိုတွေးတတ်တဲ့သူတွေအဖို့ ရှုံးနိမ့်ခြင်းဆိုတာ မရှိဘူး။

မအောင်မြင်သေးတာပဲ ရှိတော့တယ်။

(ရှုံးနိမ့်တာနဲ့ မအောင်မြင်သေးတာက အတော်ကိုကွာခြားတယ်နော်)
.
ဒီတော့ တစ်ခုခု ကြုံလာတိုင်း လက်လျော့ရမယ့် ရှုံးနိမ့်ခြင်းလို့ မတွေးဘဲ ကျော်လွှားရမယ့် အခက်အခဲလို့ တွေးရင်း

ရှေ့ဆက်ခရီးတွေ အများကြီးဆက်နိုင်ပါစေဗျာ...။

Recommended for you-အခက်အခဲ နဲ့ ဖိအားဆိုတာ ကြောက်စရာမဟုတ်ပါဘူး

Credit; orginal uploader