စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ က “တရုတ်နိုင်ငံဘက်ကမြန်မာလုပ်ငန်းရှင်တွေကို တက်ရောက်နိုင်ဖို့ ဖိတ်ကြားထားတာဖြစ်ပါတယ်။ တရုတ်ကုန်သွယ်ရေးနိုင်ငံတကာကုန်သည်ကြီးများအသင်း၊ ယူနန်ကုန်သည်များ က ကျွန်မတို့ နိုင်ငံကို ဖိတ်ကြားထားတာဖြစ်ပါတယ်။ ပွဲက ပွဲကြီးဖြစ်လို့ စိတ်ဝင်စားတဲ့ မြန်မာလုပ်ငန်းရှင်တွေ အတွက် သူတို့ဆီကို တိုက်ရိုက်ဆက်သွယ်လို့ရတယ်လို့ပြောထားတယ်’’ ဟုဆင်ဟွာသို့ နိုဝင်ဘာ ၁၁ ရက်တွင် ပြောသည်။
အဆိုပါပြပွဲတွင် စားသောက်ကုန်ပစ္စည်းများ၊ ဝိုင်နှင့်အဖျော်ယမကာများ၊ အထည်အလိပ်၊ အဝတ်အထည်များနှင့်ဖိနပ်များ၊ အိမ်သုံးပစ္စည်းများ၊ လက်မှုပစ္စည်းများ၊ အလှအပ ဆိုင်ရာပစ္စည်းများဖြစ်သော မိတ်ကပ်နှင့် Skin Care များ၊ ကျောက်စိမ်းနှင့်လက်ဝတ်ရတနာများ၊ စိုက်ပျိုးရေးနှင့်လယ်ယာထွက်ကုန်များ၊ ဒေသထွက်ကုန်များ၊ ပရိဘောဂများ၊ ခရီးသွားနှင့်အားလပ်ချိန်ဆိုင်ရာ ထုတ်ကုန်များကို စိတ်ဝင်စားသော မြန်မာကုန်မ္ပဏီများအနေဖြင့် ဝင်ရောက် ပြသနိုင်ကြောင်း သိရသည်။
ပြခန်းစီစဉ်နေရာချထားခြင်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၃ ရက်မှ ၂၄ ရက် အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပြီးပြပွဲသို့ ဝင်ရောက်ပြသလိုသော မြန်မာ လုပ်ငန်းရှင်များအနေဖြင့် လျှောက်လွှာအား ပြည့်စုံစွာဖြည့်စွက်၍ Mr. Qin 86-871-63140323၊ Ms. Du 86-871-63155519၊ Ms. Yang 86-871-63164700၊ Email: [email protected]၊ [email protected] သို့ ပေးပို့ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝဝ်ရေးဝန်ကြီးဌာနမှ သိရသည်။
Source :Xinhua