Global

ရှားပါးတိရစ္ဆာန် ( ၁၀ ) မျိုးရဲ့ လိုဂိုပုံနဲ့ ကန့်သတ် ထုတ်လုပ်လိုက်တဲ့ ပိုလိုရှပ်

Read 2788 times
ရှားပါးတိရစ္ဆာန် ( ၁၀ ) မျိုးရဲ့ လိုဂိုပုံနဲ့ ကန့်သတ် ထုတ်လုပ်လိုက်တဲ့ ပိုလိုရှပ်

မျိုးတုံးလုနီးပါး ဖြစ်နေတဲ့ တိရစ္ဆာန် ( ၁၀ ) မျိုးကို လိုဂို ပြုလုပ်ထားတာ ဖြစ်ပြီး လိုဂိုတစ်ခုချင်းအတွက် ထုတ်လုပ်တဲ့ ပိုလိုရှပ် အရေအတွက်ဟာ ကမ္ဘာပေါ်မှာ ကျန်ရှိတဲ့ တိရစ္ဆာန်ဦးရေကို ကိုယ်စားပြုထားတာ ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယား လင်းရှူး ၃၀၊ မြန်မာခေါင်အုပ်အရာပါ လိပ် ၄၀၊ လီမာမျောက် ၅၀၊ ဂျာဗာကြံ့ ၆၇၊ ကောင်ဗစ် မျောက်လွှဲကျော် ၁၅၀၊ ကာကာပို ကြက်တူရွေး ၁၅၇၊ ကယ်လီဖိုးနီးယား အကြီးစားလင်းတ ၂၃၁၊ စောင်လာသမင် ၂၅၀၊ ဆုမာတြာကျား ၃၅၀ နဲ့ အနီဂါဒါဖွတ် ၄၅၀ ဆိုပြီး စုစုပေါင်း ပိုလိုရှပ်ဖြူ အထည် ၁၇၇၅ ထည်ကိုသာ ကန့်သတ်ထုတ်လုပ်တာပါ။

Social Media တွေမှာ Hashtag ကို ဘယ်နှခုထိ သုံးသင့်လဲ

အဲဒီ ပိုလိုရှပ် အကျီင်္အဖြူ တစ်ထည်ကို အမေရိကန်ဒေါ်လာ ၁၈၅ နဲ့ ရောင်းချခဲ့ပြီး ထုတ်ပြီး မကြာခင်မှာပဲ အင်္ကျီအားလုံး ရောင်းကုန်ခဲ့ပါတယ်။ အဲဒီအင်္ကျီ ၁၇၇၅ ထည်ကနေ ရောင်းရငွေ အမေရိကန်ဒေါ်လာ ၃၂၈,၃၇၅ ဒေါ်လာ ရရှိခဲ့ပါတယ်။

Lacoste ဟာ International Union for Conservation of Nature နဲ့ အတူပူးပေါင်းပြီး Save Our Species စည်းရုံးလှုံ့ဆော်မှု အစီအစဉ်မှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

တင်းနစ်ကစားသမားတွေ ဖြစ်တဲ့ René Lacoste နဲ့ André Gillier တို့က ၁၉၃၃ ခုနှစ်မှာ Lacoste ကို စတင် တည်ထောင်ခဲ့ကြတာ ဖြစ်ပြီး အခုဆိုရင် ( ၈၆ ) နှစ် သက်တမ်းရှိပါပြီ။

Lacoste ဟာ ပြင်သစ်ကုမ္ပဏီတစ်ခုဖြစ်ပြီး အ၀တ်အစား၊ အားကစားဝတ်စုံ၊ ခြေအိတ်၊ မျက်မှန်၊ ရေမွှေး၊ နာရီ၊ ဖိနပ် စတဲ့ အသုံးအဆောင်ပစ္စည်းများစွာကို ထုတ်လုပ် ရောင်းချပါတယ်။

အစိမ်းရောင် မိကျောင်း လိုဂိုပုံလေးကို မြင်လိုက်တာနဲ့ လူတွေက ဒါ Lacoste ပဲလို့ တန်းသိကြတဲ့အထိ နာမည်ကြီးတဲ့ အ၀တ်အစား ကုမ္ပဏီတစ်ခုပဲ ဖြစ်ပါတယ်။

Su Mon Oo

Myanmar Advertising Directory