Global

Lauren Powell Jobs ဟာ စီးပွားရေးလုပ်ငန်းရှင် တစ်ယာက်ဖြစ်လာဖို့ ဘယ်လိုရပ်တည်ခဲ့ရသလဲ

Read 1463 times
Lauren Powell Jobs ဟာ စီးပွားရေးလုပ်ငန်းရှင် တစ်ယာက်ဖြစ်လာဖို့ ဘယ်လိုရပ်တည်ခဲ့ရသလဲ

လော်ရင်းပေါင်း ၀ဲလ်ဂျော့ဘ်စ်ဟာ Emerson Collective (EC) အဖွဲ့အစည်းတည်ထောင်သူ အမှုဆောင်အရာရှိနဲ့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပါတယ်။ ဒါအပြင် သူဟာ ကောလိပ်ကျောင်းတက်ဖို့ စရိတ်မတတ်နိုင်တဲ့ အထက်တန်းကျောင်းသားတွေကို ကူညီတဲ့ College Track အဖွဲ့ကို ပူးတွဲတည်ထောင်သူနဲ့ ဥက္ကဋ္ဌလဲ ဖြစ်တယ်။ သူဟာ Apple Inc ပူးတွဲ တည်ထောင်သူနဲ့ စီအီးအိုဟောင်း စတိဗ်ဂျော့ဘ် ရဲ့ဇနီးဖြစ်ပြီး ယခု ကလေးသုံးယောက်နဲ့အတူ ကယ်လီဖိုးနီးယားပြည်နယ်၊ ပါလိုအော်လ်တိုမြို့မှာ နေထိုင်တယ်။ သူဟာ Lauren Powell Jobs Trust အဖွဲ့ကိုလည်း စီမံခန့်ခွဲပါတယ်။

 

Emerson Collective ရဲ့ အဓိကဦးစားပေး လုပ်ငန်းအတော်များများဟာ ၁၉၉၇ ခုနှစ်က လော်ရင်းတည်ထောင်ခဲ့တဲ့ College Track အစီအစဉ်ရဲ့ လုပ်ဆောင်ချက်တွေက ပုံဖော်ပေးရတာပါ။ ယခုအခါ College Track ဟာ အုတ်ကလင်း၊ ဆန်ဖရန်စစ္စကို၊ နယူးအော်လင်း၊ လော့စ်အိန်ဂျလိစ်နဲ့ ကော်လိုရာဒိုပြည်နယ်၊ အော်ရိုးရားမြို့တွေက ကျောင်းသူကျောင်းသား ဦးရေနှစ်ထောင်ကျော်နဲ့ အတူ လက်တွဲလုပ်ကိုင်လျက်ရှိပါတယ် အဲဒီအစီအစဉ်မှာပါဝင်တဲ့ အထက်တန်းအောင် သူတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကျော်ဟာ ကောလိပ်ကျောင်း ဆက်တက်ကြပြီး ဒီအစီအစဉ်အရ ဘွဲ့ရရှိသူဦးရေဟာလည်း တခြားဝင်ငွေနည်း ကျောင်းသားဦးရေရဲ့ နှစ်ဆရှိပါတယ်။

Matsushita (မတ်ဆုရှိတ) ဟာ Panasonic ကို ဘယ်လိုတည်ထောင်ခဲ့သလဲ?


လော်ရင်းဟာ EC နဲ့ CT တို့အပြင် Jew School Venture Fund ၊ Teach For All ၊ OZY Media ၊ Conservation International နဲ့ Standard University တို့ရဲ့ ဒါရိုက်တာအဖွဲ့တွေမှာလည်းပါဝင်ပြီး Council of Foreign Relations မှာ ဥက္ကဋ္ဌရဲ့ အကြံပေးအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ပင်ဆယ်ဗေးနီးယားတက္ကသိုလ်မှ B.A နဲ့ B.S.E ဘွဲ့ တွေရပြီး Standard စီးပွားရေးတက္ကသိုလ်မှာ MBA ဘွဲ့ရရှိထားပါတယ်။ သူဟာ အစောပိုင်းက ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းတွေမှာ နှစ်ပေါင်းများစွာ လုပ်ခဲ့ပြီးနောက်တော့ ကယ်လီဖိုးနီးယားမှာ သဘာဝစားသောက် ကုန်လုပ်ငန်းကုမ္ပဏီတစ်ခုက ပူးတွဲတည်ထောင်ခဲ့ပါတယ်။


၂၀၁၅ ခုနှစ်မှာ EC ဟာ ပညာရေးနည်းပညာကုမ္ပဏီ Amplify ရဲ့ အဓိက ရင်းနှီးမြှုပ်နှံသူဖြစ်လာပါတယ်။ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှာ EC ဟာ စီးပွားရေးနည်းပညာ၊ နိုင်ငံရေးနဲ့မီဒီယာရေစီးကြောင်းတွေ ကိုအသားပေးတဲ့ သတင်းဝက်ဘ်ဆိုက် Axios Media အတွက် Series A ရန်ပုံငွေရင်းနှီးမြှုပ်နှံခဲ့တယ်။ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်မှာ The Atlantic မဂ္ဂဇင်းရဲ့ ရှယ်ယာအများဆုံးကို EC က ၀ယ်ယူရာ အဲဒီမဂ္ဂဇင်းရော ယင်းရဲ့ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ Atlantic Media Strategies နဲ့ တစ်မူထူးခြားတဲ့ပွဲတွေ ကျင်းပခြင်းတို့ကိုပါ EC က ပိုင်ဆိုင်တယ်။ EC ဟာ ၂၀၁၇ ခု နှစ်နောက်ပိုင်း လာမယ့်သုံးနှစ်မှ ငါးနှစ် အတွင်း Atlantic ကို ရာနှုန်းပြည့်ပိုင်ဆိုင် ဖို့စိတ်ကူးထားကြောင်း Washington Post က အစီရင်ခံပါတယ်။ ၂၀၁၇ ခုနှစ်၊ သြဂုတ် လ ၁ ရက်နေ့မှာ Startup ၊ Reply All နဲ့ Homecoming အစီအစဉ်တွေ ထုတ်လွှင့် တဲ့ Podcasting ခေါ် အင်တာနက်ရေဒီယို ချန်နယ် Gimlet Media က EC နဲ့ Stripes Group တို့ အပါအ၀င် ရင်းနှီးမြှုပ်နှံသူတွေထံမှ ဘဏ္ဍာငွေအသစ်တွေ ရယူခဲ့ကြောင်း ကြေညာခဲ့ပါတယ်။


Source; CEOMyanmar

Myanmar Advertising Directory