လုပ်ခဲ့ကြပါတယ်။ 2005 ခုနှစ်မှာ IBM ဆီက စားပွဲတင်ကွန်ပျူတာလုပ်ငန်းကို ၀ယ်လိုက်တာဟာ ပြင်ပ ပစ္စည်းတွေနဲ့
သဟဇာတ မဖြစ်တဲ့ ကိစ္စကို အဆုံးသတ်လုနီးပါး ဖြစ်သွားခဲ့ပါတယ်။
Lenovo မှ ခန့်အပ်ထားတဲ့ အနောက်နိုင်ငံရှိ အမှုဆောင် အရာရှိချူပ် နှစ်ယောက်ကလည်း လုပ်ငန်းတွေ အောင်မြင်အောင် မလုပ်နိုင်ခဲ့ပါဘူး။
အဲ့ဒီလိုအခက်အခဲတွေနဲ့ တွေ့ခဲ့ပေမဲ့ သူ့ရဲ့ အံ့သြတုန်လှုပ်စရာ ကောင်းလောက်အောင်အောင်မြင်မှုကတော့ အံ့မခန်းပါပဲ။ မကြာသေးခင် နှစ်တွေတုန်းက Lenovo ဟာ
Hew Lett-Packard (HP) ရဲ့ ရှေ့ကို ကျော်တက်ပြီး ကမ္ဘာ့ အကြီးဆုံး ကွန်ပျူတာ အရောင်းကုမ္ပဏီ ဖြစ်သွားပြီလို့ Garter ဆိုတဲ့ အတိုင်ပင်ခံ လုပ်ငန်းကြီး က ကြေညာ လိုက်ပါတယ်။
ခုဆိုရင် Lenovo ဟာ ဂျပန် နဲ့ ဂျာမနီ အပါအ၀င် အကြီးဆုံး စားပွဲတင် ကွန်ပျူတာ ဈေးကွက်ကြီး ခုနှစ်ခုထဲက ငါးခုရဲ့ နံပါတ် (၁) နေရာကိုရောက်နေပါပြီ။
Lenovo ဟာ အကြီးအကျယ်ကျဆုံးပြီးမှ အားလုံးရဲ့ ထိပ်ဆုံးမှာ ပြန်ရှင်သန်လာနိုင်တာရဲ့ အကြောင်းအရင်းအများစုက ကုမ္ပဏီရဲ့ လက်ရှိ အကြီးအကဲက
ဖက်တွယ်ထားတဲ့ “ကာကွယ်ရင်း တိုက်ခိုက်ပါ’’ ဆိုတဲ့ စွန့်စားလုပ်ကိုင်တဲ့ မဟာဗျူဟာ ကြောင့်ပါပဲ။
2009 ခုနှစ်မှာ Yang Yuanqing တာဝန်ယူ လိုက်ပြီးတာနဲ့ သွက်သွက်လက်လက် ပဲ သူ့ရဲ့ဗျူဟာကို စတင်လှုပ်ရှားခဲ့ပါတယ်။ သူ့ရဲ့ ဗျူဟာကို ဒီလိုနည်းနဲ့ လက်တွေ့ အသုံးချခဲ့တာပါ။
ဝန်ထမ်းအား ဖောင်းပွနေတာကို ကုစားဖို့ ဆန္ဒ ပြင်းပြခဲ့တဲ့ အတွက် IBM ဆီက လွှဲယူလိုက်တဲ့ ၀န်ထမ်းတွေရဲ့ ဆယ်ပုံတစ်ပုံကို လျှော့ပစ်လိုက်တယ်။
အဲ့ဒီနောက်မှာတော့ ဈေးကွက်အသစ်တွေကို ကုန်ပစ္စည်း အသစ်တွေနဲ့ ထိုးဖောက်တိုက်ခိုက်ရင်း သူ့အတွက် အမြတ် တွေရှာပေးနေတဲ့ ကော်ပိုရေးရှင်း ရဲ့
စားပွဲတင် ကွန်ပျူတာ အရောင်းနဲ့ တရုတ်ဈေးကွက်ဆိုတဲ့ ဌာနကြီး နှစ်ခုကိုကာကွယ်ထားခဲ့ပါတယ်။
Lenovo ရဲ့ လုပ်ငန်းကို ကွပ်ကဲနေတဲ့ Amar Babo ကတောင် ဒီကုမ္ပဏီရဲ့ မဟာဗျူဟာက တခြား ထွန်းသစ်စ ဈေးကွက်တွေ အတွက် သင်ခန်းစာ ပေးနေတယ်လို့ ပြောဆိုခဲ့ပါသေးတယ်။
အဲ့ဒီမဟာဗျူဟာရဲ့ ဖြန့်ဖြူးရေး ကွန်ရက်ကြီးက အရမ်းကိုကြီးမားကျယ်ပြန့် ပါတယ်။ Lenovo ရဲ့ ကုန်ပစ္စည်းတွေကို နိုင်ငံတော်တော် များများမှာ ရရှိနေပါပြီ။
အခုဆိုရင် Lenovo ဟာ ကမ္ဘာ့ဈေးကွက်ဝေစုရဲ့ 16% နားကိုကပ်လာနေပါပြီ။ ဒီလို အောင်မြင်မှုတွေ ရရှိနေတာဟာ Lenovo ရဲ့ ထင်ရှားတဲ့ ဗျူဟာကြောင့်ပဲ ဖြစ်ပါတယ်။
Read-လမ်းဟောင်းကနေ ဖောက်ထွက်ပြီး ဆန်းသစ်တဲ့ အိုင်ဒီယာတွေနဲ့ အလုပ်လုပ်ကြရအောင်
Source; Executive