Global

Levi မှ LGBTQ အထောက်အပံ့ ကြော်ငြာ Campaign

Read 1628 times
Levi မှ LGBTQ အထောက်အပံ့ ကြော်ငြာ Campaign

 

အခုဆိုရင်တော့ အဆိုပါ Queer Britain အဖွဲ့အစည်းဟာ ပထမဦးဆုံး ဗြိတိန်ရဲ့ LGBTQ ပြတိုက်ကိုဆောက်လုပ်မှာဖြစ်ပြီး ထိုပြတိုက်တွင်ပြသဖို့ LGBTQ များရဲ့ ရင်ထဲမှာလာသော အဖွင့်စာများကို အနာဂတ်ရဲ့ ပြတိုက်အထောက်အထားများအဖြစ်ပြသဖို့ နောင်လာနောင်သား LGBT လူငယ်များ ရှေ့က လူကြီးများရဲ့ အတွေ့အကြုံကို လေ့လာနိုင်ရန် ၊ စည်းပူးနိုင်ရန်ထားပေးမယ်သိရပါတယ်။

 

အဆိုပါစာများဟာ ဗြိတိန်နိုင်ငံရဲ့ လူငယ်တွေအတွက် သူတို့ရှေ့က LGBT တွေရဲ့ ဂုဏ်သိက္ခာ ရှိခဲ့ပုံတွေ သမိုင်းကြောင်း လှခဲ့ပုံတွေ ကို စုစီးတင်ပြထားမယ် လူငယ်တွေ လွယ်ကူစွာလာကြည့်လို့ရစေရန် ၊ ပြန်လည်ဂုဏ်ယူပြောပြနိုင်လောက်အောင်ဖော်ပြထားပေးမယ်သိရပါတယ်။

 

ပေးပို့တဲ့စာများကို ရှုထောင့်အသီးသီးမှ ရေးနိုင်မယ်၊ ကိုဗစ်က LGBT တွေအတွက် ဘယ်လောက်ထိခိုက်သလဲ ကအစ ရေးနိုင်ပါမယ်။ ထို့အပြင်စာတွေကို Queer Britain နဲ့ Leviစာတိုက်ရုံးချုပ်များသို့အသံဖိုင်ပို့နိုင်မယ်။

 

အခုဆိုရင်တော့ Levi မှ အထောက်အပံ့ပေးထားတဲ့ Campaign မှာပါဝင်မယ့်လူတွေက -

 

ဗြိတိန်မှအစ္စလာမ် ဘာသာ ကိုးကွယ်သူ Drag Queen တစ်ဦးဖြစ်တဲ့ Asifa Lahore

 

Vogue နဲ့ Sunday Times မှနာမည်ကြီး စာရေးဆရာ Raven Smith

 

လူငယ်အလုပ်သမားရေးရာအဖွဲ့အစည်းမှ ဆုရရှိထားသူ Tanya Compas

 

ရုပ်ရှင် ဒါရိုက်တာဖြစ်သူ Jake Graf

 

စစ်တပ်မှ ခေါင်းဆောင် Hannah Graf MBE

 

စာရေးဆရာနဲ့ ကိုယ်ဟန်ပြသမား Crystal Rasmussen

 

စာရေးဆရာ ၊ ကဗျာဆရာ ၊ ဂျာနယ်လစ် Otamere Guobadia

 

Sink the Pink ရဲ့ ဒုတိယတည်ထောင်သူ Glyn Fussell စတဲ့သူတွေပဲဖြစ်ပါတယ်။

 

 

Myanmar Advertising Guide