English စာသင်တဲ့ ဆရာတစ်ယောက်အနေနဲ့ လုပ်ကိုင်ခဲ့ပါတယ်။ အဲ့ဒီ English စာကျွမ်းကျင်မှုကြောင့်လည်း သူ့ ကို ဒီအခြေအနေထိ ရောက်အောင်တွန်းတင်ပေးနိုင်ခဲ့တဲ့ လှေခါးထစ်တွေဖြစ်ခဲ့ပါတယ်။
အခုပြောပြချင်တာက သူ ဘယ်လို Alibaba ကိုတည်ထောင်ခဲ့တယ်ဆိုတာကို ပြောချင်တာမဟုတ်ပါဘူး။ သူ English စာကိုဘယ်လို လေ့လာခဲ့တယ်ဆိုတာကို ပြောပြချင်တာပါ။
၁၉၇၂ နှစ် Jack Ma အသက် ၈ နှစ်အရွယ်လောက်မှာ အမေရိကန်သမ္မတ နစ်ဆင်ဟာ တရုတ်နိုင်ငံကို သမိုင်းတွင်မယ့် ချစ်ကြည်ရေးခရီးစဉ်လာရောက်ခဲ့ပြီး တရုတ်သမ္မတ မော်စီတုန်းနဲ့ တွေ့ ဆုံခဲ့ပါတယ်။ သမ္မတနစ်ဆင်နဲ့ အတူ သတင်းထောက်တွေ၊ မီဒီယာတွေ စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်လာခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ တရုတ်နိုင်ငံထဲကို နိုင်ငံခြားသားတွေ တဖြည်းဖြည်းလာရောက်လာကြပါတယ်။
Jack Ma ဟာ ငယ်စဉ်ကတည်းက English ဘာသာရပ်ကို စိတ်ဝင်စားခဲ့ပါတယ်။ သူပထမဦးဆုံးစဖတ်ခဲ့တဲ့ English စာအုပ်က Mark Twin ရဲ့ The Adventure of Tom Sawyer ပါ။ အဲ့ဒီနောက်ပိုင်းမှာတော့ English ဘာသာနဲ့ ထုတ်လွှင့်တဲ့ radio တွေကိုနားထောင်ခဲ့ပါတယ်။
သူအသက် ၁၄ နှစ်အရွယ် ၁၉၇၈ လောက်မှာတော့ တရုတ်ကို နိုင်ငံခြားသားတွေ လာရောက်လည်ပတ်တာ အယင်ကထက်များလာပါပြီ၊ ထောင်ဂဏန်းလောက်ရှိလာပါပြီ။ Jack Ma ဟာ အင်္ဂလိပ်စာ ကိုလေ့ကျင့်ဖို့ အတွက် အခွင့်အရေးတစ်ခုကို စဉ်းစားမိလာပါတယ်။ အဲ့ဒါကတော့ လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား တွေနဲ့ စကားပြောခွင့်ရဖို့ပါပဲ။ အဲ့ဒီလို ပြောခွင့်ရဖို့ အတွက် မနက်တိုင်း မိုးမလင်းခင်အိပ်ယာကထပြီး သူတို့  မြို့ထဲမှာရှိတဲ့ နိုင်ငံခြားသားတွေ တည်းခိုနေတဲ့ဟိုတယ်ဆီကို စက်ဘီး နဲ့ မိနစ် ၄၀ လောက်စီးပြီးသွားခဲ့ ပါတယ်။
နိုင်ငံခြားသားတွေမထွက်လာသေးခင် ဟိုတယ်ရှေ့ မှာရှိတဲ့ အင်္ဂလိပ်စာအုပ်တွေကို ဖတ်ရှူခဲ့တယ်။ နိုင်ငံခြားသားတွေက မနက်ခင်းဆို ဟိုတယ်နားမှာရှိတဲ့ ရေကန်မှာလမ်းလျှောက်ကြတယ်။ အဲ့ဒီအချိန်ကို စောင့်ပြီး Jack Ma ဟာ နိုင်ငံခြားသားတွေကို အဖော်ပြုပြီး လမ်းတူတူလျှောက်ပြီး မြို့ အကြောင်းကို ရှင်းပြပေးတယ်။ နိုင်ငံခြားသားတွေဆီကနေ အင်္ဂလိပ်စကားကို သင်ယူခဲ့တယ်။ အဲ့ဒီလို နေ့ စဉ်ဆက်တိုက် မိုးရွာရွာ၊ နှင်းကျကျ လုပ်ခဲ့တာဟာ ၉ နှစ်တိတိပါပဲ။
အဲ့ဒီကနေမှတဆင့် လာရောက်လည်ပတ်တဲ့ လူတွေထဲမှာ သူ့ ရဲ့ ဘ၀ရှေ့ ရေးကို ထောက်ပံ့ပေးနိုင်မယ့် လူတွေနဲ့ ပါ တွေ့ရှိခဲ့ပါတယ်။ ဒါက သူဌေးကြီး Jack Ma ရဲ့ English စကားကို လေ့ကျင့်ခဲ့တဲ့ အကြောင်း လေးပါ။
အခုခေတ်မှာ အသိပညာတွေရဖို့ အဲ့ဒီလောက်မခက်ခဲ့တော့ပါဘူး။ အင်တာနက်လည်း အလွယ်တကူ ရနေနိုင်ပါပြီ။ ဘာသာရပ်တစ်ခုကို လေ့လာဖို့ လည်း မခက်ခဲတော့ပါဘူး။
ခက်ခဲနေတာတစ်ခုက လုပ်ချင်စိတ်၊ ကြိုးစားချင်စိတ်၊ ကိုယ့်အားကိုယ်ကိုးပြီး ရှာဖွေစူးစမ်းလိုစိတ်တွေ နည်းနေတာတစ်ခုပါပဲ။
အင်တာနက်ကိုအကျိုးရှိအောင်သုံးပါ။ အင်တာနက်ပေါ်ကနေသင်ယူပါ။ လေ့လာပါ။ ဘာသာစကားတစ်ခု တတ်မြောက်ခြင်းဟာ သင့်အတွက် အခွင့်အလမ်းတွေအများကြီးကို လမ်းဖွင့်ပေးနိုင်ပါလိမ့်မယ်။
Read-Oracle Corporation ဖြစ်တဲ့ Computer Software ကုမ္ပဏီတည်ထောင်သူ
Source: Learn English today