Digital Marketing

Like & Reached က သင့်ကြော်ငြာအတွက် ဘယ်လောက်အရေးပါလဲ?

Read 1327 times
Like & Reached က သင့်ကြော်ငြာအတွက်  ဘယ်လောက်အရေးပါလဲ?

ဒီလို ကြော်ငြာတဲ့နေရာမှာ Customer တချို့က Like ဘယ်လောက်ရလဲလို့ မေးတက်ကြပါတယ်။ လုပ်ငန်းရှင်တွေက သူတို့ကြော်ငြာထားတဲ့ Post ကို Boost လုပ်ရင် သူ့ Target က Reached ကို သွားတာပါ။ Like ရအောင် လုပ်တာမဟုတ်ပါဘူး။


Page Like ကတော့ ရှင်းပါတယ်။ ကိုယ့် Page ကို လူများများမြင်အောင် Like များအောင်လုပ်တာပါ။ ကိုယ်တိုင်လုပ်ရင်လဲ ရသလို Agency နဲ့အပ်လဲရပါတယ်။ ကိုယ်တိုင်လုပ်တာနဲ့ Agency အပ်တာနဲ့ ဘာကွာလဲဆိုတော့ Strategy တော့ကွာတာပေါ့။

Facebook Error ကြောင့် Digital Ads များ ဖန်တီးရာတွင် အဆင်မပြေဖြစ်နိုင်


Reached မှာကတော့ ၂မျိုးရှိပါတယ်။ Organic Reached နဲ့ Paid Reached ပါ။ Organic Reached ဆိုတာ ပိုက်ဆံမပေးရပဲ လူတွေစိတ်ဝင်စားလို့ နှစ်သက်လို့ရတဲ့ Reached ပါ။ Paid Reached ကတော့ ပိုက်ဆံပေးပြီးဝယ်ထားရတဲ့ Reached မျိုးဖြစ်ပါတယ်။ ဒီမှာ သတိထားရမှာက ပိုက်ဆံမပေးရပဲ ရတဲ့ Reached များလေလေ ကိုယ့်အတွက် ကုန်ကျငွေ သက်သာလေပါပဲ။ ဒါပေမဲ့ Boost မလုပ်ပဲရလားဆိုတော့ အပြည့်အ၀တော့မရပါဘူး။ Boost တော့လုပ်ရပါသေးတယ်။ Organic Reached ရဖို့က လုပ်ဆောင်ချက် (၃) ချက် အရေးကြီးပါတယ်။ အဲ့ဒါတွေကတော့

- Content ကောင်းရမယ်။
- Photo ရှင်းလင်းရမယ်။
- Post တင်တဲ့အချိန် မှန်ကန်ရမယ်။

ဒီ ၃ ချက် ရရင် သင့်ရဲ့ Post ဟာ Organic Reached များပါလိမ့်မယ်။


Source; TNOnlineMKT

Myanmar Advertising Directory