Global

Likes အရေအတွက်တွေကို ဖျောက်ပစ်ဖို့ စမ်းသပ်နေတဲ့ Facebook

Read 2130 times
Likes အရေအတွက်တွေကို ဖျောက်ပစ်ဖို့ စမ်းသပ်နေတဲ့ Facebook

ဒါပေမယ့် အခြားမလိုလားအပ်တဲ့ ပြဿနာတွေကြောင့် လူမှုကွန်ရက်စွဲလမ်းစွာ သုံးနေတာတွေကို ကန့်သတ်နိုင်မယ့် လုပ်ဆောင်ချက်တွေကို ဖန်တီးနေကြပါတယ်။ အခုတော့ Facebook က သူပိုင်တဲ့ Instagram မှာ စမ်းသပ်နေသလိုမျိုး “Like” Counts တွေကို ဖျောက်နေပါတယ်။

“Like” Counts ကို ပို့စ်ပိုင်ရှင်ကပဲမြင်ရပြီး အခြားလူတွေကမမြင်ရပါဘူး။ TechCrunch က မေးမြန်းရာမှာ Facebook က “Like” Counts ကို ဖျောက်နေတာကို စမ်းသပ်နေတယ်ဆိုတာ ဝန်ခံခဲ့ပါတယ်။ အဲဒီလုပ်ဆောင်ချက်ကို ကမ္ဘာအဝန်းမှာစမ်းသပ်နေတာတော့ မဟုတ်သေးပါဘူး။

Artists, Designers & Illustrators (ဒီဇိုင်နာများ၊ ပုံဆွဲသူများနှင့် ဒီဇိုင်းပညာရှင်လုပ်ငန်းများ(၇၁)ခုကိုရှာရန်နှိပ်ပါ၊)

“Like” Counts ကို ဖျောက်ရတဲ့ ရည်ရွယ်ချက်က လူမှုကွန်ရက်မှာ အပြိုင်အဆိုင်တွေ လျော့နည်းစေဖို့ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုတွေကို ဖယ်ရှားပေးဖို့ ဖြစ်ပါတယ်။ သုတေသန စစ်တမ်းများက လူမှုကွန်ရက် ပလက်ဖောင်းများဟာ အထူးသဖြင့် လူငယ်တွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေတာနဲ့ ပတ်သက်နေတယ်လို့ ဆိုပါတယ်။ လူမှုကွန်ရက်များမှာ Likes အရေအတွက်နဲ့ ထင်ပေါ်ကျော်ကြားမှုကို တိုင်းတာကြပါတယ်။ အဲဒီအတွက် “Like” ရတာ နည်းတဲ့ လူများဟာ စိတ်ဖိစီးမှုများ၊ စိတ်ဓါတ် ကျခြင်းများ ဖြစ်ပေါ်လေ့ရှိပါတယ်။

EDd1Y4BUEAANtCk.jpeg

Facebook Australia နဲ့ New Zealand ရဲ့ မူဝါဒ ဒါရိုက်တာ ဖြစ်သူ Mia Garlick က “ သုံးစွဲသူတွေဟာ နှစ်သက်တဲ့ အရာတွေကို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး မျှဝေနိုင်ပါတယ်။ သူများတွေ Likes ဘယ်လောက်ရသလဲ ဆိုတာ မသိတဲ့အတွက် စိတ်ဖိစီးမှုတွေမရှိတော့ပါဘူး။ “ လို့ ပြောပါတယ်။

Read More>>> လူတွေက ကြော်ငြာကို မကြည့်ချင်ကြဘူး။ ဒီတော့ ဘယ်လိုလုပ်ကြသလဲ။

Credit; Digital Times