Digital Marketing

LinkedIn မှာ Story တင်နိုင်ပြီ

Read 1825 times
LinkedIn မှာ Story တင်နိုင်ပြီ

 

LinkedIn ရဲ့ Story က ဘယ်လိုပုံစံမျိုးလဲ

------------------------------------

 

LinkedIn ရဲ့ Story က Instagram ပုံစံဆန်ဆန် Format အတိုင်းလာမှာဖြစ်ပြီး ၂၀ စက္ကန့်စာ ဗီဒီယို တစ်ဖြတ်လာမယ်သိရပါတယ်။ပိုပြီးတော့ ရင့်ကျက်တည်ငြိမ်တဲ့ ပုံစံနဲ့လာမှာပါ ထိုအထဲမှာသင့်သတင်း ၊ ကြော်ငြာစာ နဲ့ မီးမောင်းထိုးပြချင်တာကို ကွက်ကွက်ကွင်းကွင်းပြလို့ရမှာပါ။

 

ထို့အပြင် အခြား App များမှ My Day များနည်းတူ ၂၄ နာရီ မြင်တွေ့နိုင်မှာဖြစ်ပြီး ဖုန်းရဲ့ အလယ်နေရာမှာ အသားပေး ဖော်ပြမယ်လို့ သိရပါတယ်။ယနေ့ခေတ်မှာဆိုရင်တော့ ကုန်အမှတ်တံဆိပ်တွေက Story ကို စာသား အလှ တွေ စတေကာတွေနဲ့ လူတွေ စိတ်ဝင်စားအောင်ဖော်ပြနေပြီလို့ သိရပါတယ်။

 

ဘယ်ကုန်အမှတ်တံဆိပ်တွေက သုံးနေပြီလဲ

----------------------------------------

 

ကုန်အမှတ်တံဆိပ်တော်တော်များများကတော့ သုံးနေပါပြီ ပြင်သစ်မှ ကုန်အမှတ်တံဆိပ် Brand များ ၊ အမေရိကားမှ ကုန်အမှတ်တံဆိပ် Brand များ အပြင် ဘရာဇီးမှ ကုန်အမှတ်တံဆိပ် Brand များ ကပါ ဖန်တီးမှု ဆန်းသစ်ကာ သုံးစွဲနေပြီလို့ သိရပါတယ်။

 

Christian Dior ရဲ့ ဖက်ရှင် ကုန်အမှတ်တံဆိပ်ကြီးမှလဲ ၂၀၂၀ စက်တင်ဘာလ က စတင်တဲ့ ပဲရစ်ဖက်ရှင်ရက်သတ္တပတ်ပုံကို ၎င်းတို့ Story မှာတင်ထားတယ်တွေ့ရပါတယ်။အချို့လုပ်ငန်းတွေကလည်း Feature အသစ် ဖြစ်တဲ့ Story ကို အံဝင်ခွင်ကျ အသုံးပြုတတ်ရန် ၎င်း တို့ရဲ့ ကုန်ပစ္စည်းအသစ်များမိတ်ဆက်ရန် စမ်းသတ်အသုံးပြုနေကြပြီသိရပါတယ်။

 

LinkeIn Story နဲ့ ပတ်သက် အခြား အကြောင်းအရာတွေကရော

--------------------------------------------------------------------------

 

အခုဆိုရင် ဒီဇိုင်းသမားတွေ အနေနဲ့ ၎င်းတို့ဒီဇိုင်းကို လူတွေကိုချပြနိုင်မယ်။ အလုပ်ရှာနေတဲ့ လူတွေ အလုပ်လိုကြောင်း စာများကို My Day မှာရေးနိုင်မယ် သိရပါတယ်။ယူကေ ၊ အိုင်ယာလန်က မားကတ်တင်းဌာန ချုပ် Tom Pepper ပြောကြားချက် အရ '' LinkedIn Story က တော်တော်လေး ကောင်းပါတယ် ဒါဟာ Brand တွေရဲ့ စစ်မှန်မှုကို ပြသခွင့်ရပါတယ်တဲ့ ''

 

Myanmar Advertising Guide