Digital Marketing

LinkedIn နဲ့ ကြော်ငြာ

Read 1869 times
LinkedIn  နဲ့ ကြော်ငြာ

 

ထိုလူငယ်များမှာ လုပ်ငန်းခွင် ဝင်နေသောလူများသာဖြစ်ပါတယ်။ ၂၀၁၆ မှာ ဆိုရင် LinkedIn အသုံးပြု သူတွေ မှ တစ်လတွင် တင်တဲ့ ပိုစ့် အရေအတွက် ၁၃၀၀၀၀ အထိ ရှိခဲ့ တယ်သိရပါတယ်။ ထို့ ပြင် Linkedln ကို အသုံးပြုတဲ့ ထဲမယ် အမျိုးသမီးက ၄၆ ရာခိုင်နှုန်းရှိပြီး အမျိုးသားကတော့ ၅၄ ရာခိုင်နှုန်းရှိပါတယ်။လစဉ်လတိုင်း အသုံးပြုသူ ၃၀၃ မီလီယံ ရှိပြီး ထိုအထဲမှ ၄၀ ရာခိုင်နှုန်းဟာ နေ့စဉ် Linkedln ကို အသုံးပြုပါတယ်။ LinkedIn အသုံးပြုသူ များထဲမှ ၃ သန်းက နေ့တိုင်း content များ share ပြီး Active ဖြစ်တယ်သိရပါတယ်။

 

အကြီးစား influencers များ ၉၀ သန်း နှင့် ဆုံးဖြတ်ချက် ချရေး အရာရှိများ ၆၃ သန်း က LinkedIn ကို သုံးစွဲပါတယ်။ များသောအားဖြင့် လုပ်ငန်းလုပ်ကိုင်သူများသာ Linkedln ကို အသုံးပြုတာတွေ့ရပါတယ်။ အသုံးပြုမှုပိုင်းမှာ ဆိုရင်တော့ ကွန်ပျူတာ Desktop ဖြင့် Linkedln အသုံးပြုသူ ၆၀ သန်း အသုံပြုပြီး လက်ကိုင်ဖုန်းဖြင့် အသုံးပြုသူ ၂၀ သန်း ရှိပါတယ်။ The Fortune Global 500 ဝင်တဲ့ လုပ်ငန်းစု များရဲ့ ၉၂ ရာခိုင်နှုန်းကလည်း LinkedIn အသုံးပြုတယ်သိရပါတယ်။ B2B marketers တွေရဲ့ ၉၇ ရာခိုင်နှုန်းကလည်း LinkedIn ကို အသုံးပြု ကြပါတယ်။

 

LinkedIn မှာ ဘာတွေ ကြော်ငြာမလဲ …. စီးပွားရေးလုပ်ငန်းလုပ်ဆောင်နေသည့် သူများအတွက် အက်စပ်သည့်အရာများ ဥပမာ - MBA ကျောင်းကြော်ငြာများ ၊ ရုံးသုံး အကျိုးပြု Software များစသည်တို့ကို ကြော်ငြာနိုင်ပါတယ်။ ၅၃ ရာခိုင်နှုန်းသော Marketer တွေဟာ video လေးတွေတင်တာကို ပိုပြီးကောင်းမွန်တယ်လို့ ထောက်ခံ ကြပါတယ်။Graphic ဒီဇိုင်းလှလှ လေးများဖြင့် တင်သော Post တွေမှာ ဆိုရင် အောက်တွင် လူစည်ကားမှု ၉၈ ရာခိုင်နှုန်း အထိ ရှိတယ်သိရပါတယ်။ ထို့ကြောင့် LinkedIn မှာ ကြော်ငြာပါက Graphic ဒီဇိုင်းဆန်းဆန်း အသုံးပြုသင့်ပါတယ်။

 

LinkedIn ဟာ အခြား Facebook ၊ Instagram ၊ Snapchat ၊ Twitter တို့လို အစုံသုပ် နေရာတစ်ခုတော့ မဟုတ် ပါဘူး လုပ်ငန်းခွင် ဝင်နေပြီ ဖြစ်တဲ့ လူများ သီးသန့်ရှိတဲ့ နေရာပါ။ ကြော်ငြာရှင်များအတွက် သတင်းကောင်းကတော့ ၁ စက္ကန့်တွင် LinkedIn အသုံးပြုသူ နှစ်ယောက် ထက်မံ တိုးလာပြီး ၎င်းတို့ ရဲ့ LinkedIn အကောင့် အသစ်ကို စတင် အသုံးပြု နေတယ်သိရပါတယ်။