Global

ထူးချွန် ဂိုးသမားတွေ ကို ဂုဏ်ပြုတဲ့ Budweiser မှ ကြော်ငြာ Campaign

Read 1471 times
ထူးချွန် ဂိုးသမားတွေ ကို ဂုဏ်ပြုတဲ့ Budweiser မှ ကြော်ငြာ Campaign

အဆိုပါ ဂိုးသမားတိုင်းကိုပေးတဲ့ ပုလင်းတွေ မှာ ဘာစီလိုနာမှ ဘောသမား ၆၄၄ ဂိုး ဆိုကာ ပုလင်းတွင် ထွင်းထုပေးလိုက်တယ် သိရပါတယ်။ထို ဘီယာ ပုလင်းများနှင့် အတူ ပါလာတဲ့ စာတန်းကတော့ '' အရှုံးဆိုတာ တကယ်အလုပ်လုပ်တဲ့ ဂိုးသမားတွေကို ဖော်ညွှန်းပါတယ် အားကစားမှာ ပြိုင်ဘက်ဆိုတာမရှိပါဘူး တစ်ယောက်ထဲကွက် ဘုရင်ဖြစ်နေတာမျိုး မဟုတ်ပါဘူး '' ဆိုကာဖော်ပြသွားပါတယ်။

 

ပြီးနောက် ပုလင်းလက်ခံရရှိသူဂိုးသမားတွေ အကုန်လုံးဆိုရှယ် မီဒီယာပေါ်မှာတင်ကျတာတွေ့ရပါတယ်။ထိုထဲမှာမှ Gianluigi Buffon က ဘီယာတွေ အတွက် ကျေးဇူးတင်ပါတယ်။အားကစားလောကမှာတိုက်ပွဲဆင်လာခဲ့တာ ၊ Messi ရေ မင်းရဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ်။ထို့ပြင် Jan Oblak ပြောကြားခဲ့သည်က '' Leo ရေ မင်းရဲ့ ၆၄၄ ဂိုးအတွက်ကို ဂုဏ်ယူပါတယ်။အကောင်းဆုံး ဂိုးသမား ဖြစ်ဖို့ မျှော်လင့်ထားသူ မဟုတ်ပါဘူး ကျိုးစားနေတုန်းပါ သို့ပေမယ့် လက်ဆောင်တွေ အတွက်တော့ ကျေးဇူးတင်တယ် '' ဆိုကာရေးသားခဲ့ပါတယ်။

 

ဘီယာ ပုလင်းလက်ခံရရှိမှုအများဆုံးကတော့ Diego Alves ဖြစ်ပြီး သူနဲ့ ကစားခဲ့တဲ့ ပွဲတိုင်း Messi ရရှိဂိုး ၂၄ ဂိုးအတွက် ဘီယာ ပုလင်း ၂၄ ပုလင်းရရှိခဲ့တာပဲဖြစ်ပါတယ်။ပြီးနောက် Gorka Iraizoz (18 ဂိုး ) အတွက် ၁၈ ပုလင်း ၊ Iker Casillas နဲ့ Anders Fernandez တို့မှ ၁၇ ပုလင်းစီ ရရှိပြီး ပြိုင်ဘက်အသင်း ရီးရဲ မက်ဒရစ်အသင်းမှ ဂိုးသမား Thibaut Courtois က ၉ ပုလင်း ရရှိခဲ့ပါတယ်။ထို့အပြင် ပရီးမီးယားလိဒ်မှ မန်ယူ အသင်းမှ ဂိုးသမား David de Gea က ၆ ပုလင်းရရှိကာ ၊ စပါး အသင်းမှ Hugo Lloris မှ ၃ ပုလင်း ၊ လီပါပူး အသင်းမှ Alisson Becker နဲ့ Joe Hart တို့မှ ၂ ပုလင်းရရှိခဲ့ပါတယ် ကျန်ဘီယာပုလင်း ရရှိခဲ့သော ဂိုးသမားစာရင်း အောက်တွင်‌ဖော်ပြပေးထားပါသည်။

 

Image

Myanmar Advertising Guide 

 

Ref : Give me sportive me sport