Tips

Logo တစ်ခုတွင်စစ်ဆေးသင့်တဲ့အချက်များ

Read 1794 times
Logo တစ်ခုတွင်စစ်ဆေးသင့်တဲ့အချက်များ

(၁) လိုဂို Guideline ဒါမှမဟုတ် Brand Guideline တောင်းပါ။ အဲဒီ guideline က သင်ရှေ့ဆက်လုပ်ဆောင်မယ့် Marketing Activity များအတွက် လိုဂိုအသုံးပြုမှုဆိုင်ရာ သတ်မှတ်ချက်စည်းမျဉ်း၊ Consistency Of Logo Usage အား အခြားပူးပေါင်းလုပ်ကိုင်တဲ့ အဖွဲ့အစည်းတွေကိုအသိပေးဖို့ လိုပါတယ်။

 

(၂) အရောင်ပြည့် Complete လိုဂိုတင်မဟုတ်ပဲ One Colour Logo, တစ်ရောင်တည်းသုံးရမယ့် နေရာတွေအတွက်လိုဂိုအသုံးပြုပုံ၊ အနက်ခံပေါ်သုံးပုံ၊ အဖြူခံပေါ်သုံးပုံ၊ အဖြူအမဲလိုဂိုများပါ တောင်းဖို့လိုအပ်ပါတယ်။ အနာဂတ်မှာ သင့်လိုဂိုကို မည့်သည့်အရာ၊ မည်သည့်အရောင်ပေါ်တွင်မဆို တင်ရလွယ်ကူစေဖို့အတွက်ဖြစ်ပါတယ်။

 

(၃) အလွန်သေးငယ်တဲ့အရာ detail များ၊ မကွဲပြားသောအရာများ ပါမပါစစ်ပါ။ သင့်လိုဂိုကို ဘောလ်ပင်လိုမျိုး သေးငယ်တဲ့ အရာပေါ်မှာမြင်ကြည့်ပါ။ T-shirt ပေါ်ချည်ထိုးတယ်လို့ မြင်ကြည့်ပါ။ အချို့ အေဂျင်စီများက Minimum Logo Usage လို့ခေါ်တဲ့နေရာအနည်းငယ်သာ ရရင်သုံးသင့်တဲ့အနေအထားကိုပါ အကြံပြုဆွဲပေးလေ့ရှိတာကြောင့်ပါ။

 

(၄) file format စုံမစုံစစ်ပါ။ jpeg သာမက မူရင်း file ပါမပါစစ်ပါ။ အများအားဖြင့် လိုဂိုတွေကို Illustrator (.ai)Format နဲ့ရေးဆွဲလေ့ရှိပါတယ်။ အထူးသဖြင့် outdoor advertising များအတွက် အရည်အသွေးကောင်းမွန်တဲ့ လိုဂိုလိုအပ်လာရင် အဆင်သင့်ရှိနေစေဖို့ဖြစ်ပါတယ်။

 

Myanmar Advertising Directory