Global

Louis Vuittonက Shanghaiနှင့် Japanမှာ Fashion Showတွေကျင်းပဖို့ စီစဉ်

Read 1117 times
Louis Vuittonက Shanghaiနှင့် Japanမှာ Fashion Showတွေကျင်းပဖို့ စီစဉ်

 

၎င်းBrandရဲ့ အမေရိကန်ဒီဇိုင်နာ Virgil Ablohက ၂၀၂၁ နွေဦးရာသီ collectionကို သြဂုတ်လ ၆ ရက်နေ့ ရှန်ဟိုင်းမှာ ပြသမှာဖြစ်ပြီး နောက်တစ်ပွဲကို ဂျပန်မှာ ကျင်းပမှာဖြစ်ပါတယ်။ နှစ်ပွဲစလုံးက အများပြည်သူတို့ ကြည့်ခွင့်ရစေမှာဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။

 

Ablohက coronavirus ကူးစက်ရောဂါကြောင့် Paris အမျိုးသား fashion weekကို ပထမဆုံးကြိမ်အဖြစ် အွန်လိုင်းမှာ တိုက်ရိုက်ထုတ်လွှင့်တဲ့ postနှင့် ကာတွန်းpostကို ပြုလုပ်ပြီး Instagramမှာ ပြသခဲ့ပါတယ်။

 

အချို့သော ခန့်မှန်းချက်တွေအရ အာရှက ဇိမ်ခံအမှတ်တံဆိပ်တွေရဲ့ အရေးကြီးဆုံး စျေးကွက်ဖြစ်လာနိုင်ပြီး ၂၀၂၅ ခုနှစ်ရဲ့ ဝင်ငွေအတွက် တရုတ်တစ်နိုင်ငံတည်း ရောင်းချမှုက ထက်ဝက်နီးပါးရရှိနိုင်တယ်လို့ဆိုပါတယ်။

 

"ဒီလာမယ့်ပွဲဟာ စနစ်သစ်တစ်ခုကို အဆိုတင်သွင်းဖို့ ကျွန်တော်လုပ်ခဲ့သမျှတွေထဲက အကြီးမားဆုံးစွန်းစားမှုတစ်ခုပါပဲ"လို့ Virgil Ablohက Women’s Wear Daily သို့ ပြောကြားခဲ့ပါတယ်။

 

Coronavirusက ဖက်ရှင်လုပ်ငန်းကို မငြိမ်မသက်ဖြစ်စေတာကြောင့် ဒီဇိုင်နာတွေက ရာသီအလိုက် collectionနဲ့ စိတ်လှုပ်ရှားဖွယ် catwalk showတွေ ဘယ်လိုလည်ပတ်ရမလဲ ဆိုတာကို မေးခွန်းထုတ်ခဲ့ကြပါတယ်။

 

Ref:UnreservedMedia