Broadcasting

Mahar Mobile Application မှ ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကား ၂၀၀၀ ကျော် တစ်လတာ အခမဲ့ ပြသမည့်ကိစ္စ တွေ့ဆုံဆွေးနွေး

Read 12356 times
Mahar Mobile Application မှ ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကား   ၂၀၀၀ ကျော် တစ်လတာ အခမဲ့ ပြသမည့်ကိစ္စ တွေ့ဆုံဆွေးနွေး

ယနေ့ညနေပိုင်း တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌  တွေ့ဆုံပြီး ယင်းကုမ္ပဏီမှ  ရုပ်ရှင်နှင့်ဗီဒီယို ဇာတ်ကား နှစ်ထောင်ကျော် တစ်လတာ အခမဲ့ ပြသမည့်ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးသည်။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး ပြည်သူများ နေအိမ်တွင် နေထိုင်ကြရန် နှိုးဆော်ထားစဉ် ပြည်သူများ စိတ်အပန်းပြေစေရေးနှင့် စိတ်ဓါတ်မြှင့်တင်ပေးနိုင်ရေးကို အထောက်အကူပြုနိုင်ရန် Mahar Mobile Application မှ စုဆောင်း ထားသည့် ရုပ်ရှင်နှင့်ဗီဒီယို ဇာတ်ကား လေးထောင်ကျော်အနက်မှ နှစ်ထောင်ကျော်ကို တစ်လတာ အခမဲ့ပြသနိုင်ရန်အတွက် ထိုသို့ဆွေးနွေးကြခြင်း ဖြစ်သည်။

ABC Content Solution Co.,Ltd သည် မဟာရုပ်သံလိုင်း(Mahar Channel)၊ မဟာမိုဘိုင်း(Mahar Mobile App)၊ ပီတိဗီဒီယို (Piti Video) ထုတ်လုပ်ဖြန့်ချိရေးတို့အပြင် Mahar Youtube Channel နှင့် Mahar Facebook Page တို့ဖြင့် မီဒီယာ လုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ ယခုအခါ Mahar Mobile App မှ စုဆောင်းထားသည့် ရုပ်ရှင်နှင့်ဗီဒီယို ဇာတ်ကား များဖြစ်သည့် “ငဒူ၊ ဟန်းနီးမွန်း၊ ဖက်ရှင်၊ သားဘီလူး၊ ရွှေကြာ” စသည့် ဇာတ်ကားများ အပါအဝင် စုစုပေါင်း ဇာတ်ကား နှစ်ထောင်ကျော်ကို ယခုနှစ် ဧပြီ ၁ ရက်မှ ၃၀ ရက်အတွင်း ပြည်သူများ အခမဲ့ ကြည့်ရှုနိုင်ရန်အတွက် တစ်လတာ ကြည့်ရှုခွင့် Promo Code အရေအတွက် ပေါင်း သုံးသန်းကို လှူဒါန်းပေးဝေသွားမည်ဖြစ်ရာ ပြည်သူများအနေဖြင့် Mahar Mobile App သို့ ဝင်ရောက်ပြီး ဖော်ပြပါ Code နံပါတ်  ဖြင့် ကြည့်ရှုနိုင်မည် ဖြစ်သည်။

Code နံပါတ် 230320