Life Hacks

လက်နှစ်ဖက် မရှိပေမယ့် ကမ္ဘာကျော် မျက်လှည့်ဆရာ ဖြစ်လာခဲ့သူ

Read 327 times
လက်နှစ်ဖက် မရှိပေမယ့် ကမ္ဘာကျော် မျက်လှည့်ဆရာ ဖြစ်လာခဲ့သူ

လက်လှည့်၊ မျက်လှည့်ဆရာတစ်ယောက်ဖြစ်နိုင်တယ်ဆိုတာကို သက်သေပြခဲ့သူရှိပါတယ်။

သူ့ရဲ့ နာမည်ကတော့ Mahdi Gilbert ပါ။ ကနေဒါနိုင်ငံသား Hand Card Magician တစ်ယောက်ပါ။
သူ့အရပ်ကလည်း (၄)ပေ၊ (၆)လက်မပဲရှိပါတယ်။ Gilbert ရဲ့ လက်ဝဲဘက် လက်မောင်းဟာဆိုရင် တံတောင်ဆစ်အထိပဲ ပါပါတယ်။ ညာဘက်လက်ကတော့ တံတောင်ဆစ်ထက် ကျော်ပေမယ့် လက်ပုံစံမရှိပါဘူး။
အင်္ဂါမပြည့်စုံတဲ့ သူ့အနေနဲ့ မျက်လှည့်ပညာကို သူ့ရဲ့ကိုယ်ပိုင်နည်းလမ်းကို တီထွင်ပြီး သင်ယူခဲ့ရတာပါ။ “ကျွန်တော့်လိုလူမျိုးအတွက် ရေးသားပေးထားတဲ့ မျက်လှည့်ပညာစာအုပ်ဆိုတာ မရှိဘူး” လို့ Gilbert ကပြောခဲ့ပါတယ်။

အထက်တန်းကျောင်းသားဘ၀တည်းက မျက်လှည့်ပညာရှင်တစ်ယောက်ဖြစ်ချင်ခဲ့တဲ့ သူ့ရဲ့အိမ်မက်ကို မဖြစ် ဖြစ်အောင် အကောင်အထည်ဖော်နိုင်ဖို့ အွန်လိုင်းမှာ မျက်လှည့်ပညာရှင်တွေကိုရှာဖွေ၊ follow လုပ်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ Mahdi ဟာ အမေရိကန်မျက်လှည့်ပညာရှင် David Blaine ရဲ့ follower တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ David လုပ်နိုင်တဲ့အရာတွေကို သူ့အနေနဲ့ မလုပ်နိုင်တဲ့အတွက် အစပိုင်းတုန်းကတော့ စိတ်ဓါတ်ကျခဲ့ပါတယ်။

အဲဒီနောက်မှာတော့ စိတ်ပညာရှင် Derren Brown နဲ့တွေ့ပြီး ခြေလက်အင်္ဂါတွေကို ဘယ်လိုအသုံးချမလဲဆိုတဲ့ ပညာကို သင်ယူခဲ့ပါတယ်။ စိတ်ပညာအသုံးချတာ၊ အိပ်မွေ့ချတာနဲ့ တခြားနည်းပညာတွေကို သင်ယူခဲ့ပါတယ်။
ဒီလိုနဲ့ပဲ စိတ်ပညာကို အခြေခံတဲ့ မျက်လှည့်ပညာဘက်ကို ရောက်လာခဲ့ပါတယ်။ အစပိုင်းတုန်းကတော့ Gilbert အနေနဲ့ ဖဲထုပ်ကို သေချာကောင်းကောင်း မကိုင်နိုင်ခဲ့ပေမယ့် ဖြည်းဖြည်းချင်း ကြိုးစားခဲ့ရပြီး နောက်ဆုံးမှာတော့ ဖဲချပ်တွေကို ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။
၂၀၁၀ခုနှစ်၊ မတ်လတုန်းက Gilbert ဟာ San Diego မှာကျင်းပတဲ့ Magic-Con ပွဲကို တက်ရောက်ခဲ့ပါတယ်။

မျက်လှည့်ကွန့်ဖရင့်ပွဲဖြစ်ပြီး အဲ့ဒီပွဲကို David Blaine တို့လို နာမည်ကြီး မျက်လှည့်ဆရာတွေ တက်ရောက်ခဲ့ပါတယ်။Television Shows ပွဲတွေမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။
နိုင်ငံပေါင်း (၁၈)နိုင်ငံမှာလည်း သူ့ရဲ့လက်လှည့်ပညာကို ပြသခဲ့ဖူးပါတယ်။ နောက်ဆုံးမှာတော့ သူလေးစားအားကျရတဲ့ David Blaine ဆီကနေ “My Inspiration” ဆိုပြီး ချီးကျူးဂုဏ်ပြုတာကို ခံခဲ့ရပါတယ်။

Read-ကြောက်နေရင် တစ်သက်လုံးရှုံးမှာပဲ...

Credit; Original Writer