ရုရှားတွေက သူ့ကို တော်တော်ချစ်ကြပုံပါပဲ။ သူ့ကို သဘောကျလွန်းလို့ Quentin Tarantino ရဲ့ ဓာတ်ပုံတွေကို ဟာသကာတွန်းတွေနဲ့ memes တွေထဲတောင် ထည့်ဖန်တီးခဲ့ကြပါတယ်။ ဒီလိုလူတွေထဲကမှ Quentin Tarantino ရဲ့ ဓာတ်ပုံတွေကို လုံးဝအကျိုးရှိရှိ အသုံးချခဲ့တဲ့ ရုရှားအမျိုးသားတစ်ဦးကိုလည်း brightside မှာ အခုလို တွေ့ခဲ့ရပါသေးတယ်။
ဒီအမျိုးသားနာမည်ကတော့ Alexander Kainovပဲဖြစ်ပါတယ်။ ရုရှားလူမျိုးတွေကြားထဲမှာ လတ်တလော Quentin Tarantino က နာမည်သိပ်ကြီးပြီး လူပြောအရမ်းများနေတော့ သူဟာ ဒီအချက်ကို အခွင့်ကောင်းယူပြီး သူ့တိုက်ခန်း အမြန်အရောင်းစွံစေဖို့ အသုံးချခဲ့တာ ဖြစ်ပါတယ်။
အဲဒါကတော့ Quentin Tarantino ကိုယ်တိုင်က သူ့တိုက်ခန်းကို လာကြည့်ခဲ့သယောင် ဖန်တီးခဲ့တာပါ။ Alexander ဟာ သူ့ရဲ့ ဧည့်ခန်း၊ အိပ်ခန်း၊ ရေချိုးခန်းနဲ့ မီးဖိုခန်းမှာပါ မကျန် Quentin Tarantino ရဲ့ ဓာတ်ပုံတွေကို ဖိုတိုရှော့နဲ့ ဖြတ်ညှပ်ကပ်ပြီး ထည့်ခဲ့ပါတယ်။ သူ့ရဲ့ ဧည့်ခန်းမှာ Quentin Tarantino က သဘောကျစွာ လမ်းလျှောက်နေပုံ၊ သူ့ရဲ့အိပ်ခန်းကိုကြည့်ပြီး Quentin Tarantino က လက်မထောင်ပြထားတဲ့ ဓာတ်ပုံတွေကိုပါ ဖြတ်ညှပ်ကပ်ထည့်ခဲ့တာ ဖြစ်ပါတယ်။
Alexander ရဲ့ ကြော်ငြာနည်းကတော့ ဘာပဲဖြစ်ဖြစ် ရုရှားလူမျိုးတွေရဲ့ လူမှူကွန်ယက်ပေါ်မှာတော့ ပေါက်သွားခဲ့ပါတယ်။
မကြာခင်တော့ Alexander အနေနဲ့ သူ့တိုက်ခန်းလေးကို ၀ယ်ယူမယ့် အဆင်ပြေတဲ့သူမျိုးနဲ့ အမြန်ဆုံးတွေ့လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Microsoft သူဌေးကြီးဘီလ်ဂိတ်စ်သူ့ ကိုယ်သူသုံးသပ်လေ့ရှိတဲ့မေးခွန်း ၃ခု
Source : Shwe Mom