Tips

Marketer တွေသိထားသင့်တဲ့ Marketing Orientations (၅) မျိုး

Read 2970 times
Marketer တွေသိထားသင့်တဲ့  Marketing Orientations (၅) မျိုး

Orientation ဆိုတာကတော့ အကြောင်းအရာ အခြေအနေတွေကို ကြေညက်နားလည်အောင် ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ ဒီတော့ Marketing Orientations တွေ အကြောင်းကို လေ့လာလိုက်ကြည့်ရအောင်။ Marketing Orientations တွေကို အမျိုးအစား ပြန်ခွဲခြားလိုက်မယ် ဆိုရင်တော့ ၅ မျိုး ရှိပါတယ်။ ဘာတွေလဲဆိုရင်


၁။ Product Orientation Concept

ဒီ Concept ဟာ Product Orientation ဆိုတဲ့ အတိုင်းပဲ Product Quality နဲ့သက်ဆိုင်ပါတယ်။ company ဟာ သူတို့ရဲ့ product တွေကို high standard ထုတ်လုပ်နိုင်အောင်၊ ထုတ်လုပ်ပီးနောက်ပိုင်း ၀ယ်ယူသုံးစွဲနိုင်အောင် စီစဉ်ရေးဆွဲထားတဲ့ concept ဖြစ်ပါတယ်။ ဒီလို concept မျိုးမှာက consumer ရဲ့needs and wants အကြောင်း insights ကောင်းကောင်းရှိရင်တော့ တကယ်အလုပ်ဖြစ်ပါတယ်။ ဥပမာ apple ရဲ့ iPod ဟာ Research သေချာပြုလုပ်ပီးမှ ဈေးကွက်ကို ချပြခဲ့တာဖြစ်ပါတယ်။


၂။ Sales Orientation Concept

Selling Concept ကို အသုံးပြုတဲ့ companies တွေက သူတို့ product အတွက် Selling၊ Promotion ဆိုတဲ့ အချက်နှစ်ချက်ကိုပဲ အဓိက အာရုံစိုက်ပါတယ်။ Consumer စိတ်ဝင်စားနိုင်တဲ့ အသစ်အသစ်တွေကို လိုက်လံ ရှာဖွေဖော်ထုတ်ခြင်းတွေ မလုပ်ဆောင်ကြပါဘူး။ existing products ကို ရောင်းမယ်၊ Promotion activities တွေသုံးပီးတော့ ရောင်းအားအမြင့်ဆုံး ဖြစ်အောင် လုပ်ဆောင်မယ်။ ဒါဟာ Sales Orientation Concept ပဲ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းတစ်ခုအတွက် အရေးကြီးဆုံးဖြစ်တဲ့ Customer Service


၃။ Production Orientation Concept

Production Concept ဆိုတဲ့အတိုင်းပဲ အဓိက အာရုံစိုက်တာကတော့ Productကို ထုတ်နိုင်သမျှ များများထုတ်နိုင်အောင် လုပ်ဆောင်ခြင်းပါပဲ။ ဒီနေရာမှာ Economic of Sales (အမြောက်အများထုတ်ခြင်းဖြင့် ကုန်ကျစရိတ်သက်သာခြင်း) ရအောင် Company တွေက ထုတ်လုပ်ကြပါတယ်။ ဒါမှလဲ ဈေးကွက်မှာ ပြိုင်ဘက်နဲ့ ဈေးနှုန်းယှဉ်နိုင်မှာ ဖြစ်ပါတယ်။


၎။ Marketing Orientation Concept

ဒီ Concept ကတော့ ယနေ့မျက်မှောက်ခေတ် Marketing မှာ အသုံးများတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ လူတွေရဲ့ လိုအင်တွေဟာလဲ အချိန်နှင့်အမျှ ပြောင်းလဲလျှက်ရှိပါတယ်။ ဒါတွေကို ဖြည့်ဆီးပေးနိုင်ဖို့ဆိုရင် Marketing ဟာ customer တွေရဲ့ needs and wants ကို သိရှိနားလည်နိုင်ဖို့ Market Research တွေ ပြုလုပ်ရပါတယ်။ အဲ့နောက်မှာတော့ ထွက်ပေါ်လာတဲ့ information ကို အခြေခံပြီး R&D (Research & Development) ပြုလုပ်ရပါတယ်။ နောက်ဆုံးမှာတော့ Promotional tools တွေ အသုံးပြုပီး customer ကို awareness ပေးရပါတယ်။


၅။ Societal Marketing Concept

Societal Marketing Concept ကတော့ customer’s wants, company’s requirements and Society တခုလုံးရဲ့ ရေရည်အကျိုး ဟူသော အချက် ၃ ချက်ကို ထည့်သွင်းစဉ်းစား လုပ်ဆောင်ပါတယ်။ Customer ရဲ့ လိုအပ်ချက်ကို ရှာဖွေခြင်း၊ ထိုလိုအပ်ချက်နှင့်အညီ ထုတ်လုပ်ပြီး မိမိ ပြိုင်ဘက်များထက် effectively and efficiently ဖြစ်စွာ Customer လက်ဝယ်ပို့ဆောင်ပေးခြင်းဖြင့် customer satisfaction ရရှိမှာဖြစ်သလို Company မှ လုပ်ဆောင်ချက်များ၊ ၄င်းတို့ရဲ့ Product (or) Service များဟာ လူ့အသိုင်းအ၀ိုင်း (society) ကို ရေရည် အကျိုးပြုနိုင်ဖို့အတွက်လဲ ရည်ရွယ်လုပ်ဆောင်ရပါတယ်။ ထို့အပြင် company အတွက် အမြတ် (profit) ရရှိအောင်လဲ စီစဉ်လုပ်ဆောင်ရတဲ့ Concept ဖြစ်ပါတယ်။


အခုလောက်ဆိုရင် Marketing Orientations အကြောင်း သဘောပေါက်လောက်ပီလို့ထင်ပါတယ်။ Marketing ဟာ business တခုအတွက် အမှန်တကယ်ကို အရေးပါလှတယ်ဆိုတာကို အထက်ကရှင်းလင်းပြထားတဲ့ အကြောင်းအရာတွေကို ကြည့်ခြင်းအားဖြင့် သင်သိရှိနိုင်ပါတယ်။


Source; PhyoThiha

Myanmar Advertising Directory