မတည္ေငြ အမ်ားဆံုး စုေဆာင္းရရွိႏိုင္တဲ့ စီမံကိန္းကို လုပ္ေဆာင္ႏိုင္ခဲ့ၾကသူေတြ ျဖစ္ၾကပါတယ္။
ဒီညီအကိုႏွစ္ဦးကေတာ့ တန္ဖုိးသင့္ အေကာင္းစား နာရီအမွတ္တံဆိပ္ Filippo Loreti ရဲ႕ ေနာက္ကြက္က ဦးေဆာင္သူေတြ ျဖစ္ၾကပါတယ္။ မ်က္ေမွာက္ေခတ္ နည္းပညာတုိးတက္မႈ၊ အင္တာနက္ စြမ္းအားကို
ရယူၿပီး ၎ညီအကိုႏွစ္ဦးဟာ နာရီလုပ္ငန္းကို ေျပာင္းလဲလုပ္ ေဆာင္ခဲ့ၾကသူေတြ ျဖစ္ၾကပါတယ္။
သူတို႔ေတြဟာ ၂၀၁၄ ခုႏွစ္ေလာက္က သူတုိ႔ ကုမၸဏီကို စတင္ထူေထာင္ခဲ့ၾကၿပီး ၀ယ္သူအမ်ားစု လက္လွမ္းမီႏိုင္ၿပီး အေကာင္းစားလို႔ သတ္မွတ္ႏိုင္မယ့္ နာရီေတြကို ထုတ္လုပ္ႏိုင္ဖို႔ ႀကိဳးစားခဲ့ၾကသူ
ေတြျဖစ္ပါတယ္။
" ကၽြန္ေတာ္တို႔ ရည္ရြယ္ခ်က္က ခုခိ်န္မွာ တန္ဖုိးႀကီး အမွတ္တံဆိပ္ေတြအေပၚမွာေရာ ေစ်းေတြ မတန္မဆ ေဖာင္းပြေနတဲ့အေပၚမွာေရာ စိတ္ပ်က္ၿငီးေငြ႕ေနၾကသူေတြအတြက္ တန္ဖုိးလည္း သိပ္မႀကီးဘဲ
အရည္အေသြးျမင့္ ပစၥည္းေတြကို ေရာင္းခ်ေပးခ်င္တာျဖစ္ပါတယ္" လို႔ Matas က ရွင္းျပပါတယ္။
ဒါေပမဲ့ စလုပ္ခ်ိန္တုန္းက အသက္ ၂၀ အရြယ္သာ ရွိေသးၿပီး လုပ္ငန္းအေတြ႕အႀကံဳဘာမွမရွိေသးတဲ့ သူတို႔အတြက္ကေတာ့ ဒီနာရီလုပ္ငန္းကို ဘယ္လိုအင္အားနဲ႔ ၀င္ေမႊခဲ့ၾကတာလဲ?
အေျဖကေတာ့ ငရဲတစ္မွ် အလုပ္လုပ္ကိုင္ျခင္းပဲျဖစ္ပါတယ္။ နာမည္ေက်ာ္ နည္းပညာလုပ္ငန္းရွင္ သူေဌးႀကီး Elon Musk ေျပာခဲ့တာ ရွိပါတယ္။ " ငရဲက်သလို အလုပ္လုပ္ပါ၊ ခင္ဗ်ားအေနနဲ႔ တစ္ပတ္မွာနာရီ ၈၀ ကေန ၁၀၀ ထိ လုပ္ပါ၊ ဒါဟာ ေအာင္ျမင္မႈရဲ႕ လမ္းစပါပဲ၊
တစ္ျခားသူေတြ တစ္ပတ္ နာရီ ၄၀ ပဲ အလုပ္လုပ္ရင္ ခင္ဗ်ားက နာရီ ၁၀၀ ေလာက္လုပ္ပါ၊ အဲဒီလို ဆုိ ခင္ဗ်ား ပိုေအာင္ျမင္ပါလိမ့္မယ္" လို႔ေျပာခဲ့ဖူးတာျဖစ္ပါတယ္။
Read-အိုင္ဖုန္းက ကြ်န္ေတာ္တိုု႔ကို တ႐ုတ္မွာ မယွဥ္ႏိုင္ဘူး ဆိုတဲ႔ တြမ္ယံုပင္း
Matas Jakutis နဲ႔ Danielius တို႔ဟာလညး္ Elon Musk ရဲ႕ အဆိုပါ အႀကံစကားအတုိင္း လိုက္လုပ္ခဲ့ၾကတာ ျဖစ္ပါတယ္။ " ကၽြန္ေတာ္တို႔ အရမ္းငယ္ေသးတယ္ေလ၊ အဲဒီေတာ့ သုေတသန၊ ဖြံ႔ၿဖဳိးမႈ၊ ထုတ္ကုန္
အရည္အေသြးထိန္းသိမ္းမႈ ကစလို႔ ကၽြန္ေတာ္တို႔ စိတ္ႏွစ္ကိုယ္ႏွစ္ လုပ္ႏိုင္ခဲ့ၾကတယ္" လို႔ Matas က ေျပာပါတယ္။
ဒါေၾကာင့္လည္း သူတို႔ရဲ႕ Filippo Loreti ကို တစ္ျခားနာရီေတြနဲ႔ ကြဲျပားသြားေစတဲ့အခ်က္ကေတာ့ ဒီဇုိင္း၊ အရည္အေသြးနဲ႔ ေစ်းႏႈန္း အခ်ဳိးအစားတို႔ပဲျဖစ္ပါတယ္။
" ခင္ဗ်ား ဆိုင္မွာ နာရီတစ္လံုး သြား၀ယ္ရင္ အဲဒီနာရီေတြက တကယ္က်သင့္တဲ့ ေငြထက္ ၁၀ ဆ ပိုၿပီး ေစ်းတင္ထားမွာပါ၊ ဆိုလိုတာက ေဒၚလာ ၁၀၀ ပဲ က်တဲ့ နာရီတစ္လံုးဟာ ေဒၚလာ ၁၀၀၀ ေစ်း
တင္ေရာင္းေနမွာျဖစ္ပါတယ္။
ဒါေၾကာင့္ ဒီလုိ အေျခအေနကို ကၽြန္ေတာ္တို႔ နားလည္သြားခဲ့တာေၾကာင့္ ကၽြန္ေတာ္တို႔လုပ္တဲ့ လုပ္ငန္းက်ေတာ့ အျပည့္အ၀ ထိန္းခ်ဳပ္လုပ္ေဆာင္ႏိုင္တယ္ေလ၊ အရည္အေသြးျမင့္ နာရီေတြထုတ္ႏိုင္ဖို႔ တကယ့္ပစၥည္းအစစ္အမွန္ ေတြကုိပဲ သံုးခဲ့တယ္၊ ေနာက္ၿပီး တကယ္၀ယ္မယ့္ ေဖာက္သည္ေတြကိုပဲ ကၽြန္ေတာ္တို႔ တိုက္ရိုက္ေရာင္းတယ္။
အဲဒီေတာ့ ကၽြန္ေတာ္တိုေဒၚလာ ၂၅၀ ေလာက္နဲ႔ နာရီေကာင္းေကာင္း ေရာင္းႏိုင္တာေပါ့၊ ဒါေပမဲ့ ကၽြန္ေတာ္တို႔ရဲ႕ အဲဒီ ေဒၚလာ ၂၅၀ တန္ နာရီက ခင္ဗ်ားတို႔ အရင္တုန္းက ေဒၚလာ ၁၀၀၀ ေပး၀ယ္ေနရတဲ့ နာရီေတြနဲ႔ အရည္အေသြးခ်င္းအတူတူပါပဲ" လို႔ Matas က ဆိုပါတယ္။
Credit: SFJ Strategy First
(Unicode Version)
ဒီညီအကိုနှစ်ဦးကတော့ တန်ဖိုးသင့် အကောင်းစား နာရီအမှတ်တံဆိပ် Filippo Loreti ရဲ့ နောက်ကွက်က ဦးဆောင်သူတွေ ဖြစ်ကြပါတယ်။ မျက်မှောက်ခေတ် နည်းပညာတိုးတက်မှု၊ အင်တာနက် စွမ်းအားကို
ရယူပြီး ၎င်းညီအကိုနှစ်ဦးဟာ နာရီလုပ်ငန်းကို ပြောင်းလဲလုပ် ဆောင်ခဲ့ကြသူတွေ ဖြစ်ကြပါတယ်။
သူတို့တွေဟာ ၂၀၁၄ ခုနှစ်လောက်က သူတို့ ကုမ္ပဏီကို စတင်ထူထောင်ခဲ့ကြပြီး ၀ယ်သူအများစု လက်လှမ်းမီနိုင်ပြီး အကောင်းစားလို့ သတ်မှတ်နိုင်မယ့် နာရီတွေကို ထုတ်လုပ်နိုင်ဖို့ ကြိုးစားခဲ့ကြသူ
တွေဖြစ်ပါတယ်။
" ကျွန်တော်တို့ ရည်ရွယ်ချက်က ခုချိန်မှာ တန်ဖိုးကြီး အမှတ်တံဆိပ်တွေအပေါ်မှာရော စျေးတွေ မတန်မဆ ဖောင်းပွနေတဲ့အပေါ်မှာရော စိတ်ပျက်ငြီးငွေ့နေကြသူတွေအတွက် တန်ဖိုးလည်း သိပ်မကြီးဘဲ
အရည်အသွေးမြင့် ပစ္စည်းတွေကို ရောင်းချပေးချင်တာဖြစ်ပါတယ်" လို့ Matas က ရှင်းပြပါတယ်။
ဒါပေမဲ့ စလုပ်ချိန်တုန်းက အသက် ၂၀ အရွယ်သာ ရှိသေးပြီး လုပ်ငန်းအတွေ့အကြုံဘာမှမရှိသေးတဲ့ သူတို့အတွက်ကတော့ ဒီနာရီလုပ်ငန်းကို ဘယ်လိုအင်အားနဲ့ ၀င်မွှေခဲ့ကြတာလဲ?
အဖြေကတော့ ငရဲတစ်မျှ အလုပ်လုပ်ကိုင်ခြင်းပဲဖြစ်ပါတယ်။ နာမည်ကျော် နည်းပညာလုပ်ငန်းရှင် သူဌေးကြီး Elon Musk ပြောခဲ့တာ ရှိပါတယ်။ " ငရဲကျသလို အလုပ်လုပ်ပါ၊ ခင်ဗျားအနေနဲ့ တစ်ပတ်မှာနာရီ ၈၀ ကနေ ၁၀၀ ထိ လုပ်ပါ၊ ဒါဟာ အောင်မြင်မှုရဲ့ လမ်းစပါပဲ၊
တစ်ခြားသူတွေ တစ်ပတ် နာရီ ၄၀ ပဲ အလုပ်လုပ်ရင် ခင်ဗျားက နာရီ ၁၀၀ လောက်လုပ်ပါ၊ အဲဒီလို ဆို ခင်ဗျား ပိုအောင်မြင်ပါလိမ့်မယ်" လို့ပြောခဲ့ဖူးတာဖြစ်ပါတယ်။
Matas Jakutis နဲ့ Danielius တို့ဟာလညး် Elon Musk ရဲ့ အဆိုပါ အကြံစကားအတိုင်း လိုက်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ " ကျွန်တော်တို့ အရမ်းငယ်သေးတယ်လေ၊ အဲဒီတော့ သုတေသန၊ ဖွံ့ဖြိုးမှု၊ ထုတ်ကုန်
အရည်အသွေးထိန်းသိမ်းမှု ကစလို့ ကျွန်တော်တို့ စိတ်နှစ်ကိုယ်နှစ် လုပ်နိုင်ခဲ့ကြတယ်" လို့ Matas က ပြောပါတယ်။
ဒါကြောင့်လည်း သူတို့ရဲ့ Filippo Loreti ကို တစ်ခြားနာရီတွေနဲ့ ကွဲပြားသွားစေတဲ့အချက်ကတော့ ဒီဇိုင်း၊ အရည်အသွေးနဲ့ စျေးနှုန်း အချိုးအစားတို့ပဲဖြစ်ပါတယ်။
" ခင်ဗျား ဆိုင်မှာ နာရီတစ်လုံး သွားဝယ်ရင် အဲဒီနာရီတွေက တကယ်ကျသင့်တဲ့ ငွေထက် ၁၀ ဆ ပိုပြီး စျေးတင်ထားမှာပါ၊ ဆိုလိုတာက ဒေါ်လာ ၁၀၀ ပဲ ကျတဲ့ နာရီတစ်လုံးဟာ ဒေါ်လာ ၁၀၀၀ စျေး
တင်ရောင်းနေမှာဖြစ်ပါတယ်။
ဒါကြောင့် ဒီလို အခြေအနေကို ကျွန်တော်တို့ နားလည်သွားခဲ့တာကြောင့် ကျွန်တော်တို့လုပ်တဲ့ လုပ်ငန်းကျတော့ အပြည့်အဝ ထိန်းချုပ်လုပ်ဆောင်နိုင်တယ်လေ၊ အရည်အသွေးမြင့် နာရီတွေထုတ်နိုင်ဖို့ တကယ့်ပစ္စည်းအစစ်အမှန် တွေကိုပဲ သုံးခဲ့တယ်၊ နောက်ပြီး တကယ်ဝယ်မယ့် ဖောက်သည်တွေကိုပဲ ကျွန်တော်တို့ တိုက်ရိုက်ရောင်းတယ်။
အဲဒီတော့ ကျွန်တော်တိုဒေါ်လာ ၂၅၀ လောက်နဲ့ နာရီကောင်းကောင်း ရောင်းနိုင်တာပေါ့၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အဲဒီ ဒေါ်လာ ၂၅၀ တန် နာရီက ခင်ဗျားတို့ အရင်တုန်းက ဒေါ်လာ ၁၀၀၀ ပေးဝယ်နေရတဲ့ နာရီတွေနဲ့ အရည်အသွေးချင်းအတူတူပါပဲ" လို့ Matas က ဆိုပါတယ်။
Credit: SFJ Strategy First