Digital Marketing
IAB Gold Standard လက်အောက်ထဲ ဝင်ရောက်လိုက်တဲ့ Mc Donald’s နဲ့ Tesco
Read 2181 times
IAB Gold Standard လက်အောက်ထဲ ဝင်ရောက်လိုက်တဲ့ Mc Donald’s နဲ့ Tesco
IAB ဆိုတာဘာလဲ ???
IAB ဆိုတာ-----------
IAB က
ကြော်ငြာဆိုင်းဘုတ် Digital လုပ်ငန်းများနှင့်ဆက်စပ်သည့်ကုန်စည်ပြပွဲကြီး
<<<Unicode>>>
Tesco နဲ့ Mc Donald’s တို့ဟာ အွန်လိုင်းကြော်ငြာလောကမှာ IAB Gold Standard လက်အောက်ထဲ ဝင်လိုက်ပါပြီ။
IAB ဆိုတာဘာလဲ ???
IAB ဆိုတာ-----------
အင်္ဂလန် အခြေစိုက် လုပ်ငန်းစုတစ်ခု ဖြစ်ပြီး ကောင်းမွန်သေချာ တဲ့ Digital Marketing လောက ကို အဆင့် တစ်ခုရှိအောင်ဆောင်ရွက်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ် ။
IAB UK Gold Standard ကို ၂၀၁၇ အောက်တိုဘာလ ကစတင်ခဲ့တာဖြစ်ပါတယ်။
IAB က
အတု အယောင် ကြော်ငြာတွေကို ဖယ်ရှားဖို့
ဒီဂျစ်တယ်ကြော်ငြာ လောက နယ်ပယ်နဲ့ ပတ်သတ် အတွေ့အကြုံ တိုးပွားလာစေဖို့ ,
Brand နဲ့ပတ်သတ်ပြီး လုံခြုံမှုတိုးပွားလာစေဖို့
ဆိုပီး ရည်ရွယ်ချက်(၃) ချက်နဲ့ ထူထောင်ထားတာလည်းဖြစ်ပါတယ်။
ကိုယ့်ဆိုင်က ပစ္စည်းတွေကို အရောင်းသွက်ဖို့ သိထားသင့်တဲ့ အချက်များ
Digital Ads Pollution အွန်လိုင်းပေါ်မှာ ကြော်ငြာများပွထ ခြင်းဟာ အင်မတန်မှ အွန်လိုင်းအသုံးပြု သူ များကို မျက်စိနောက်စေပြီး တကယ်မမြင်ချင်တဲ့ ကြော်ငြာများကို မြင်တွေ့နေရတာကြောင့် အဆင်
ပြေမှာမဟုတ်ပါဘူး။တကယ်တန်းအတုအယောင်ကြော်ငြာတွေကလည်း နေရာယူသေး။
ယခုလောလောဆယ်မှာ မီဒီယာ ပိုင်ရှင်တွေ ၊ မီဒီယာ အေဂျင်စီ ၊ နည်းပညာဆိုင်ရာကြော်ငြာ လုပ်ငန်းစုတွေ စုစုပေါင်း ၉၅ ခုလောက်
IAB UK Gold Standard လက်အောက်ခံထားတယ်လို့သိရပါတယ်။
IAB ရဲ့ အကြီးတန်း နည်းပညာရှင် Tim Elkington က
"ယခု IAB ရွှေအဆင့်မှီလက်အောက်ခံအဖြစ်ကြိုးစားလာကြတဲ့ လုပ်ငန်းရှင်တွေ အနေ နဲ့ သူတို့ရဲ့ ကြော်ငြာ တွေကလည်းထိရောက်မှု ရှိမှာပါ။Tesco နဲ့ Mc Donald’s တို့ကတော့ ဦးဆောင်နည်းပြတွေပေါ့" ဆိုပြီး ပြောခဲ့ပါတယ်။
Tesco ရဲ့ ကြော်ငြာလုပ်ငန်းနှင့် campaign ဆွဲ တဲ့ အရာရှိဖြစ်သူ Nick Ashley က
"IAB UK’s gold standard ကို လက်ခံ ကျင့် သုံးရတာ ကို ဝမ်းမြှောက် ပါတယ်။ ထို့ပြင် ဒီဂျစ်တယ် ကြော်ငြာ လောက ကြီး မှာ ဒီထက်ပို တိုးတက်လာပြီး နည်းစနစ် တကျ ရှိမယ်လို့မျှော်လင့်ပါတယ်" ဆိုပြီးပြောကြားခဲ့ပါတယ်။
Mc Donald’s ဆိုတာက ကမ္ဘာ့ နာမည်ကြီး စားသောက်ဆိုင်လုပ်ငန်းတစ်ခုဖြစ်ပြီး Tesco ကတော့ လက်ကား စတိုးဆိုင် လုပ်ငန်းစုကြီးတစ်ခုဖြစ်ပါတယ်။
Source : MarketingWeek
Myanmar Advertising Directory