ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်ကနေ လာမည့် အောက်တိုဘာလ ၄ ရက်ထိ Travis Scott ရဲ့ Menu ရောင်းချ တဲ့ ရက်သတ္တပတ် အဖြစ် မက်ဒေါနယ်က သတ်မှတ်မှာဖြစ်ပြီး အဆိုပါ၎င်းတို့ရဲ့ မားကတ်တင်း Campaign မှာ Gen Z စားသုံးသူများနဲ့ Gen Y စားသုံးသူများကိုစွဲဆောင်နိုင်ဖို့ တစ်လ တိတိ Scott’s record နဲ့ ပူးပေါင်းလုပ်ဆောင်ပြီး ရရှိငွေ အချို့တစ်ဝက်ကို ဆင်းရဲသားများကို လှူတမ်းမယ်လို့ သိရပါတယ်။

အဆိုပါ Travis Scott ရဲ့ Menu မှာဆိုရင် ချိစ်ပ် တစ်ဝက် ၊ ဝက်သားဆားနယ်ခြောက် ၊ ဆလတ်ရွက် နဲ့ အာလူးကြော် အပြင် အသားအကင် ( BBQ ) အချဉ်ရည်နဲ့ စပရိုက် အအေးတစ်ဘူးပါဝင်ပါတယ်။အဆိုပါ Menu ကို မက်ဒေါနယ်ရဲ့ ကားနဲ့ ပါဆယ် (take away)မှာလို့ရတဲ့ဆိုင်တွေနဲ့ မက်ဒေါနယ် အစားအစာ App မှာ ကြိုတင်မှာလို့ရနေပြီသိရပါတယ်။
အမေရိကန် မက်ဒေါနယ်မှ စျေးကွက်မြှင့်တင်ရေးဆိုင်ရာ အရာရှိချုပ် Morgan Flatley ပြောကြားချက်ကတော့ ၁၉၉၂ ခုနှစ်တုန်းကတော့ Micheal Jordan နဲ့ သူစားတဲ့ Menu set ကို သူ့ပရိသတ်တွေ သဘောကျစေရန် မိတ်ဆက်ပေးခဲ့ပါတယ်။ လူတိုင်း လူတိုင်းမှာ သူတို့ ကြိုက်မယ့် မက်ဒေါနယ် အစားအစာတွေရှိပါတယ် ဆိုကာ Morgan Flatley က မက်ဒေါနယ် Blog မှာရေးသားခဲ့ပါတယ်။Travis က တကယ့် မက်ဒေါနယ်ပရိသတ် အစစ်ပါ။ သူငယ်ငယ်ကတည်းက ကျွန်တော်တို့ရဲ့Houston မှာ ရှိတဲ့ မက်ဒေါနယ်ဆိုင်မှာ စားသုံးခဲ့တဲ့ သူတစ်ဦးပါလို့ Morgan Flatley မှပြောကြားခဲ့ပါတယ်။

မက်ဒေါနယ်ဟာ သူ့ရဲ့ မားကတ်တင်း လုပ်ငန်း လုပ်စဉ်များကို Wieden+Kennedy New York, The Narrative Group, Alma, Burrell, Loud and Live, Walton Isaacson, Boden PR, The Marketing Store, Publicis Groupe, OMD, Native Tongue, Admerasia နဲ့ IW Group တို့နှင့်အမြဲတွဲဖက်လုပ်ကိုင်ပါတယ်။
မက်ဒေါနယ်မှ ပြီးခဲ့တဲ့ ကြာသပတေးနေ့နံနက်က ၎င်းတို့ရဲ့ အင်စတာဂရမ် အကောင့်မှာ Travis Scott Menu ကို တင်ထားပြီး Travis Scott မှ ပြန် Share ထားကာ ပြန်လည် share လုပ်သူ ၉ သန်းရှိတယ်သိရပါတယ်။ထို့အပြင် မက်ဒေါနယ်ဆိုင်မှ ဝန်ထမ်းများဝတ်ဆင်ဖို့ တီရှပ် ဒီဇိုင်းကို လည်း Travis Scott မှ ရွေးချယ်ပေးမယ်သိရပါတယ်။

Travis ဟာ အသက် ၂၈ နှစ်အရွယ် Rap ဂီတ အဆိုရှင် Kylie Jenner ရဲ့ ယခင် ရည်းစားဟောင်း ၊ သမီးလေး Stormi ရဲ့ ဖခင်ဖြစ်ပြီး လူငယ်တိုင်းရဲ့ အာရုံစိုက်မှု့ ကို ရနေတဲ့ အဆိုတော်တစ်ဦးပါ။Travis ရဲ့ သီချင်းတွေဟာဆိုရင် Tiktok ရဲ့ လူငယ်တွေကြားမှာ အရမ်းလူကြိုက်များပါတယ်။
ယခုအပတ်ထဲမှာပဲ Dunkin’ Donuts ကနေ Gen Z တို့ အသည်းကြော် TikTok မှ ကျော်ကြားသူ Charli D’Amelio မှ လည်း သူ့စိတ်ကြိုက်သောက်စရာ Menu ကို ထုတ်ထားပြီး The Charli ဆိုကာနာမည်ပေးထားပြန်ပါသေးတယ်။ဒါဟာ Fastfood Chain တွေရဲ့ အပြိုင်အဆိုင် ကျော်ကြားသူ သုံစွဲပြီးစျေးကွက်မြှင့်တင်ခြင်းပါပဲ။
Shin Min Bo
Ref : Ad Age