Marketing

McDonald မှ အသစ်ထုတ်လုပ်လိုက်တဲ့ J Balvin မီနူး

Read 1852 times
McDonald မှ အသစ်ထုတ်လုပ်လိုက်တဲ့ J Balvin မီနူး

 

McDonald ပရိသတ် တစ်ဦးအနေနဲ့ အခုလိုကမ္ဘာ့နာမည်ကြီး Brand တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ရတာကို ဝမ်းသာပါတယ် ဆိုကာ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ Balvin က သတင်းစာရှင်းလင်းပွဲမှာပြောသွားတာတွေ့ရပါတယ်။ထို့အပြင် Balvin ဆက်လက်ပြောကြားသည်က ကျွန်တော့်ရဲ့ ပရိသတ်တွေကို ကျွန်တော်စားတဲ့ Mcdonald က မီနူးအတိုင်းစားစေတယ် ဒီလိုစားမယ်ဆိုရင် သူတို့အတွက် စိတ်လှုပ်ရှားစရာတွေ အပြည့်ပဲဖြစ်စေရမယ်။ ဒါတွေဟာ အခုလို McDonald နဲ့ ကျွန်တော်နဲ့ ပူးပေါင်းလုပ်ဆောင်ချင်းကြောင့်ရလာမယ့်အကျိုး အမြတ်ပါလို့ပြောခဲ့ပါတယ်။

 

အဆိုပါ J Balvin ရဲ့ မီနူးကို နိုဝင်ဘာလ ၁ ရက်နေ့က နေစတင်ရောင်းချပေးမှာဖြစ်ပြီး အဆိုပါ မီနူးတွင် မက်ဒေါနယ်မှ အသားညှပ်ပေါင်မုန့် အကြီးစား ၊ မီဒီယံဆိုက်ဒ် အာလူးကြော် နဲ့ အချဉ်ရည် တို့အပြင် Oreo အမြှုပ်ပါဝင်သော သောက်စရာ စတာတွေပဲဖြစ်ပါတယ်။ဆိုင်မှာ ဝယ်စားမျိုးမဟုတ်ဘဲ McDonald ရဲ့ App မှ မှာရင် Oreo အမြှုပ်ပါဝင်သော ဖျော်ရည်တစ်ခွက် လက်ဆောင်ရရှိမယ်သိရပါတယ်။

 

ထို ပရိုမိုးရှင်း အချိန်အတွင်း McDonald ဆိုင်မှ ဝန်ထမ်းများ အားလုံး Balvin ဆွဲထားတဲ့ တီရှပ် ဒီဇိုင်းကို ဝတ်ဆင်ရမှာဖြစ်ပြီး ဒါဟာ ပရိုမိုးရှင်းကာလ တစ်လျှောက်လုံးဝတ်ဆင်ရမှာဖြစ်ပါတယ်။Travis Scott နဲ့ ပူးတွဲလုပ်တဲ့ ပရိုမိုးရှင်းက ၂၀၂၀ အောက်တိုဘာလ ၄ ရက်ထဲက ပြီးသွားတာဖြစ်ပြီး Travis Scott ရဲ့ မီနူး မှာ ချိစ့် ၊ ဝက်သားပြား ၊ ဆလက်ရွက် စတာတို့ပါဝင်ပါတယ်။ထို့အပြင် Travis Scott စိတ်ကြိုက် ထည့်သွင်းထားတဲ့ အဆာပလာများစွာပါဝင်ပြီး အာလူးချောင်းကြော် အပေါ်မှာ အကင်အချဉ်ရည်ဖြန်းကာ စပရိုက်အအေး ပါဝင်ပါတယ်။Travis ဟာ သူဖွင့်ထားတဲ့ အွန်လိုင်း စတိုးလ်မှာပါတင်ရောင်းခဲ့တယ်သိရပါတယ်။

 

အခုဆိုရင် McDonald မှ တီရှပ် ၊ အိမ်အလှဆင်ပစ္စည်း များဖြစ်တဲ့ ကောဇောကို ဒေါ်လာ ၂၅၀ ( မြန်မာ ကျပ်ငွေ ၃ သိန်းကျပ်နီးပါး ) နဲ့ရောင်းချပြီး ကြက်သား အမြောင်းကြော်ပုံစံ တစ်ကိုယ်လုံးဖက် ခေါင်းအုံးကိုလဲဒေါ်လာ ၉၀ ( မြန်မာ ကျပ်ငွေ ၁ သိန်းကျပ်နီးပါး ) နဲ့ ရောင်းချ နေတယ်သိရပါတယ်။

 

J Balvin Is Getting His Own McDonald's Meal, Too

 

Ref : People Magazine