Global

ထိုင်းနိုင်ငံ၏ကြော်ငြာပိုင်းဆိုင်ရာ ဂုဏ်ပြုဆု ၄ ဆုရရှိသော McDonald

Read 1854 times
ထိုင်းနိုင်ငံ၏ကြော်ငြာပိုင်းဆိုင်ရာ ဂုဏ်ပြုဆု ၄ ဆုရရှိသော McDonald




McDonald 1.jpg


McDonald 2.jpg

 

 




 

Unicode >>> 

 

McDonald ဟာ ထိုင်းနိုင်ငံ ကြော်ငြာလုပ်ငန်းရှင်များ အသင်းမှ ကြီးမှုးကျင်းပသော Adman; the largest stage ပွဲတွင် ကြော်ငြာလုပ်ငန်းပိုင်ဆိုင်ရာဆု ၄ ဆု ရရှိခဲ့ပါတယ်။

Mc Donald's က ကြော်ငြာ campaign တွေ အတော်များများ ကိုလည်း ပြုလုပ်တဲ့ လုပ်ငန်းစုပါ overall McDonald's experience , I'm lovin’ it စတာတွေကလည်း တကယ့်ကို အောင်မြင်တဲ့ ကြော်ငြာ campaign တွေပါ။

နိုဝင်ဘာ ၆ ရက်နေ့ညဟာ McDonald ရဲ့ Campaign အတွက် ကောင်းမွန်တဲ့ ည တစ် ည ဖြစ်ခဲ့ပါတယ်။အဆိုပါ McDonald ရဲ့ BIG in ’68 Campaign ဟာ ထိုင်းနိုင်ငံ ရဲ့ကြော်ငြာ အေဂျင်စီ ဖြစ်တဲ့ TBWA မှဖန်တီးထားတယ်လို့သိရှိရပါတယ်။

Mc Donald's ရဲ့အားသာချက်က ကိုယ်စားလှယ် ဆိုင်ခွဲ (Franchise) တွေအရမ်းများပြီး သူ့ဆိုင်က နေရာတိုင်းမှာ ရှိနေတာမျိုးပေါ့။Thai နိုင်ငံမှာ လဲ McDonald ရှိပါတယ်။ထို့ပြင် မြန်မာပြည် မှာလဲ ၂၀၂၀ (သို့) ၂၀၂၁ နှစ်များ အတွင်း McDonald ရောက်ရှိလာမယ်သိရပါတယ်။

 


ကြော်ငြာကို နှစ်ဆ အကုန်အကျခံထားတဲ့ Mc Donald's

 

McDonald ရဲ့ ဒီ poster campaign ဟာ တစ်မှုထူးခြားလို့နေပါတယ်။McDonald Big Mac ရဲ့နှစ် ၅၀ ပြည့်ကိုဆင်နွှဲတာဖြစ်ပြီး ထိုပိုစတာတိုင်းတွင် လက်နှစ်ဖက်ဖြင့် Big Mac အရွယ်အစား ပုံစံကိုရည်ညွှန်းပြသထားတယ်သိရပါတယ်။

ထို့ပြင် McDonald မှ Halloween နေ့ campaign အတွက် ဆုရရှိဖို့အလားအလား များနေပြီးသားပါ။ McDonald ရရှိသော ဆုများမှာ Home category မှာအကောင်းဆုံးဆု , ပုံနှိပ်မူ့မှာ ရွှေတံဆိပ် , လက်မှု့အရာ နှင့်ပုံနှိပ်အရာ မှာအကောင်းဆုံးဆု နှင့် လက်မှု့အရာ နှင့်ပုံနှိပ်အရာ မှာ ကြေးဆုရရှိခဲ့ပါသည်။

BIG in ’68 ကြော်ငြာများကို သာမန်လူအများစိတ်ဝင်စားမှု့ ရှိခဲ့ယုံမက ကြော်ငြာလောက မှ ပြိုင်ဘက်များကပါ စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။Mc Donald's ဟာ စားသုံးသူ ပရိသတ်ကို စေတနာပါပါဖြင့် သူတို့ရဲ့ TV ကြော်ငြာ မှန်သမျှ ဟာ ပရိသတ် စိတ် အပန်းဖြေဖို့ ရည်ရွယ်ပါတယ်တဲ့။

 

Source from Bangkok Post 

 

Myanmar Advertising Directory