Global

Meta Platforms ရဲ့စီအိုအို Sheryl Sandberg လုပ်သက် ၁၄ နှစ်မှာ နုတ်ထွက်

Read 11592 times
Meta Platforms ရဲ့စီအိုအို Sheryl Sandberg လုပ်သက် ၁၄ နှစ်မှာ နုတ်ထွက်

Meta Platforms Inc ရဲ့ စီအိုအို  Chief Operating Officer  ဖြစ်သူ Sheryl Sandberg က Facebook အတွက် ကြောငြာစီးပွား မော်ဒယ်ကို တည်ဆောက်ပေးခဲ့သူ ဖြစ်ပြီး Facebook ပူးတွဲထူထောင်သူ Mark Zuckerberg ပြီးရင် ဒုတိယနေရာမှာ ရှိနေသူလည်း ဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်မှာ စီအိုအိုအဖြစ်လုပ်ကိုင်လာတာ လုပ်သက် ၁၄ နှစ် ရှိချိန်မှာ အလုပ်မှ နုတ်ထွက်ကြောင်း Sheryl Sandberg က  Facebook မှာ ၂၀၂၂ ဇွန်လ ၁ ရက် ဗုဒ္ဓဟူးနေ့မှာ တင်ပြအသိပေးခဲ့ပါတယ်။ 

 

အသိပေးပြီးချိန်မှာ လုပ်ငန်းရဲ့ အစုရှယ်ယာဈေးနှုန်း ၄% ကျဆင်းခဲ့ပြီးနောက် ဈေးငြိမ်သွားခဲ့ပါတယ်။

Meta က ပစ္စည်းထုတ်လုပ်ရောင်းချခြင်းနှင့် "metaverse"ဆီသို့ လမ်းကြောင်းပြောင်းပြီး စူးစိုက်နေချိန်မှာ Ms Sandberg က နုတ်ထွက်လိုက်တာ ဖြစ်ပါတယ်။

"ဒီအလုပ်ကို ကျွန်မ ယူတော့ ဒီ‌ေနရာမှာ ကျွန်မ ၅ နှစ်လုပ်မယ်လို့ စိတ်ကူးထားခဲ့တယ်။ ၁၄ နှစ် ကြာပြီးချိန်မှာ ကျွန်မဘဝရဲ့ နောက်တစ်ခန်းကို ကျွန်မ ရေးရမယ့် အချိန်ကျရောက်နေပါပြီ" လို့ Ms Sandberg က ဆိုပါတယ်။

Ms Sandberg ရဲ့နေရာကို Chief Growth Officer Javier Olivan က တာဝန်ယူမယ်လို့ Ms Sandberg က ဆိုပါတယ်။

Mr Olivan ကလည်း Meta မှာ လုပ်သက် ၁၄ နှစ်ကျော် ရှိသူဖြစ်ပြီး  Facebook, Instagram, WhatsApp , Messenger အဖွဲ့များကို ဦးဆောင်ဦးရွက်ပြုခဲ့သူ ဖြစ်ပါတယ်။

Ms Sandberg က အလုပ်ကနုတ်ထွက်ပြီးနောက် Meta Platforms Inc ရဲ့ ဒါရိုက်တာအဖွဲ့မှာ ဆက်လက်လုပ်ကိုင်မယ်လို့ ဆိုပါတယ်။

MyanmarAdvertisingGuide