Digital Marketing

အဓိက လက်လီအရောင်းလုပ်ငန်းကြီးများ brand များ မက်တာဗာ့စ်မှ ဆုတ်ခွာ

Read 2217 times
အဓိက လက်လီအရောင်းလုပ်ငန်းကြီးများ brand များ မက်တာဗာ့စ်မှ ဆုတ်ခွာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

အကြီးဆုံးလက်လီရောင်းချသည့်ကုမ္ပဏီများနှင့် အမှတ်တံဆိပ်အချို့အတွက် metaverse သည် အနာဂတ်အတွက် မျှော်မှန်းချက်များ ဆုံးရှုံးနေပါပြီ။

Walmart သည် Roblox မက်တာဗာ့စ် ပလက်ဖောင်းပေါ်တွင် Universe of Play ကို စတင်ထားရှိခဲ့ပြီး သက်တမ်း ခြောက်လအကြာတွင် ပိတ်ပစ်လိုက်သည်။ မက်တာဗာ့စ် အစီအစဉ်ကို ဆက်လက် လုပ်ဆောင်တော့မည် မဟုတ်ကြောင်း ကြေညာသည်။

.

Walt Disney က မက်တာဗာ့စ်တွင် ပုံဝတ္တု ဇာတ်လမ်းခင်းနှင့် သုံးစွဲသူတို့ကို ထူးခြားသော အတွေ့အကြုံများပေးရန် လုပ်ငန်းကဏ္ဍကို ပိတ်သိမ်းလိုက်သည်။ ကုမ္ပဏီ၏ မက်တာဗာ့စ် မဟာဗျူဟာကို မတ်လကုန်တွင် ရပ်နားထားလိုက်သည်။

.

မက်တာဗာ့စ်မှာ Horizon Worlds ကမ္ဘာတစ်ခု တည်ဆောက်နေသော Meta သည် ၃ လတာတွင် ကန်ဒေါ်လာ ၄.၃ ဘီလီယံ အရှုံးပေါ်ခဲ့သည်။

ထိုဖြစ်ရပ်များက ကုမ္ပဏီများ မက်တာဗာ့စ်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုပါက ပြန်ရလိုက်သည်မှာ အရှုံးချည်း ဖြစ်နေကြောင်း ပြသနေသည်။

.

လက်လီရောင်းချသူများနှင့် အမှတ်တံဆိပ်များသည် အမှတ်တံဆိပ် အတွေ့အကြုံများနှင့် စျေးကွက်ချဲ့ထွင်ရန် metaverse ကို အဓိကအသုံးပြုနေကြသည်။ ရေရှည်အတွက် အကျိုးအမြတ် မရကြချေ။ ငါးပွက်ရာ ငါးစာချလျှင် ရနိုင်မည့် အကျိုးအမြတ်မျိုးသာ မျှော်ကိုးနိုင်သည်။ 

ယခုအခါ ကမ္ဘာ့စီးပွားရေး နှေးကွေးလေးလံနေသဖြင့် အမြတ်မရသည့်နေရာတွင် ငွေသွန်ထည့်ပြီး ရင်းနှီးမြှုပ်နှံခြင်းမျိုးကို လက်ရှောင်နေကြရသည်။

 မက်တာဗာ့စ်တွင် brand များက ဆိုင်ဖွင့်ကြသည်။ စားသုံးသူများက မပ်တာဗာ့စ်ကို မလာကြ။ စည်စည်ကားကား မဖြစ်။

Meta က Horizon Worlds သို့ လစဉ် ပုံမှန်လာသူ ဦးရေ ငါးသိန်းဟု လျာထားခဲ့သည်။ ထို့နောက် ၂၈၀,၀၀၀ ဟု လျာထားချက်ကို လျှော့ချခဲ့ရသည်။

CI&T မှ စစ်တမ်းကောက်ပြီး ထုတ်ပြန်သော အစီရင်ခံစာတွင် ဖြေဆိုသူ ၈၁% သည် ဘာမှ မဝယ်ဖြစ်ချေ။ ၄၅% က မက်တာဗာ့စ်ထဲတွင် ဈေးဝယ်ထွက်သည်ဟု မရှုမြင်ကြောင်း ဖြေဆိုသည်။

 

Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U