Global

ပထမဆုံးအကြိမ် ဒေါ်လာ ၁ ထရီလီယံတန် ကုမ္ပဏီဖြစ်လာတဲ့ Microsoft

Read 1869 times
ပထမဆုံးအကြိမ် ဒေါ်လာ ၁ ထရီလီယံတန် ကုမ္ပဏီဖြစ်လာတဲ့ Microsoft

ကမ္ဘာကျော်သူဌေးကြီး ဘီလ်ဂိတ် တည်ထောင်ခဲ့တဲ့ Microsoft ကုမ္ပဏီဟာလည်း စတော့ခ်ရှယ်ယာတန်ကြေး မြင့်တက်ပြီးနောက် ပထမဆုံးအကြိမ် ဒေါ်လာ ထရီလီယံ ( ဒေါ်လာ ဘီလျံ ၁၀၀၀) တန် ကုမ္ပဏီအဖြစ်ကို ရောက်ရှိခဲ့တယ်လို့ The Verge မှာ ဖော်ပြထားပါတယ်။

ဧပြီ ၂၅ ကြာသာပတေးနေ့ က Microsoft ရှယ်ယာတစ်စုလျှင် ဒေါ်လာ ၁၃၀ ဖြစ်လာပြီးနောက် ရှယ်ယာအားလုံးရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁ ထရီလီယံ ကျော်ခဲ့တယ်လို့ ဆိုပါတယ်။

Microsoft ကုမ္ပဏီရဲ့ ရှယ်ယာဈေး တက်လာခြင်းထဲမှာ cloud စီးပွားရေး အားကောင်းလာခြင်းကလည်း အဓိကကျပါတယ်။ ပြီးခဲ့တဲ့ နှစ်က စပြီး Microsoft ဟာ cloud products များ ဈေးကွက်မှာ ထိုးဖောက်ခဲ့တာပါ။

(၇) နှစ်ကြာ သုတေသန ပြုလုပ်ပြီးမှ သိရှိခဲ့တဲ့ အောင်မြင်မှုရဲ့ လျို့ဝှက်ချက်များ

Microsoft ရဲ့ Azure cloud အပါအဝင် ဆာဗာထုတ်ကုန်တွေဟာ cloud services ပိုင်းမှာ Amazon ပြီးရင် ဒုတိယအင်အားအကြီးဆုံး ဖြစ်ပြီး Google cloud ဝန်ဆောင်မှုတွေထက် ပိုပြီး အားကောင်းပါတယ်။

ကုမ္ပဏီရဲ့ နောက်ဆုံးသုံးလပတ် ဝင်ငွေရလဒ်စာရင်းမှာ Azure cloud၊ ဆာဗာထုတ်ကုန်တွေနဲ့ enterprise services တွေကနေ ဒေါ်လာ ၉.၇ ဘီလျံ ဝင်ခဲ့ပြီး Office ၊ LinkedIn နဲ့ Dynamics တို့ ဟာ ဒေါ်လာ ၁၀.၂ ဘီလျံ ၊ Windows ၊ Xbox နဲ့ Surface တို့ ကနေ ဒေါ်လာ ၁၀.၇ ဘီလျံ ဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၉ ပထမ ၃ လပတ် ဝင်ငွေဟာ ပျမ်းမှ ၃၀% ဝန်းကျင်စီတက်လာခဲ့တာလည်း ဖြစ်ပါတယ်။

Source; Duwun
Myanmar Advertising Directory