Life Hacks

စီးပွားရေးလုပ်ငန်းများကို အရင်းအနှီး မလုံမလောက်ပဲ တည်ထောင်ပြီးမှ သန်းကြွယ်သူဌေး ဖြစ်သွားကြသူများ

Read 739 times
စီးပွားရေးလုပ်ငန်းများကို အရင်းအနှီး မလုံမလောက်ပဲ တည်ထောင်ပြီးမှ သန်းကြွယ်သူဌေး ဖြစ်သွားကြသူများ

သို့ ပေမယ့်
သင်မျက်လုံးတွေကို အမြင်ကျယ်ကျယ်ကြည့်ခိုင်းပြီး သင်နားတွေကလည်း လူတွေရဲ့ လိုအပ်မှု ကိုနားထောင် နိုင် စွမ်းရှိဖို့ တော့လိုပါတယ် ။ သာဓကအနေနဲ့  ….

၁။ မြန်မာပြည်သား U Philip Maung (ခေါ်) ကိုဘုန်းလွင်
၁၃ဒေါ်လာပဲရှိရာမှ Hissho Sushi ဆိုင်ခွဲပေါင်း ၄၀၀ကျော်ဖွင့်လှစ် နိုင်ခဲ့သူ

phillip maung min

လွန်ခဲ့ သောအနှစ်၂၀ ကျော်လောက်က အမေရိကန်ြပည်ထောင်စုကို ၁၃ ဒေါ်လာနဲ့ ထွက်သွားခဲတဲ့ မြန်မာလူငယ်လေးတစ်ေယာက်ဟာ ယနေ့ အခါမှာဆူရှီဆိုင်လေးရာကျော်ဖွငလှစ် နိုင် နေပြီဆိုရင် စာဖတ်သူတို့ အံ့သြမလားမသိဘူး။ Philip Maung(ခေါ်) ကိုဘုန်းလွင်ကတော့ အဲ့ ဒီလိုအံ့သြစရာဖြစ်အောင်လုပ် ပြခဲ့သူပါပဲ ။ သူအမေရိကန်ကို စရောက်တုန်းက ရရာအလုပ်လုပ် ခဲ့ ပေမယ့်သိပ်မကြာခင်မှာပဲသူရည်ရွယ်ထားတဲ့  စားသောက်ဆိုငိလုပ်ငန်းကို လုပ် ဖြစ် အောင် လုပ်ခဲ့တယ် ။ စစချငးမှာငွေကြေး အခက်အခဲရှိခဲပေမယ့်သူရဲ့ ကြိုးစားအားထုတ်မှု နဲ့ စီမံခန့် ခွဲမှုကြောင့် ဆူရှီဆိုင်လေးရာကျော် ဖွင့်လှစ် နိုင်သည် အထိအောင်မြင်လာခဲ့သူတစ့်  ဦးဖြစ်လာခဲ့ပါတယ်။

၂။ အမေရိကန်ပြည်ဖွား Dan Carney နှင့ Frank Carney
Pizza Hut
သမိုငးတွင်သောမုန့်တစ်ချပ်

piza hut min

၁၉၅၀ ပြည့်လွန်နှစ် တွေမှာDan Carney နှင့် Frank Carney ညီအစ်ကို နှစ် ယောက်ဟာ ကင်းဆပ် ပြည်နယ် Wichita မှာကောလိပ်ကျောင်းတက်နေတုန်း သူတို့ ညီအစ်ကိုနှစ် ဦးအတွက် ကျောင်းစရိတ်ကာမိရုံစိတ်ကူးနဲ့ မရဲတရဲစလုပ်ြဖစ် တာပါ ။ ဒီအလုပ်အတွက် သူတို့ အမေဆီကနေ ဒေါ်လာအနည်းငယ်ချေးယူပြီးမှ ပီဇာလုပ်နည်း အတွေ့ အကြုံ ရှိသူတစ်ဦးကိုရှာပြီး ဖက်စပ်တွဲလုပ် ခဲ့တာပါ ။ အမွှေးအကြိုင်အဆာပလာလေးတွေနဲ့ လတ်လတ်ဆတ်ဆတ်အုပ်ြပီးဖုတ်ထားတဲ့ ပီဇာကို လူအများကကြိုက်နှစ်သက်တာမို့ Pizza Hutဟာ အခက်အခဲပေါငးများစွာ ၊ ပြိုင်ဆိုင် မှုပေါင်းများစွာကို ဖြတ်သန်းရင်း ၁၉၈၆ခုနစ်မှာ ဆိုင်ခွဲပေါင်း ၅၀၀၀ အထိ ဖွင့်လှစ် နိုင် ခဲ့ပါတယ် ။ ၁၉၉၄ ခုနစ်မှာတော့ ကယ်လီဖိုးနီးယားပြည်နယ်ကစပြီး အငတာနက်ပေါ်ကနေ ပီဇာပါဆယ်ထုပ်မှာလို့ ရအောင်ပါ စီစဥ်ခဲ့တဲ့ အတွက်အငတာနက် ရှေ့ ဆောငကုမ္ပဏီတစ်ခုလည်းဖြစလာခဲ့ ပါတယ်။

၃။ ဆော့ဖ်ဝဲအင်ဂျင်နီယာ Pierre Omidyar
eBay
Online Auction Site

Pierre Omidyar eBay min

ယနေ့အွန်လိုင်းပေါ်မှာ နာမည်အကြီးဆုံးဖြစနေတဲ့ eBay လို့ ခေါ်တဲ့  အွန်လိုင်း ဈေးကွက် ကုမ္ပဏီကြီးကို ဆော့ဖ်ဝဲအင်ဂျင်နီယာ Pierre က ၁၅ ဒေါ်လာဆိုတဲ့  မပြောပလောက်တဲ့ ငွေနဲ့ စတင်တည်ထောင်လာခဲ့တာပါ ။ Pierre ကို ပဲရစ်ြမို့ မှာမွေးဖွားခဲ့ပြီး သူ့ မိသားစုဟာ သူ ခြောက်နှစ်သာအရွယ် ၁၉၇၃ ခုနစ်မှာ အမေရိကန် နိုင်ငံ ၀ါရှင်တန် ဒီစီကိုပြောင်းရွေ့ လာခဲ့တာပဲဖြစ်ပါတယ်။ သူဟာငယ်ငယ်ကတည်းက ကွနပျူတာတွေ ၊နည်းပညာရပ်တွေကိုစိတ်ဝင်စားခဲ့ ပြီး BA SIC စနစ် နဲ့  Program ရေးနည်းကို သူ့ ဘာသာသင်ယူ လေ့လာခဲတာပဲဖြစ်ပါတယ်။ Pierre ဟာ ၁၉၈၀ခုနစ်မှာ ဘော်စတွန်မြို့ အနီး ကTufts တက္ကသိုလ်ကနေ ကွနပျူတာသိပ္ပံ အထူးပြု ဘာသာနဲ့ ကျောင်းပြီးခဲ့သူလည်းဖြစပါတယ်။ စီးပွားရေးလုပငန်းရှင် ဖြစ်မယ့် အရည်အချင်းနဲ့ တစ်ခုခုကိုသူများနဲ့ မတူအောင်လုပ်ချင်တဲ့ အာသီသကို စောစောစီးစီးပြု လုပ်ခဲ့တာပဲဖြစ်ပါတယ်။ သူဟာဝက်ဘ်ဆိုဒ်တစ်ခုကို ရေးသားခဲ့ ပေမယ့် လူတွေ ဘာပစ္စည်းတွေရောင်းချင် ၊၀ယ်ချင်မှန်းမသိဘဲနဲ့ သူရဲ့  ၀ဘ်ဆိုဒ်ကိုဖွင့် ခဲ့တာပဲဖြစပါတယ် ။ ဒီဆိုဒ်ကနေပဲ ပစ္စည်းအကျိုးအပဲ့ အဟောင်းလေးတွေကို ပစ္စည်းစုဆောင်းလိုသူတွေဆီကနေ ၀ယ်ယူစုဆောင်းမှုကနေစပြီးယခုအချိန်ကမ္ဘာတစ်ဝန်း ကလူတွေရဲ့ ပစ္စည်းဝယ်ယူ အားပေးမှုကို ရရှိခဲတာပဲဖြစ်ပါတယ်။ ဒီနေ့ ဆိုရင eBay မှာ နေ့စဉ်ပစ္စည်းခုနစ်သန်းကျော်ကိုစာရင်းတင်ထားနိုင် ပြီး ပစ္စည်းအမျိုးပေါင်း ၁၁၂သန်းထဲကနေနှစ်သက်ရာကို အချိန်မရွေး ၀ယ်ယူနိုငတဲ့  ဆိုဒ်တစ်ခုဖြစ် နေပါပြီ ။ သူ့ရဲ့အကြီးမားဆုံးဈေးကွက်ကြီးတစခုကတော့ အမေရိကန်၊ ဗြိတိန် နဲ့ ဂျာမနီတို့ ပဲဖြစပါတယ်။ အခုချိန်မှာ Pierreရဲ့  ချမ်းသာကြွယ်ဝမှု ဟာ ဒေါ်လာ ၁၁.၆ဘီလျံဖြစပြီး Forbes 2018ရဲ့ကမ္ဘာဘီလီယံစာရငးမှာ နံပတ် ၁၂၂ ချိတ်ပါတယ် ။ သူဟာ Honolulu Civil Beat၊ Ulupono Initiative ၊ OmidyarNetwork ၊ First Look Media စတဲ့  ရငးနှီးမြုပ် နှံမှုကုမ္ပဏီတွေနဲ့ မီဒီယာလုပ်ငန်းတွေကိုပါတည်ထောင်ထားသူ ဖြစ်ပါတယ်။

Recommended for u: အောင်မြင်မှုကို ရရှိချင်ရင် ဒါတွေကို ရပ်တန့်ပစ်လိုက်ပါ 

Source:သုတဇုန်